Wednesday 30 July 2014

Building Management System (BMS) (2)

Main Switch Board အပိုင်းကို ကြည့်တဲ့အခါမှာ




MSB မှာ အ၀င် ၂ လိုင်းရှိပါတယ်။ အဲဒီအ၀င်လိုင်း ၂ ခုရဲ့ အဖွင့်အပိတ် အခြေအနေ (on/off status)၊ Trip ဖြစ်နေလား စသဖြင့်ကိုလည်း စောင့်ကြည့်နိုင်ပါတယ်။ အောက်ဆုံးက busbar coupler ဆိုတာက နည်းနည်း ရှင်းပြဖို့ လိုပါတယ်။ ခုနက အ၀င်လိုင်း ၂ ခုက MSB ရဲ့ တစ်ဘက်တစ်ချက်စီမှာ ရှိပြီး သူ့အပိုင်းနဲ့သူ serve လုပ်ပါတယ်။ ဓာတ်အားပေးပါတယ်။ ဥပမာ အ၀င်းလိုင်း အမှတ်တစ်က အဲကွန်းရဲ့ chiller, AHU စတာတွေကို ပါဝါပေးပြီး နောက်တစ်ခု အမှတ်နှစ်က သာမန် lighting, power တွေကို ပေးတယ်ဆိုပါတော့။ သူတို့နှစ်ခုက ဆက်စပ်မှု မရှိပါဘူး။ သူ့အပိုင်း သူပေးနေတာပါ။ တကယ်လို့ လိုင်းတစ်လိုင်း ကျသွား (off) ဖြစ်သွားတဲ့အခါမှ ဒီ busbar coupler က သူတို့လိုင်း ၂ ခုကို ဆက်ပေးပြီး တစ်လိုင်းတည်းနဲ့ နှစ်ဘက်ကို လုပ်ခိုင်းတာပါ။ သူက ပုံမှန်အားဖြင့် off အခြေအနေမှာ ရှိနေပြီး တစ်ခုခု လိုင်းကျသွားမှသာ သူက activate ဖြစ်ပြီး on stage အခြေအနေ ဖြစ်လာမှာဖြစ်ပါတယ်။

သူ့အတွက်လည်း power meter တွေ သီးခြားတပ်ဆင်ပေးထားပါသေးတယ်။ အဲဒါကြောင့် ပါဝါမီတာဟာ အ၀င် HT panel မှာ တစ်ခု နောက် PG ကသူတို့ဖတ်ဖို့လာတက်ထားတဲ့ power meter chamber ထဲမှာ တစ်ခု နဲ့ ခု MSB ထဲမှာ တစ်ခု စုစုပေါင်း သုံးခု ရှိလာပြီးဖြစ်ပါတယ်။ ဖြစ်ရမှာက အဲဒီသုံးခုလုံးရဲ့ meter reading ဟာ တူညီရမှာ ဖြစ်ပါတယ်။

ဒီ MSB ဟာလည်း ခုနက HT panel လိုပါပဲ။ စောင့်ကြည့်လို့ပဲ ရပြီး ပြုပြင်တာ ထိန်းချုပ်တာတွေ လုပ်ခွင့်မရပါဘူး။ သူကတော့ LV (low voltage) အပိုင်းရောက်လာပြီဖြစ်လို့ သူ့ရဲ့အထွက်ပိုင်းကို LEW (License Electrical Worker) လောက်က စမ်းသပ်ခွင့် ကိုင်တွယ်ခွင့် ရှိလာပါတယ်။ ဒါတောင် သိပ်ဗို့အားမပြင်းတဲ့ အထွက်တွေကိုပါ။ MSB အ၀င်ကိုတော့ LEW လည့်း ကိုင်တွယ်ခွင့် မရှိပါဘူး။


ဆက်ပြီး EMSB (Emergency Main Switch Board) ကို ဆက်ကြည့်မယ် ဆိုရင်



EMSB ရဲ့ Main Incoming က MSB က လာတာပါ။ incoming တစ်ခုပဲ ရှိပါတယ်။ သူ့မှာက အဖွင့်အပိတ် (on/off status) နောက် Trip alarm နဲ့ သီးခြား power meter တစ်ခု ရှိတဲ့အတွက် အဲဒါကို ဖတ်နိုင်ရမှာ ဖြစ်ပါတယ်။ နောက် auto transfer switch ဆိုတာက ပုံမှန်အခြေအနေ (normal) ကနေ MSB ကနေ ပါဝါမလာနိုင်တော့တဲ့အခါမျိုးမှာ Generator ကနေ ပါဝါကို ပြောင်းယူဖို့ အလိုအလျောက် လုပ်ပေးတဲ့ ခလုပ်လေးတစ်ခုပဲဖြစ်ပါတယ်။ အဲဒီအတွက် သူ (EMSB) နဲ့ Generator ကြားမှာ sensing cable လို့ခေါ်တဲ့ အချက်ပေး ကေဘယ်လ်တစ်ချောင်း သက်သက်ပြေးထားရပါတယ်။ MSB က ပါဝါ ၀င်/မ၀င် ကို အဲဒီကြိုးလေးက Generator ကို အကြောင်းကြားပေးပါတယ်။ မ၀င်ဘူးဆိုတာနဲ့ Generator က စ အလုပ်လုပ်ပါတယ်။

အဲဒီအချိန်မှာ ဒီ auto transfer switch လေးက ON သွားပြီး (auto transfer switch)supply 2 ဖြစ်တဲ့ generator power နဲ့ ဆက်ပြီး အားပေးပါတယ်။ အဲဒီအချိန်မှာ MSB ကလာတဲ့ (auto transfer switch) supply 1 က OFF ဖြစ်ရမှာပါ။ စင်ကာပူ standard အရ MSB က မီးပျက်လို့ 15 seconds အတွင်း Generator power ပြန်လာရမှာဖြစ်ပါတယ်။ ဆိုလိုတာက အများဆုံး မီးပျက်ချိန်ဟာ 15s ပဲ ရှိရမှာဖြစ်ပါတယ်။ (RI လို့ခေါ်တဲ့ Registrar inspector စစ်ဆေးတဲ့အချိန်မှာ ဒါကို သေသေချာချာ စစ်ဆေးလေ့ရှိပါတယ်။ MSB ကနေ shutdown လုပ်လိုက်လို့ Generator က 15s အတွင် (kick in) စ မလည်ဘူးဆိုရင် RI က defect အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။) မီးပျက်တယ်ဆိုပေမယ့် လုံးဝ ပျက်တာ (total power failure) ဖြစ်တာမဟုတ်ပါဘူး။ တချို့အရမ်းအရမ်း အရေးကြီးတဲ့ စက်တွေအတွက် UPS (uninterruptable power supply) ခေါ် ဘက်ထရီတွေနဲ့ ချိတ်ထားတဲ့အတွက် အဲဒီ UPS နဲ့ဆက်ထားတဲ့ စက်တွေက လုံးဝကို မပျက်နိုင်ပါဘူး။ များသောအားဖြင့် ဆာဗာခန်း (server room) တွေ နောက် IDF/MDF (intermediate/main distribution frame) တွေ ငွေကြေးကိုင်တွယ်နေရတဲ့ ကောင်တာတွေမှာ မဖြစ်မနေ ထားလေ့ရှိပါတယ်။  ဒါ့အပြင် တချို့ lighting တွေမှာလည်း battery pack light တွေ တပ်ဆင်ထားလေ့ရှိတာကြောင့် မီးပျက်သွားရင် battery နဲ့ ဆက်အလုပ်လုပ်လို့ လုံးဝမှောင်ကျသွားတာမျိုး မရှိနိုင်ပါဘူး။

သူနဲ့ဆက်စပ်နေတဲ့ Generator ပိုင်းကို  ဆက်ကြည့်ရင်တော့



ပြထားတဲ့အတိုင်းပဲ ပထမ လည်နေလား ရပ်နေလား (run/stop) နောက် common alarm .

