Sunday 27 July 2014

Fire Protection System (7)

Architectural Side

Archi ဘက်မှာလည်း Fire Fighting အတွက် ပြင်ဆင်ရတာတွေ ရှိပါတယ်။ နံရံ (wall) တွေ မျက်နှာကျက် (ceiling)တွေ တံခါးတွေ ပြတင်ပေါက်တွေကို မီးလောင်ခံ (fire rated wall, fire rated ceiling, fire rated window) စသဖြင့် တပ်ဆင်ရတာမျိုးတွေပါ။ ခုနက fire roller shutter ဆိုရင်လည်း archi တွေ ပြင်ဆင်ရတာပါ။ ဒါ့အပြင် fire access way လို့ခေါ်တဲ့ အရေးပေါ်ထွက်ပေါက်တွေ လှေခါးတွေ မီးသက်ကားရပ်ဖို့ နေရာတွေ (fire engine hard standing) စတာတွေကိုလည်း ထည့်သွင်းတွက်ချက် တည်ဆောက်ပေးရပါတယ်။ နောက်တစ်ခါ မီးလောင်တဲ့အခါ မီးသတ်သမားတွေ အထဲဝင်နိုင်ဖို့အတွက် Fireman Access Panel (FAP) လို့ခေါ်တဲ့ ပြတင်းပေါက်တွေလည်း တပ်ဆင်ပေးထား ရပါတယ်။ ဒီပြတင်းပေါက်တွေကို အထဲကဖွင့်လို့ မရဘဲ အဆောက်အဦး အပြင်ဘက်ကသာ ဖွင့်လို့ရပါတယ်။ မီးသတ်သမားသုံး ပြတင်းပေါက်ပဲ ဖြစ်ပါတယ်။ အထဲမှာ လူတွေ ပိတ်မိနေတဲ့အခါမျိုး တွေမှာလည်း အဲဒီအပေါက်ကနေ ၀င်ရောက်မီးငြိမ်းရပါတယ်။ 

ကျွန်တော်တို့ နံရံ (wall) တွေမှာ brick wall, normal partition wall, fire rated partition wall စသဖြင့် ရှိရမှာ အဲဒီ wall တွေထဲမှာ M&E service တွေ အထူးသဖြင့် electrical system အတွက် conduit မြှုတ်ရာမှာ fire rated partition wall ဆိုရင် အထဲမှာ ထည့်မြှုတ်ခွင့် မရှိတော့ပါဘူး။ ဒါလေးက သတိထားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။

တစ်ခုသတိထားရမှာက Fire Protection System ဟာ M&E scope ဖြစ်ပေမယ့် Fire Hydrant, Fire Extinguisher, Hosereel နဲ့ Dry Riser တို့ရဲ့ တပ်ဆင်ရမယ့် နေရာတွေကို Architect က သတ်မှတ်ပေးတာပါ။ M&E က သူ့ကိုပဲ follow လုပ်ရပါတယ်။ 

ကဲ အဲဒီတော့ ဒီလောက်စနစ်ပေါင်းများစွာ တပ်ဆင်ပြီး ကာကွယ်ထားတာ စိတ်ချရပြီလားဆိုတော့ စိတ်မချရသေးပါဘူး။ ရိုးရိုးသာမန်မီးကိုတော့ လုံးဝနီးပါး ကာကွယ်နိုင်တယ်လို့ ပြောနိုင်ပေမယ့် ငလျှင်လှုပ်လို့ မီးလောင်တာမျိုးမှာ အပြင်က ယူရမယ့်ရေပိုက်တွေအကုန်လုံး ပျက်စီးကုန်တဲ့အခါ မီးသက်ကားတွေ မီးသက်သမားတွေ လွယ်ကူစွာ မလာနိုင်တော့တာ လာနိုင်ပေမယ့် ရေမရနိုင်တဲ့အခါမျိုးတွေလည်း ရှိတက်ပါတယ်။ ဒါတောင် မီးသက်ကန် sprinkler tank ဟာ အဆောက်အဦးတစ်ခုလုံးကို ၂ နာရီကြာဖြန်းနိုင်တဲ့ရေပမာဏ သိုလှောင်နိုင်အောင် ဒီဇိုင်းရေးထားရတာဖြစ်ပါတယ်။ ဒါပေမယ့် ငလျှင်လှုပ်တဲ့အခါ သူလည်းပဲ လောကီသားမို့ သွားရတာပါပဲ။ အဲဒီလို မီးသက်သမားလည်း မကယ်နိုင်အခြေအနေတွေအတွက် ဘယ်လိုလုပ်မလဲဆိုတော့ အကောင်းဆုံးကာကွယ်နည်းကိုတွေ့ရှိခဲ့ပါတယ်။

အဲဒါကတော့ အာမခံထားလိုက်ခြင်းဖြစ်ပါတယ်။ အဆောက်အအုံတစ်ခု တည်ဆောက်နေဆဲရော တည်ဆောက်ပြီးနောက်ပိုင်းပါ အာမခံထားရပါတယ်။ အာမခံထားတယ်ဆိုလို့ လွယ်လွယ်ထားလို့ ရတယ်လို့တော့ မထင်လိုက်ပါနဲ့။ စင်ကာပူမှာ တချို့သော စက်ရုံတွေမှာတပ်ဆင်ထားတဲ့စနစ်တွေဟာ စင်ကာပူအစိုးရက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေထက် ပိုမိုတင်းကျပ်တာတွေ ရှိပါတယ်။ အဓိက က အဲဒီ အာမခံကုမဏီတွေရဲ့ သတ်မှတ်ထားတဲ့ စနစ်တွေပဲဖြစ်ပါတယ်။ အာမခံကုမဏီကလည်း ဆောက်လုပ်တဲ့အချိန်လေးမှာပဲ စစ်ဆေးတာမဟုတ်ပါဘူး။ တောက်လျှောက် စစ်နေတာပါ။ သူတို့ကတော့ audit ၀င်တယ်လို့ပြောပါတယ်။ ဘာပဲပြောပြော အာမခံပါထားလိုက်ပြီဆိုရင်တော့ သူ့ဘာသာ မီးပဲလောင်လောင် ငလျင်ပဲလှုပ်လှုပ် ဖြစ်ချင်ရာဖြစ် ရင်ခုန်စရာ စိုးရိမ်စရာမလိုတော့ပါဘူး။ ကဲ အခုဆိုရင်တော့ လုံးဝပြည့်စုံတဲ့ မီးဘေးကာကွယ်ရေးစနစ်ကို ရရှိသွားပြီဖြစ်ပါတယ်။

No comments:

Post a Comment