Saturday 19 July 2014

Fire Protection System (4)

         Fire Hydrant System

Fire Hydrant  system ကတော့ အစိုးရက တစ်မြို့လုံး အနှံ့ ဖြန့်ကျက်ပြေးဆွဲထားတဲ့ မီးသက်ပိုက်စနစ်ပဲဖြစ်ပါတယ်။ လမ်းတိုင်းမှာ မီတာ ၁၀၀ အကွာတိုင်းမှာ အဲဒီ Fire Hydrant pole တစ်ခုစီ ရှိတက်ပါတယ်။ အဆောက်အဦးတွေထဲမှာလည်း အဲဒီလိုပါပဲ။အနည်းဆုံး မီတာ 100 တိုင်းမှာ တစ်ခုစီ ရှိရမှာဖြစ်ပါတယ်။




မီးလောင်မှုဖြစ်ရင် ကျွန်တော်တို့ဆီမှာ မီးသက်ကားရေဖြည့်ဖို့ မီးသက်ကန်ဆိုပြီး ရေအဆင်သင့် လှောင်ထားပေးသလိုမျိုးပါပဲ။ ဒီမှာလည်း မီးလောင်မှုဖြစ်ရင် မီးသက်ကားကို ရေဖြည့်ပေးဖို့ အဓိက ရည်ရွယ်ပါတယ်။ အဲဒါမှ မီးသတ်ကားတွေအနေနဲ့ ရေဖြည့်နေရလို့ အချိန်နောက်ကျတာတို့ ရေကုန်သွားလို့ ပြန်သွားရတာမျိုးတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခါ အပေါ်က dry riser system မှာ ကျွန်တော်ပြောခဲ့သလိုပါပဲ dry riser  ပိုက်တွေနဲ့ sprinkler  ပိုက်တွေကို ရေဖြည့်ဖို့ရာမှာလည်း သုံးနိုင်ပါတယ်။




ပိုက်တွေဆင်တဲ့အခါမှာတော့ မြေအောက်ပိုက်တွေဖြစ်တဲ့အတွက် hunching ကွန်ကရစ်လောင်းရပါတယ်။ ကွန်ကရစ်မလောင်းခင် ပိုက်အဆက်တွေ ရေယိုစိမ့်မှု ရှိမရှိ သိနိုင်ဖို့ pressure test အရင်လုပ်ရပါတယ်။ 200 PSI လောက်ကို 24 နာရီ အထိထားပြီး လုပ်တာဟာ စိတ်အချရဆုံးဖြစ်ပါတယ်။ တစ်ခါတစ်လေ အချိန်မရလို့ schedule အရမ်းကျပ်နေလို့ရှိရင် ၂ နာရီလောက်ထားတာမျိုးလည်း လုပ်ကြပါတယ်။ ၂၄ နာရီထားတဲ့အခါမျိုးမှာ ဖိအားအနည်းငယ်ကျတာကို ၅ ရာခိုင်နှုန်းထက် မများရင် လက်ခံပြီး ၂ နာရီထဲ စမ်းသပ်တာဆိုရင်တော့ လုံးဝ ကျလို့ မရပါဘူး။ တခါတလေ ဖိအားက မကျတဲ့အပြင် တက်နေတာမျိုးတွေလည်း ရှိတက်ပါတယ်။ 
အပူချိန်အပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ် စ မှတ်တဲ့အချိန်မှာ ရာသီဥတုက အေးနေပြီး နောက်တစ်ကြိမ်လာတိုင်းတဲ့အချိန်မှာ ရာသီဥတုက ပူနေရင် ဖိအားလည်း လိုက်တက် တတ်ပါတယ်။ အဲဒီလို pressure test လုပ်ပြီးလို့ ရေယိုစိမ့်မှု မရှိဘူး တနည်း ဖိအားမကျဘူးဆိုရင် ခုနကပြောတဲ့ ပိုက်တစ်ခုလုံးကို hunching လို့ခေါ်တဲ့ ကွန်ကရစ်လောင်းရပါတယ်။