ပြီးတော့ low battery voltage ၊ သူကတော့ generator စလည်ဖို့အတွက် spark ပေးဖို့ နောက် generator အတွင်း Lighting အတွက်ထားတဲ့ battery အားနည်းနေလားဆိုတာကို ပြတာပါ။ အားနည်းနေရင် အပေါ်က common alarm ပါ ပေးမှာဖြစ်ပါတယ်။ နောက် လောင်စာပမာဏ (fuel) နည်းနေလား (Low level) ပိုလျှံနေလား  (high level) စိမ့်ထွက်နေလား (leakage) စသဖြင့် ကြည့်လို့ရပါတယ်။ နည်းနေတယ် ပိုနေတယ် စိမ့်နေတယ်ဆိုရင် common alarm ပေးမှာဖြစ်ပါတယ်။ ဒီမှာလည်း monitoring ပဲလုပ်နိုင်ပြီး control မလုပ်နိုင်ပါဘူး။ Generator run ပြီးဆိုရင်တော့ သက်ဆိုင်သူတွေဆီကို sms ပို့ပေးပါတယ်။

Building Management System (BMS) (1)

BMS (Building Management System) or BAS (Building Automation System)

ညဘက် အိပ်ပျော်သွားလို့ မီးမပိတ်မိတာ၊ ခြံထဲက မီးတွေ မဖွင့်မိတာ၊ မနက်ခင်း စောစောထွက်လာခဲ့လို့ ကတိုက်ကရိုက် ထွက်လာခဲ့လို့ အဲကွန်းပိတ်ဖို့ မေ့ကျန်နေခဲ့တာ စတာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အဖြစ်တွေပဲ ဖြစ်ပါတယ်။ အဲဒီအတွက် စိတ်အနှောက်အယှက်ဖြစ်ရသလို မီတာခ စသဖြင့် စရိတ်စကတွေလည်း တက်လာပါတယ်။ ဒါက ကျွန်တော်တို့ ရိုးရိုးအိမ်တစ်လုံးအတွက်လောက်ကို ပြောတာပါ။ ကြီးမားတဲ့ စက်ရုံတွေ ရုံးခန်းတွေအတွက်ဆိုရင် ပြသနာတွေက တပုံရယ်မှ တခေါင်းပါပဲ။ အဲဒီအတွက် facility management ၀န်ထမ်းတွေ ခန့်ထားနိုင်ပေမယ့် သိပ်ကြီးမားတဲ့ အဆောက်အဦး အတွက်ဆိုရင် အဆင်ပြေဖို့ သိပ်မလွယ်ပါဘူး။ အခန်းပေါင်းများစွာ စက်ပေါင်းများစွာ မီးတွေ အဲကွန်းတွေကို သူ့အချိန်နဲ့သူ ထိန်းချုပ်ဖို့ အလုပ်လုပ်လား မလုပ်လားစောင့်ကြည့်ဖို့ BMS/BAS စနစ်တွေ လိုအပ်လာတာဖြစ်ပါတယ်။ ဒီနေရာမှာ BMS/BAS system တွေအနေနဲ့ တချို့သော service တွေကို စောင့်ကြည့် (monitoring) ပဲလုပ်နိုင်ပြီး တချို့ကိုတော့ အဖွင့်အပိတ် စသဖြင့် command (အမိန့်ပေးခိုင်းစေ) နိုင်ပါတယ်။

ဘယ်အခန်းက ၀န်ထမ်းတွေက ဘယ်အချိန်က ဘယ်အချိန်ထိ အလုပ်ချိန်လဲ။ အဲဒီအချိန်အတွင်း မီးတွေ ဖွင့်ထားဖို့ အဲဒီအချိန်ကျော်ရင် မီးအလိုအလျောက်ဖြတ်ဖို့ timer တွေ လိုမှာဖြစ်ပါတယ်။ စင်ကာပူလို မီတာခ ဈေးခေါင်ခိုက်နေတဲ့ နိုင်ငံမှာ ဒီဟာတွေဟာ တော်တော့်ကို ငွေချွေတာရာရောက်ပါတယ်။ နောက်တစ်ခါ အစိုးရကိုယ်တိုင်ကလည်း အဲဒီလို အစီအစဉ်မျိုးကို အားပေးပြီး ဒီလိုစနစ်မျိုးရှိတဲ့စက်ရုံတွေ ကုမ်ပဏီတွေကို အခွန်လျော့ပေးတာမျိုးနဲ့ ဆွဲဆောင်တာမျိုးတွေ လုပ်ပေးပါတယ်။ အဲဒီအတွက် ကုမဏီတွေအနေနဲ့ ၂ ခါပြန် သက်သာစေပါတယ်။ Green mark scheme လို့ခေါ်ပါတယ်။

BMS/BAS system က ထိန်းချုပ်စောင့်ကြည့်လေ့ရှိတဲ့ အချက်တွေကို trade (electrical, acmv, fire, p&s) တစ်ခုချင်းအလိုက် လေ့လာကြည့်ပါမယ်။ ဒါတွေက အလယ်အလတ်အဆင့်ရှိ စက်ရုံ ၂ ခုကနေ ယူပါတယ်။ တစ်ခုက နှလုံးအဆို့ရှင်အတုတွေ ထုတ်လုပ်ပေးတဲ့ စက်ရုံတစ်ခုဖြစ်ပြီး နောက်တစ်ခုက ကမာကျော် ကွန်ပျူတာတွေ ပရင်တာတွေ ထုတ်တဲ့ ကုမဏီတစ်ခုရဲ့ မင်စက်ရုံပဲ ဖြစ်ပါတယ်။

Electrical System
ဒီပရောဂျက် ၂ ခုလုံးမှာ Electrical System အတွက် ထိန်းချုပ်ပြီး command ပေးလို့ ရတာမျိုး မရှိပါဘူး။ အကုန်လုံးက monitoring စောင့်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ တချို့သော ပရောဂျက်တွေမှာ lighting တွေကို အဖွင့်အပိတ် (on/off) အလင်းအမှိန်(dimming system) တွေကို ထိန်းချုပ်တဲ့အထိ အသုံးပြုပါတယ်။ ဒီပရောဂျက် ၂ ခုလုံးမှာတော့ အဲဒါမျိုးတွေ မရှိပါဘူး။ ခု Electrical System အောက်မှာ သူတို့ စောင့်ကြည့်မယ့် facility တွေကို ကြည့်တဲ့အခါ

1. High Tension
2. Main Switch Board
3. EMSB (Emergency Main Switch Board)
4. Generator တွေပဲ ဖြစ်ပါတယ်။





တစ်ခုချင်းစီအလိုက် စောင့်ကြည့်တဲ့ data အချက်တွေကို ကြည့်လိုက်ရင် High Tension ကို ကြည့်တဲ့အခါမှာ

      


ဒီ high tension အပိုင်းမှာ high tension panel, transformer, battery charger for HT panel နဲ့ power meter တို့ပါဝင်ပါတယ်။

 high tension panel မှာ အ၀င်လိုင်း incoming feeder ၂ ခုရှိပါတယ်။ တစ်ခုစီရဲ့ အဖွင့်အပိတ် (on/off status), Trip ဖြစ်နေလား မဖြစ်လား နဲ့ ပါဝါမီတာ တွေကို ဖတ်လို့ရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းဟာ အရမ်းအရေးကြီးတဲ့ အချက်တွေဖြစ်တဲ့အတွက် တစ်ခုခု ပြသနာဖြစ်ခဲ့ရင် ဥပမာ လိုင်း ၂ လိုင်းအနက် တစ်လိုင်း ကျသွား(off) ခဲ့ရင်ဖြစ်စေ trip ဖြစ်ခဲ့ရင်ဖြစ်စေ အောက်မှာ alarm မည်မယ့်အပြင် သတ်မှတ်ထားတဲ့သူတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေဆီကိုပါ sms ပို့ပေးမှာ ဖြစ်ပါတယ်။ နောက် ပါဝါမီတာမှာလည်း မီတာဘယ်လောက် သုံးပြီးသွားပြီဆိုတာကို ပြပေးမှာဖြစ်ပါတယ်။ လအလိုက် နှိုင်းယှဉ်ချင်ရင် ဒါမှမဟုတ် နေ့စဉ်အသုံးကို ကြည့်ချင်ရင်လည်း ဂရပ်graph နဲ့ ပြပေးနိုင်ပါတယ်။ ဒါ့အပြင် အောက်ဆုံးအကွက်မှာလည်း အ၀င်တစ်ခုစီမှာ ရှိနေတဲ့ current, voltage, KWH, KW အကုန်လုံးကို ပြပေးထားလို့ တစ်ချက်ကြည့်လိုက်ရုံနဲ့ အားလုံးကို သိသွားနိုင်မှာ ဖြစ်ပါတယ်။


ဒါ့အပြင် တခြား High tension ဖြစ်တဲ့ transformer မှာဆိုရင်လည်း အဖွင့်အပိတ် (on/off status) အခြေအနေ၊ trip ဖြစ်မဖြစ်၊ ဖြစ်ခဲ့ရင် temperature အပူများလို့ ဖြစ်တဲ့ temperature trip လား pressure ဖိအားများလို့ဖြစ်တဲ့ pressure trip လားဆိုတာကို သိနိုင်ပါတယ်။ ဒီအပိုင်းကအချက်တွေ အကုန်လုံးက monitoring (စောင့်ကြည့်) ဖို့ပဲရပါတယ်။ ဘာကိုမှ control (ထိန်းချုပ်) တာ ပြောင်းလဲတာ လုပ်လို့မရပါဘူး။ ဒီ HT panel ဟာ အရမ်းဗို့အားများပြီး အရမ်း အနရာယ်များတဲ့အတွက် PE (Professional Engineer) အဆင့်လောက်မှပဲ ကိုင်တွယ်တာ စမ်းသပ်တာ လုပ်ခွင့်ရှိပါတယ်။

Sunday 27 July 2014

Electrical (5)

Lightning Protection System

ကမာပေါ်မှာ တစ်စကန့်တိုင်းကို မိုးကြိုးအချက်ပေါင်း ၄၀ ကနေ ၅၀ အတွင်းပစ်နေပြီး တစ်နှစ်ဆိုရင် အကြိမ်အရေအတွက် 1.4 ဘီလီယံလောက် အထိ ပစ်နေပါတယ်။ မိုးကြိုးပစ်တယ်ဆိုတာ တကယ်တော့ တိမ်တိုက်တွေထဲမှာ ပေါ်ပေါက်နေတဲ့ လျှပ်စစ်ဓာတ်တွေဟာ အဖိုနဲ့ အမ၊ အမနဲ့ အဖို အပြန်အလှန် ဆွဲငင်ကြပြီး ထိတွေ့တဲ့အချိန်မှာ ဖြစ်တဲ့ ပေါက်ကွဲမှုပဲ ဖြစ်ပါတယ်။

ဒီလိုဆွဲငင်ကြတဲ့နေရာမှာ တိမ်တိုက်တစ်ခုတည်းအတွင်းမှာပဲ အဖိုနဲ့ အမတို့ ဆွဲငင်ကြတာ (Intra cloud, IC) ရှိသလို၊ တိမ်တိုက်တစ်ခုနဲ့ တစ်ခုကြား (Cloud to cloud, CC)၊ တိမ်တိုက်နဲ့ ကမာမြေအကြား (cloud to ground, CG)စသဖြင့် ဆွဲငင်ကြတာတွေလည်း ရှိပါတယ်။  (Lightning is a massive electrostatic discharge between the electrically charged regions within clouds or between a cloud and the surface of a planet.)  အဲဒီသုံးမျိုးထဲမှာ အဖြစ်အများဆုံးက ပထမနှစ်ခုဖြစ်တဲ့ IC, CC တို့ပဲဖြစ်ပြီး ကျွန်တော်တို့ကို ဒုကအပေးဆုံးကတော့ နောက်ဆုံးတစ်ခုဖြစ်တဲ့ CG ပဲဖြစ်ပါတယ်။ မိုးကြိုးပစ်သမျှရဲ့ 25ရာခိုင်နှုန်းကသာ တိမ်တွေနဲ့မြေပြင်အကြား CG ပစ်နေခြင်း ဖြစ်ပါတယ်။

မိုးကြိုးပစ်တဲ့နေရာမှာ  positive lightning နဲ့ negative lightning ဆိုပြီး ရှိပါသေးတယ်။ negative lightning ပစ်တဲ့အခါမှာ လျှပ်စီးပမာဏဟာ 30 000 A ကနေ 120000 A အထိ ရှိတက်ပြီး၊ positive lightning ပစ်တဲ့အခါမှာ 300 000 A အထိ ရှိနိုင်ပါတယ်။ positive lightning ဟာ ပြင်းထန်သလို ပစ်လည်း ပစ်ခဲပါတယ်။ မိုးကြိုးပစ်သမျှရဲ့ 5 ရာခိုင်နှုန်းသာ positive lightning ပစ်ခြင်း ဖြစ်ပါတယ်။ လေယာဉ်ပျံတွေအနေနဲ့ negative lightning ကို ကာကွယ်နိုင်ပေမယ့် positive lightning ကိုတော့ မကာကွယ်နိုင်ဘူးလို့ ဆိုပါတယ်။ 1963 ခုနှစ်မှာ ပေါက်ကွဲပြီး ပျက်ကျခဲ့တဲ့  Pan Am Flight 214, a Boeing 707 အတွက် လက်သည်တရားခံဟာ ဒီ positive lightning ဖြစ်နိုင်တယ်လို့လည်း ယုံကြည်ထားကြပါတယ်။  အမြန်နှုန်းကတော့ အလင်းရဲ့အမြန်နှုန်းဖြစ်တဲ့ 1×108 m/s ၀န်းကျင်ပဲဖြစ်ပါတယ်။ တခါ ပစ်တဲ့ ကြာချိန်ကလည်း အရမ်းကို မြန်ဆန်ပြီး တစ်စကန့်ကို အပုံတစ်သန်းပုံမှ ၁၀ ပုံလောက်ပဲရှိပါတယ်။ တစ်နေရာထဲကိုပဲ သုံးလေးချက်ကနေ အချက် ၃၀လောက်ထိ ဆက်တိုက် ပစ်တာမျိုးလည်း ရှိပါတယ်။  အောက်က ပုံကတော့ တစ်နှစ်ကို 1km2 ဧရိယာအတွင်း မိုးကြိုးပစ်နိုင်တဲ့ အရည်အတွက်ကို ဒေသအလိုက် ပြထားခြင်းပဲဖြစ်ပါတယ်။

World map showing frequency of lightning strikes, in flashes per km² per year (equal-area projection), from combined 1995–2003 data from the Optical Transient Detector and 1998–2003 data from the Lightning Imaging Sensor.