နောက်တစ်ခု သတိထားရမှာက ပိုက်ဟာ မြေပြင်(finishing level) အောက် 1m~1.2m ကြားသာ ရှိရပါမယ်။ သူ့ထက် နိမ့်/မြင့် လို့ မရပါဘူး။ hunching လုပ်ပြီးလို့ မြေပြန်မဖို့ခင်မှာ corel dust လို့ခေါ်တဲ့ သဲလိုမျိုး ကျောက်မှုန့်တစ်လွှာ ခံထားလေ့ရှိပါတယ်။ ဒီကျောက်မှုန့်တွေဟာ အပေါ်က ဖိအားဒဏ်ခံနိုင်စေသလို နောက်ပိုင်း အကြောင်းတစ်ခုခုကြောင့် မြေတူးကြတဲ့အခါ ဒီအလွှာကိုတွေ့ရင် အောက်မှာ တခြား service တစ်ခုခု ရှိနေပြီလို့ သိနေနိုငိလို့ဖြစ်ပါတယ်။

Testing and commissioning


Fire Hydrant ကို flow test, static/running pressure test လုပ်ရန် ပြင်ဆင်ထားပုံ

ပုံမှာ ပြထားတာကို ကြည့်ရင် 2 ways fire hydrant ရဲ့ nozzle ၂ခုအနက် တစ်ခုမှာ pressure gauge တစ်ခုတည်းပဲ တက်ထားပြီး နောက်တစ်ဘက်မှာတော့ pressure gauge အပြင် စတီးပိုက်အလျားလိုက် တစ်ခုနဲ့ အဲဒီအလျားလိုက်ပိုက်ရဲ့ အပေါ်မှာ ဒေါင်လိုက် ပိုက်တစ်ချောင်းကို သေသေချာချာ ကြည့်ရင် မြင်နိုင်ပါတယ်။ pressure gauge က ပိုက်ထဲက ရေဖိအားကို တိုင်းတာဖို့ဖြစ်ပြီး စတီးပိုက်နဲ့ ဒေါင်လိုက်ပိုက်က ရေထွက်နှုန်း flow rate ကို တိုင်းဖို့ပဲဖြစ်ပါတယ်။ RI (registered inspector) စစ်ဆေးချိန်မှာ ကျိန်းသေစစ်ဆေးလေ့ရှိပါတယ်။

ရှေ့တည့်တည့်က အပေါက်ထဲမှာ ရေအဖွင့်အပိတ်လုပ်ဖို့ gate valve ရှိပြီး မီးသတ်သမားလာတဲ့အခါမှာ အဲဒါကိုဖွင့်ဖို့ အဲဒီ key အချောင်းကြီးလည်း ပါလာမှာဖြစ်ပါတယ်။ hydrant pillar မှာ FH2-3 လို့ရေးထားတဲ့အတွက် ဒီအဆောက်အဦးမှာ hydrant စုစုပေါင်း သုံးခုရှိပြီး ဒါက ဒုတိယမြောက်လို့ ဆိုလိုပါတယ်။ ဒီ Fire Hydrant နဲ့ Dry Riser System တို့ဟာ မီးသတ်သမားသုံးဖို့ပဲ ရည်ရွယ်ပါတယ်။ ၀န်ထမ်းတွေနဲ့ Facility ပိုင်းက လူတွေအနေနဲ့ Fire Extinguisher နဲ့ အများဆုံး hosereel system တို့လောက်ပဲ သုံးပါတယ်။ အဲဒါမှ မီးမနိုင်ရင် မီးသတ်ဌာနကို အကြောင်းကြားပြီး ကိုယ်က ထွက်သွားရ မှာဖြစ်ပါတယ်။ well trained, professional တွေဖြစ်တဲ့ မီးသတ်သမားတွေပဲ ဆက် အလုပ်လုပ်ပါလိမ့်မယ်။

No comments:

Post a Comment