Lightning Protection System equipment and installation 


Lightning tape အဖြစ်အသုံးပြုရာမှာ copper နဲ့ aluminum ကို အသုံးပြုကြပြီး earth pit ကနေ test link box အထိကိုပဲ copper tape ကို အသုံးပြုပြီး အပေါ်ပိုင်းကိုတော့ aluminum tape ကို အသုံးပြုတက်ပါတယ်။ ဈေးသက်သာတာအပြင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး copper လို ကြေးညှိတက်ခြင်း မရှိလို့လည်း ဖြစ်ပါတယ်။ တချို့သော အဆောက်အဦးတွေမှာတော့ earth pit တစ်ခုနဲ့တစ်ခုကို copper bare cable နဲ့ ပတ်လည်ဆက် looping ခြင်းအားဖြင့် resistivity ကို ပိုလျော့အောင် ပြုလုပ်ထားလေ့ရှိပါတယ်။ 

Lightning protectionလုပ်တဲ့အခါမှာ အဆောက်အဦးရဲ့ အမြင့်ဆုံးအပိုင်းတွေမှာ air terminal လို့ခေါ်တဲ့ တိုင်လေးတွေကို တပ်ဆင်ပြီး သူတို့အချင်းချင်းကြားမှာ ခုနကပြောတဲ့ copper or aluminum tape တွေနဲ့ အလျားလိုက် အနံလိုက် ဆက်ထားပါတယ်။ ဒီ air terminal လေးတွေကို lightning arrestor  လို့လည်း ခေါ်ပါတယ်။ သူက မိုးကြိုးပစ်တာ တစ်နည်းအားဖြင့် ကောင်းကင်က လျှပ်စစ် အဖို/အမ နဲ့ မြေပြင်က အဖို/အမတို့ကြား  copper/aluminum tape တွေကနေတစ်ဆင့် တိုက်ရိုက်စီးနိုင်အောင် လွယ်ကူစွာ စီးနိုင်အောင် ဆက်ပေးထားတာပါ။  အဲဒီ copper/aluminum tape တွေဟာ လျှပ်စစ်ခုခံနိုင်အား (resistivity) အနိမ့်ဆုံး သတုတွေပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီ air terminal တွေရဲ့ ကာကွယ်ပေးနိုင်တဲ့ ဧရိယာ (coverage area) က 45 ဒီဂရီလို့ ဆိုပါတယ်။ သူ့အောက် 45 ဒီဂရီအတွင်း မိုးကြိုးပစ်တာကို သူက ကာကွယ်ပေးနိုင်ပါတယ်။

Test Link Box လေးတွေကတော့ ဒီ lightning protection system မှာရှိတဲ့ resistivity ကို စမ်းသက်လို့ ရအောင် ထားထားပေးတာဖြစ်ပါတယ်။ သူက မရှိမဖြစ်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ သူ့ကို မထားပဲ earth pit ကနေပဲ စမ်းတာတွေလည်း ရှိပါတယ်။ အဲဒီ earth pit ကတော့ earth rod လေးတွေ မြေကြီးထဲကို ရိုက်ထည့်ပြီး သူနဲ့ အပေါ်က ဆင်းလာတဲ့ copper or aluminum tape တို့ ဆက်တဲ့ connect လုပ်တဲ့နေရာပဲဖြစ်ပါတယ်။ မြေကြီးရဲ့ resistivity ပေါ်မူတည်ပြီး earth rod လေးတွေကို ၃ ချောင်းကနေ ၄-၅ ချောင်းလောက်ထိ ကိုယ်လိုချင်တဲ့ ခုခံအားအထိ ရအောင် ဆက်ဆက်ပြီး ရိုက်ထည့်သွားရပါတယ်။ အဲဒီလို ရိုက်တဲ့နေရာမှာလည်း မြေအောက်ထဲမှာ ရေပိုက်တွေ တခြား sewage ပိုက်တွေ မရှိတဲ့နေရာ ဖြစ်အောင် ဂရုစိုက်ရပါတယ်။ earth pit box ရွေးချယ်တဲ့အခါမှာလည်း driving way ဒါမှမဟုတ် car parking တို့ထဲရောက်နေရင် အကြမ်းခံ အမာခံ (heavy duty) အမျိုးအစားသုံးရပြီး တခြားနေရာတွေမှာတော့ ရိုးရိုး Light duty ပေါ့ပေါ့ပါးပါးပဲ သုံးလို့ရပါတယ်။ ပြီးရင် earth pit တစ်ခုစီရဲ့ resistivity တန်ဖိုးတွေကိုလည်း သူ့ထဲမှာ label ကပ်ထားပေးရပါတယ်။
light duty earth pit (အနက်ရောင်အကွက်လေးမှာ resistivity တန်ဖိုးနှင့် earth pit နံပါတ်ဖြစ်သည်)
heavy duty earth pit (label ကို box အထဲတွင် တပ်ထားသည်။)

Electrical (4)

Busbar

Main Distribution Board ကနေ sub distribution board တွေကို power ပေးပို့ရာမှာဖြစ်စေ၊ Isolator တွေဆီကို ပါဝါပေးပို့ရာမှာဖြစ်စေ cable တွေနဲ့ ဆက်သွယ်တဲ့ အခါမှာ ကေဘယ်လ်ကြိုးတွေ ရှုပ်ရှက်ခက်နေတာတွေ ကေဘယ်လ်တွေ ပေါက်တာ ပွန်းတာပဲ့တာတွေကနေ short circuit တွေဖြစ်တာတွေ၊ တက်ဆင်ချိန် ကြာမြင့်တာတွေ ကို ရှောင်ကြဉ်နိုင်ဖို့ အတွက် busbar system တွေကို အသုံးပြုလာခဲ့ကြပါတယ်။ တပ်ဆင်ချိန်မြန်တယ်ဆိုပေမယ့် သူ့ကို ဈေးကွက်မှာ အလွယ်တကူ ၀ယ်ယူလို့ မရတာတော့ ရှိပါတယ်။ ကိုယ်လိုချင်တဲ့အရှည်ကို အတိအကျ အကွေ့တွေ အပေါ်တက် အောက်ဆင်းတွေကအစ သေသေချာချာ တိုင်းတာပြီး အတိအကျ မှာရပါတယ်။ လွဲလို့မရပါဘူး။ subcon တွေဆီက 3D design ကိုတောင်းကြည့်လို့လည်း ရပါတယ်။ busbar နဲ့ cable wire တို့ရဲ့ အားသာချက် အားနည်းချက်တွေကို အောက်ကဇယားမှာ ဖော်ပြထားပါတယ်။ နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။



 
 Busbar with 200% neutral (copper)                  Busbar Installation (Aluminum)


Circuit Breaker rating ပေါ်မူတည်ပြီး copper busbar ရဲ့ size တွေကို အောက်ပါဇယားမှာ ကြည့်ရှု့နိုင်ပါတယ်။ bus bar တွေတပ်ဆင်တဲ့နေရာမှာ အဆက်နေရာတွေက အလွန်အရေးကြီးပါတယ်။ သူ့မှာပါတဲ့ L1, L2,L3,N,E စတာတွေကို မှန်မှန်ကန်ကန် တပ်ဆင်ဖို့လိုသလို တင်းတင်းကျပ်ကျပ် ၀က်အူရစ်ဖို့လည်း လိုပါတယ်။ များသောအားဖြင့် တစ်ပိုင်းကို 2.3m ၀န်းကျင်ရှိပြီး တစ်ခါဆက်ပြီးတိုင်း အစအဆုံး megga test or continuity test လုပ်ရပါတယ်။ ၀က်အူရစ်ကျပ် မကျပ် မှန် မမှန်ကိုသိဖို့ torque test တွေလုပ်ရပါတယ်။

Busbar နမူနာပုံစံ (sample) တစ်ခု။

အပြင်က အလူမီနီယံက busbar cover ပါ။ အထဲက အပြာနုရောင်တွေက L1,L2,L3,N တို့ဖြစ်ပြီး အ၀ါရောင်ကတော့ earth အတွက်ဖြစ်ပါတယ်။ ဒီလိုဟာမျိုး နှစ်ခုကို ဆက်တဲ့နေရာမှာ တစ်ခုကြားကို တစ်ခုထည့်ပြီးရင် အပြင်က ၀က်အူနဲ့ ကျပ်ရပါတယ်။ ဒီ busbar မှာ ပြထားတဲ့ အ၀ါရောင်ကော်ပြား ၀ါရှာလေးပြုတ်ထွက်တဲ့အထိ ၀က်အူကို ကျပ်ရပါတယ်။ အဲဒီ ၀ါရှာလေးနဲ့ နတ်ခေါင်းလေး ပြုတ်ထွက်တဲ့အားဟာ ဒီ busbar အတွက် သက်မှတ်ထားတဲ့ တင်းကျပ်အား torque ပါပဲ။ ဒါကို torque test လို့ခေါ်ပါတယ်။ torque test လုပ်ဖို့အတွက် wench လို့ခေါ်တဲ့ ဂွတစ်မျိုးလိုပါတယ်။ ပုံထဲက ဂွပါ။ သူ့မှာ torque value ပြတဲ့အမှတ်အသားတွေ အရင်းပိုင်းမှာပါ ပါတယ်။ ယူနစ်က newton ပါ။ ကိုယ်က 70 newton အားနဲ့ ကျပ်မယ်ဆိုရင် အဲဒီဂွရဲ့ အောက်ခြေက ယူနစ်တွေမှာ 70 newton ကိုရွေးပြီး နတ်ခေါင်းကို ကျပ်လိုက်ရင်လည်း ရပါတယ်။ ဒါပေမယ့် အပေါ်က ပြောထားသလိုမျိုး အ၀ါရောင်ဝါရှာလေး ပြုတ်ထွက်တဲ့အထိ ကျပ်လည်း အတူတူပါပဲ။


 အောက်ပါဇယားမှာ ကိုယ်လိုချင်တဲ့ ampere အလိုက် အသုံးပြုရမယ့် busbar size တွေကို ဖော်ပြထားပါတယ်။



Circuit Breaker rating
Busbar minimum size
32A/40A
20.4mm x 3.18mm
63A/100A
25.4mm x 3.18mm
150A/200A
25.4mm x 6.35mm
300A
31.75mm x 6.35mm
400A
40mm x 7mm
600A
40mm x 10 mm
800A
54mm x 10mm
1200A
85mm x 10mm
1600A
120mm x 10mm
2000A
150mm x 10mm

Electrical (3)

Cable
Cable colour  အနေနဲ့





single phase မှာ
1)     brown for phase conductor
2)     blue for neutral conductor
3)     green and yellow for earth conductor
three phases မှာ
1)     brown, black and grey for phase conductor
2)     blue for neutral conductor
3)     green and yellow for earth conductor တို့ကို သုံးပါတယ်။

  
စနစ်ဟောင်း အဆောက်အဦးတွေမှာ ဆိုရင်တော့
1)     yellow/blue/red for phase conductor
2)     black for neutral conductor
3)     green and yellow for earth conductor  တို့ကို သုံးထားခဲ့ပါတယ်။



ဒီ code အဟောင်းကို ခုမသုံးတော့ပေမယ့် အဆောက်အဦးအဟောင်းတွေကို ကိုယ်က A&A work (addition and alteration) လုပ်ရတဲ့အခါ သိထားဖို့ လိုအပ်ပါတယ်။ ခုအသစ်သုံးလိုက်တဲ့အရောင်တွေဟာ  blind colour ဖြစ်နေသူတွေ (အရောင်ကိုကောင်းကောင်း မခွဲနိုင်တဲ့ မျက်စိအာရုံချို့တဲ့သူတွေတောင်) ခွဲခြားနိုင်တဲ့ အရောင်တွေလို့ ဆိုကြပါတယ်။ နောက်တစ်ခုက 3 phases system တချို့မှာ neutral cable ကို 200% ဆိုပြီး ကေဘယ်လ် ၂ ချောင်းသုံးတာတွေလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ 3 phase system မှာ အ၀င် phase ဘက်က ကေဘယ်လ်သုံးချောင်းစာ ၀င်ထားပြီး အပြန်မှာ neutral ဘက်က ကေဘယ်လ်တစ်ချောင်းပဲ ရှိရင် ပါဝါသိပ်များတဲ့အခါမှာ neutral ကေဘယ်လ်က မခံနိုင်ဘဲ ပျက်တက်လို့ဖြစ်ပါတယ်။

အသုံးများတဲ့ cable type တွေကတော့
XLPE = Cross Linked polyethylene with/without armored


  Cable ဆိုဒ်ကြီးတွေအဖြစ်ပဲ အသုံးများပါတယ်။ အထူးသဖြင့် ရာသီဥတုဒဏ် အပျက်အစီးဒဏ်ခံနိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ with armored တွေကို မြေအောက်မှာ ပြေးတဲ့ကြိုးတွေ အဖြစ်လည်း သုံးကြပါတယ်။ (ဥပမာ လမ်းမီးတိုင်တွေအတွက် ကေဘယ်လ်ပြေးတဲ့အခါမှာ မြေကြီးထဲမြှုပ်ပြီးထားလို့ရပါတယ်။)သူ့ကိုသုံးတဲ့အခါမှာ အလယ်က galvanized steel wire Armour အလွှာဟာ လျှပ်စစ်စီးနိုင်တာဖြစ်လို့ သူနဲ့ ရှော့မဖြစ်ရအောင် သူ့ကို earth ပြန်ချပေးရပါတယ်။ ကေဘယ်လ်အတွက် earth ချပေးရတာပါ။


ပုံမှာ XLPE cable ကို Green/Yellow earth cable နဲ့ ဆက်ပြီး earthing ချထားတာ တွေ့နိုင်ပါတယ်။ ဒါက lamp post တစ်ခုအတွက် connection ပါ။
LSHF= Low Smoke Halogen Free 

မီးလောင်ဒဏ်ခံနိုင်အောင် အထူးရည်ရွယ် ပြုလုပ်ထားပါတယ်။ ကေဘယ်လ်ကို မီးလောင်ခဲ့ရင်လည်း အနရာယ်ပေးနိုင်တဲ့ မီးခိုးတွေမထွက်အောင် စီမံထားပါတယ်။ ဆိုဒ်ကြီးအနေနဲ့ပဲ အသုံးများပါတယ်။

FR= Fire Rated (မီးလောင်ဒဏ်ခံနိုင်အောင် ပြုလုပ်ထားပါတယ်။ ဆိုဒ်အသေးတွေမှာ အသုံးပြုပါတယ်)
PVC=Polyvinyl chloride (normal lighting and power တွေအတွက် အဓိက အသုံးပြုတဲ့ အသုံးအများဆုံး ကေဘယ်လ်အမျိုးအစားလည်း ဖြစ်ပါတယ်)
CPC=Circuit protective conductor (Third wire, earth cable) (earth cable အဖြစ်သာ အသုံးပြုကြပါတယ်)

Circuit Breaker တွေရဲ့ rating တွေအပေါ်မူတည်ပြီး အနီးစပ်ဆုံး အသုံးအများဆုံး cable size  တွေကို အောက်က ဇယားမှာ ဖော်ပြထားပါတယ်။ ကေဘယ်လ်တွေဟာ single core cable တွေဖြစ်ပါတယ်။ 3 core cable (ကေဘယ်လ်သုံးချောင်းကို တစ်ချောင်းတည်းအဖြစ် ထည့်သွင်းထားသော ကေဘယ်လ်ဖြစ်ပါတယ်။ single phase အတွက် phase, neutral, earth  ကေဘယ်လ်သုံးချောင်းလုံး ပါဝင်ပါတယ်)  4 core cable ( ကေဘယ်လ် လေးချောင်း ကို တစ်ချောင်းတည်း အဖြစ် ထည့်သွင်းထားတဲ့ ကေဘယ်လ်ဖြစ်ပါတယ်။ 3 phase အတွက် phase ကြိုး သုံးချောင်းနဲ့ neutral အတွက် တစ်ချောင်းဖြစ်ပါတယ်။  earth cable ကို သက်သက်တစ်ချောင်းပြေးပေးရပါတယ်)  တွေလည်း ရှိပါသေးတယ်။

Circuit Breaker
Single core cable
Rating
XLPE/CPC cable in Tray/Trunking/conduit
20A SPN/DP
2 x 1C x 4 mm2 + 1C x 4 mm2 CPC
20A TPN
4 x 1C x 4 mm2 + 1C x 4 mm2 CPC
32A SPN/DP
2 x 1C x 6 mm2 + 1C x 6 mm2 CPC
32A TPN
4 x 1C x 10 mm2 + 1C x 10 mm2 CPC
40A SPN/DP
2 x 1C x 16 mm2 + 1C x 16 mm2 CPC
40A TPN
4 x 1C x 16 mm2 + 1C x 16 mm2 CPC
63A SPN/DP
2 x 1C x 25 mm2 + 1C x 16 mm2 CPC
63A TPN
4 x 1C x 25 mm2 + 1C x 16 mm2 CPC
80A TPN
4 x 1C x 35 mm2 + 1C x 16 mm2 CPC
100A TPN
4 x 1C x 50 mm2 + 1C x 25 mm2 CPC
125A TPN
4 x 1C x 50mm2 + 1C x 25 mm2 CPC
150A TPN
4 x 1C x 70 mm2 + 1C x 35 mm2 CPC
200A TPN
4 x 1C x 95 mm2 + 1C x 50 mm2 CPC
250A TPN
4 x 1C x 120 mm2 + 1C x 70 mm2 CPC
300A TPN
4 x 1C x 150 mm2 + 1C x 95 mm2 CPC
400A TPN
4 x 1C x 185 mm2 + 1C x 95 mm2 CPC
500A TPN
4 x 1C x 240 mm2 + 1C x 120 mm2 CPC
600A TPN
4 x 1C x 400 mm2 + 1C x 240 mm2 CPC
800A TPN
8 x 1C x 240 mm2 + 1C x 240 mm2 CPC
1000A TPN
8 x 1C x 500 mm2 + 1C x 300 mm2 CPC
1200A TPN
8 x 1C x 500 mm2 + 1C x 300 mm2 CPC
1600A TPN
8 x 1C x 630 mm2 + 1C x 630 mm2 CPC

Type of Cable Installation in Electrical Network

ကေဘယ်လ်တွေကို သွယ်တန်းပုံ နည်းအမျိုးမျိုး ရှိပါတယ်။ ကိုယ်သွယ်တန်းမယ့် အခြေအနေအရ လုံခြုံစိတ်ချရမှု (safety)၊ ဈေးနှုန်းသက်သာမှု (economy) ၊ အရည်အသွေးကောင်းမွန်မှု (quality)၊ အားထားရမှု (reliability) တို့အပေါ်မူတည်ပြီး ရွေးချယ်ကြရပါတယ်။ အခြေအနေဆိုတာက ကိုယ်သွယ်တန်းမယ့် အကွာအဝေး၊ မြေပြင်အနေအထားနဲ့ ပတ်ဝန်းကျင် အနေအထားတို့ပဲ ဖြစ်ပါတယ်။

1. Open Wire

Open wire ဆိုတာက insulated မလုပ်ထားတဲ့ တနည်း လျှပ်ကာနဲ့ မကာထားဘဲ ဗြောင်ကေဘယ်လ် (bare cable) တွေနဲ့ သွယ်တန်းထားတဲ့ နည်းဖြစ်ပါတယ်။ တခါတလေ အလွှာပါးပါးလေးနဲ့ အပွန်းအပဲ့ခံနိုင်အောင်နဲ့ သံချေးမတက်အောင် ကာထားတာလေးတော့ ရှိနိုင်ပါတယ်။  ကြိုးကို လျှပ်ကာနဲ့ မကာထားပေမယ့် တပ်ဆင်ရာမှာတော့ တိုင်ထိပ်တို့ တာဝါတိုင်တို့ရဲ့ လျှပ်ကာ (insulator) ပေါ်မှာ တပ်ဆင်ရပါတယ်။ အဓိက အားသာချက်က အကုန်အကျ သက်သာခြင်း၊ အပျက်အစီးဖြစ်ခဲ့ရင် လွယ်လွယ်ကူကူ ရှာဖွေနိုင်ပြီး မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်ခြင်းတို့ပါပဲ။ မိုးကြိုးထိဖို့ အလွယ်ဆုံးဝါယာသွယ်တန်းနည်းမျိုးဖြစ်တဲ့အတွက် မိုးကြိုးလွှဲတွေ တပ်ပြီး အသုံးပြုရင် ပိုလုံခြုံနိုင်ပါတယ်။ လေတိုက်လို့ ဖြစ်စေ ငှက်တွေကြောင့်ဖြစ်စေ ကြိုးအချင်းချင်းတိုက်မိတာကြောင့် short ဖြစ်နိုင်တာလည်း ရှိပါတယ်။ တိုင်လဲတာတွေ ကားအသွားအလာ လူအသွားအလာ စတာတွေအတွက် ခပ်မြင့်မြင့် ဆောက်ရတာတွေကလည်း သူ့ရဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။


2. Aerial Cable

ဒီအမျိုးအစားမှာတော့ ကေဘယ်လ်တွေကို insulated လျှပ်ကာလုပ်ထားပါတယ်။ အပေါ်က အမျိုးအစားအတိုင်းပဲ လေထဲမှာ တိုင်ထောင်ပြီး ပြေးခိုင်းတာဖြစ်ပေမယ့် လျှပ်ကာပါတဲ့အတွက် စိတ်ချလုံခြုံရပြီး ဈေးလည်း အကုန်အကျ သက်သာနိုင်ပါတယ်။ အားနည်းချက်တွေကတော့ အပေါ်က အမျိုးအစားနဲ့ အတူတူလောက်ပါပဲ။

Direct Burial

တိုက်ရိုက်မြေမြှုတ်ထားတဲ့ ကေဘယ်လ်တွေကတော့ မြေတူးတာတွေဘာတွေ သိပ်မရှိတဲ့ နေရာ ဒေသမျိုးအတွက်ပဲ သင့်တော်ပါတယ်။ တိုက်ရိုက် မြေမြှုတ်ဖို့ဆိုရင် ကေဘယ်လ်အနေနဲ့ အစိုပြန်မှုကို ခံနိုင်ရည်ရှိတာ၊ ကျိုးပဲ့ခြင်းမရှိတာ၊ အင်းစက်တွေ ကြွက်တွေဒဏ်ကို ခံနိုင်တာ စတာတွေဟာ မရှိမဖြစ်ရှိရမယ့် အရည်အသွေးတွေ ဖြစ်ပါတယ်။ ထပ်ဖြည့်လို့ ဒါမှမဟုတ် ပြုပြင်ထိန်းသိမ်းဖို့ အရမ်းခက်ခဲစေပါတယ်။ ခုနောက်ပိုင်းမှာတော့ ကေဘယ်တွေရဲ့ အရည်အသွေး ကောင်းမွန်လာတာရယ် cable fault ဖြစ်တဲ့နေရာကို ထောက်လှန်းနိုင်တဲ့ နည်းပညာတွေ တိုးတက်လာတာရယ် ပြုပြင်ထိန်းသိမ်းရေးနည်းလမ်းတွေ အဆင့်မြင့်လာတာတွေကြောင့် ပိုပြီး အဆင်ပြေလာပါတယ်။

Underwater (submarine) cable

တခြားကေဘယ်လ်သွယ်တန်းရေး နည်းလမ်းတွေအားလုံးနဲ့ အဆင်မပြေဘူးဆိုရင် နောက်ဆုံးအနေနဲ့မှ ဒီနည်းလမ်းကို သုံးပါတယ်။ 3 core ဒါမှမဟုတ် 5 core စသဖြင့် ကေဘယ်လ် သုံးချောင်းပူး ငါးချောင်းပူးတွေကို သုံးသင့်ပါတယ်။ XLPE (Cross Linked polyethylene with armored) တို့လိုမျိုး ကေဘယ်လ်တွေကို သုံးသင့်ပါတယ်။ အသုံးအများဆုံးကတော့ spirally wrapped round galvanized steel wire တွေပဲ ဖြစ်ပါတယ်။ ရေစီးကြောင်းတွေ ၀ဲကတော့တွေကြောင့် မပါသွားအောင် ရေအောက်ကြမ်းပြင်ကို ကပ်ပြီး သွယ်တန်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ဘော မော်တော်တွေ အသွားအလာရှိရင် ဒါမှမဟုတ် ရပ်နားတာတွေရှိရင် ရေစီးနဲ့ ကျောက်ဆူးတွေ မျှောပါလာတာတက်တာတွေကိုလည်း ရှောင်နိုင်ဖို့ ခပ်နက်နက်မှာ သွယ်တန်းသင့်ပါတယ်။ 

Electrical (2)

Circuit Breakers

Circuit breaker ဆိုတာတော့ ဖြူစ် (fuse) တွေနဲ့ သဘောခြင်း အတူတူပါပဲ။ current ကို (cut out) ဖြတ်တောက်ပေးတာပါ။ သူတို့ကို အဖွင့်အပိတ်လုပ်ဖို့ ခလုပ် (switch) အဖြစ် အသုံးပြုနိုင်သလို shock ဖြစ်တဲ့အခါ overload ဖြစ်တဲ့အခါ အလိုအလျောက်ပဲ current ကို ဖြတ်တောက်ပေးတဲ့အတွက် safety အတွက်လည်း အသုံးကျပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ overload ကြောင့် ရှော့ခ် shock ဖြစ်ပြီး မီးလောင်တာတွေဟာ ဒီ circuit breaker တွေကို မှန်မှန်ကန်ကန် အသုံးမချနိုင်တာကြောင့်လို့ ပြောနိုင်ပါတယ်။ ပုံမှန် electrical distribution board (DB) တစ်ခုမှာ ပါဝင်လေ့ရှိတဲ့ circuit breaker တွေကို ကြည့်မယ်ဆိုရင်

RCCB – Residual Current Circuit Breaker
           

Single phase and three phases RCCB

RCD (Residual Current Device) လို့လည်း ခေါ်ပါတယ်။ သီအိုရီအရ live wire ကထွက်သွားတဲ့ current ပမာဏဟာ neutral wire ကနေ ပြန်လာရပါတယ်။ တနည်းအားဖြင့် အထွက်နဲ့ အ၀င် ပမာဏခြင်း တူညီရပါတယ်။ ဒီ breaker က ဒီလို အထွက်နဲ့အ၀င် (live and neutral) ၀ါယာနှစ်ကြိုးက current ပမာဏကို ထောက်လှန်းပြီး မတူညီခဲ့လို့ရှိရင် တစ်နေရာရာမှာ current leak ဖြစ်ပြီး ရှော့ခ် shock ဖြစ်နေပြီလို့ သိပြီး ချက်ချင်း current ကို ဖြတ်ချလိုက်ပါတယ်။  (A residual current circuit breaker is an electrical wiring device that disconnects the circuit whenever it detects an imbalance in the electrical current between the live conductor and the neutral. The device works by measuring the current balance between the two conductors using a differential current transformer. If the currents in the two do not sum up to zero then the breaker disconnects the live conductor.)

အသုံးများတဲ့ RCCB ရဲ့ rating တွေကတော့ 30mA နဲ့ 100 mA တို့ပဲဖြစ်ပါတယ်။ ဒီ  rating ရဲ့ သဘောက ဥပမာ 30mA ဆိုရင် အ၀င်အထွက် current ကွာခြားချက် 0.03 A အထိပဲ လက်ခံပါတယ်။ အဲဒီထက်များတာနဲ့ ဖြတ်ချပေးတာပါ။ အချိန်ကလည်း 30 ms ( 0.003 second) အတွင်းမှာ ဖြတ်ချပေးတာဖြစ်လို့ ထိခိုက်မှု အနည်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် live-neutral ကို တိုက်ရိုက်ရှော့ခ်ပေးရင်တော့ သူက အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထွက်သမျှတိုက်ရိုက် ပြန်ဝင်နေမှာဖြစ်လို့ပါ။ ဒါက အသေအချာမှတ်ထားသင့်တဲ့ အချက်ဖြစ်ပါတယ်။

ELR- Earth Leak Relay


MCB – Miniature Circuit Breaker

         


သတ်မှတ်ထားတဲ့ current ပမာဏ (Ampere) ထက်ကျော်တာနဲ့ circuit တစ်ခုလုံးကို ဖြတ်ချပေးပါတယ်။ တနည်း overload ဖြစ်တာနဲ့ ဖြတ်ချပစ်တာပါ။ 10A, 20A,32A, 40A စသဖြင့် သူ့သတ်မှတ်ထားတဲ့ ပမာဏထက် အကျော်မခံပါဘူး။ အဲဒါကြောင့် overload ဖြစ်ပြီး ၀ါယာတွေ ပူ မီးလောင်တာတွေဖြစ်စရာ မရှိတော့ပါဘူး။ MCB ကိုသုံးမယ်ဆိုရင် rated current က 100A အတွင်းမှာပဲ သုံးလို့ရပါတယ်။

MCB ရွေးချယ်ခြင်း

trip ဖြစ်ဖို့ တနည်းအားဖြင့် current ကို ဖြတ်တောက်ပေးဖို့ လိုအပ်တဲ့ current ပမာဏနဲ့ ဖြတ်တောက်ဖို့ ယူတဲ့အချိန်တွေအပေါ်မူတည်ပြီးတော့ ပုံမှန်သုံးလေ့ရှိတဲ့ MCB တွေကို အဓိကအားဖြင့် type B, type C, type D ဆိုပြီး အမျိုးအစား သုံးမျိုးခွဲခြားထားပါတယ်။

Type
Tripping current
Operating time
Type B
3 to 5 time full load current
0.04 to 14 seconds
Type C
5 to 10 time full load current
0.04 to 5 seconds
Type D
10 to 20 time full load current
0.04 to 3 seconds

ဒီသုံးမျိုးအတွက် အသုံးကို ကြည့်မယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

     Type B = Domestic (အိမ်ယာတွေနဲ့ ရုံးခန်းတွေအတွက် သုံးပါတယ်)
   Type C = Commercial (discharge lighting) (မီးအလှဆင်တာတွေ အတွက်သုံးပါတယ်)
   Type D = Motors (စက်ရုံတွေ စက်ပစည်းတွေအတွက် သုံးပါတယ်)

ဥပမာ Type B အမျိုးအစား MCB ကိုကြည့်မယ်ဆိုရင် သူ trip ဖြစ်ဖို့ လိုအပ်တဲ့ current ပမာဏက full load current ရဲ့ သုံးဆ ကနေ ငါးဆ လို့ဆိုပါတယ်။ ဆိုလိုတာက 13A Type B MCB တစ်ခု trip ဖြစ်ဖို့ဆိုရင် သူ့ရဲ့ သုံးဆဖြစ်တဲ့ 39A အထိ လျှပ်စစ်စီးမှသာ ဖြစ်မှာပါ။ ဒါကလည်း 0.04 ကနေ 14 စက်ကန့်အတွင်းမှာ trip ဖြစ်မှာ ဖြစ်ပါတယ်။

အဲဒီတော့ 13A MCB လည်းဆိုသေးတယ်၊ 39A ရောက်မှ ပါဝါဖြတ်တောက်ပေးမယ်ဆိုတော့ အဓိပါယ်မရှိဘူးလို့ ပြောစရာ ရှိပါတယ်။ ဒါပေမယ့် MCB တွေရဲ့ ဒီခံနိုင်အားဟာ ကေဘယ်လ်တွေရဲ့ ခံနိုင်အားနဲ့ တွက်ချက် ဆက်စပ်ပြီး ပြောထားတာဖြစ်ပါတယ်။ ခုခေတ် ကေဘယ်လ်တွေဟာ သတ်မှတ်ထားတဲ့ ခံနိုင်ရည်အားထက် ၅၀ ရာခိုင်နှုန်းကျော်တဲ့ current ကို တစ်နာရီကျော်ကြာ မပျက်မစီး ခံနိုင်ပါတယ်။ အဲဒါကြောင့် overload ဖြစ်တာနဲ့ တန်းပြီး ပါဝါကို မဖြတ်တောက်ပေးပေမယ့် ကေဘယ်လ်တွေရဲ့ ခံနိုင်အားကြောင့် ပူပြီးမီးလောင်တာတွေ ဘာတွေ မဖြစ်နိုင်တော့ပါဘူး။

အဓိက အကြောင်းပြချက်က တချို့သောစက်ပစည်းတွေဟာ ဥပမာ စက်လည်ဖို့ 8A လောက်သာ လိုအပ်ပေမယ့် စက်စနှိုးချိန်မှာ starting current က နှစ်ဆလောက် လိုအပ်ပါတယ်။ အဲဒါကြောင့် စက်စနှိုးချိန်မှာ overload ဖြစ်သွားနိုင်ပေမယ့် စက်လည်ပြီဆိုတာနဲ့ ပါဝါလိုအပ်မှုလည်း ကျသွားပြီး 8A နဲ့သာ လည်တော့တာဖြစ်ပါတယ်။ အဲဒါကြောင့် ရုတ်တရက် ampere အတက်အကျဒဏ်ကို ခံနိုင်ပြီး shut down ခဏခဏ မဖြစ်အောင် ဒီလို စီစဉ်ထားတာ ဖြစ်ပါတယ်။

နောက်ထပ် အရေးတကြီး မှတ်ထားဖို့သင့်တာက shock ဖြစ်တဲ့အချိန်မှာ MCB ဟာ trip မဖြစ်ပါဘူး။ power shut down မဖြစ်ပါဘူး။ shock ဖြစ်တဲ့အချိန်မှာ trip မဖြစ်ဖို့ကို သက်သက်ကို ဒီဇိုင်းဆွဲထားပေးတာ ဖြစ်ပါတယ်။ အပေါ်မှာ ပြန်ကြည့်ရင် shock ဖြစ်ရင် ပါဝါ ဖြတ်တောက်ပေးမှာက RCCB ဖြစ်ပါတယ်။ သူက 30 milisecond (0.003 second) အတွင်းမှာ ဖြတ်ချပေးမှာပါ။ MCB ကတော့ overload ဖြစ်ရင်တောင် အမြန်ဆုံး 0.04 second ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်တဲ့ဆီကို ပို့ပေးတာလည်း ဖြစ်ပါတယ်။ shock circuit ဖြစ်ဖို့အတွက် MCB ရဲ့ ခံနိုင်ရည်က 6000A (for domestic) နဲ့ 10000A (for industrial) အထိ ရှိပါတယ်။
အဲဒါကြောင့် overload ဖြစ်လို့ RCCB shut down ဖြစ်မှာ မဟုတ်သလို shock circuit ဖြစ်ရင်လည်း MCB က trip ဖြစ်မှာ မဟုတ်ပါဘူး။

RCBO (Residual Circuit Breaker with Overload)



Overload ဖြစ်ရင်လည်း ဖြတ်ချ၊ earth fault ဖြစ်ရင်လည်း ဖြတ်ချချင်တယ် ဆိုရင်တော့ ဒီ RCBO ကို သုံးရမှာဖြစ်ပါတယ်။ စတိုင်ကျကျ ကျစ်ကျစ်လစ်လစ် ဖြစ်သွားပါတယ်။


MCCB – Moulded Cased Circuit Breaker

           

MCB နဲ့ သဘောချင်း အတူတူပါပဲ။ overload အတွက် သုံးပါတယ်။ rated current ကတော့ 1000A အထိ ရပါတယ်။

VCB – Vacuum Circuit Breaker
          

Overload အတွက်ပါပဲ။ rated current က 3000A~6300A အထိ ရပါတယ်။ voltage အနေနဲ့ ဆိုရင် 35000V~40500 V အထိ ရပါတယ်။ Main Power Distribution system တွေမှာ သုံးပါတယ်။ Medium voltage system တွေမှာ သုံးပါတယ်။

ACB – Air Circuit Breaker

        



Overload အတွက်ပါပဲ။ rated current  10000A အထိပါ။ Main Power Distribution system တွေမှာ သုံးပါတယ်။ Medium voltage system တွေမှာ သုံးပါတယ်။ 



High Voltage System Circuit Breakers
ဒါတွေက ကျွန်တော်တို့ construction ဘက်ပိုင်းမှာ မသုံးပါဘူး။ ဗဟုသုတအနေနဲ့ သိချင်ရင် သိရရုံပါ။
ပုံတွေက Wikipedia ကယူပါတယ်။
 Three single phase Russian 110 kV oil circuit breakers



 72.5 kV Hybrid Switchgear Module



400 kV SF6 live tank circuit breakers