Sunday 27 July 2014

Fire Protection System (5)

    Smoke Detector, heat detector, flame detector System

တချို့သောနေရာတွေ တချို့အခန်းတွေဟာ မီးလောင်ရင် ရေနဲ့သက်လို့ မရတာတွေရှိပါတယ်။ ရေနဲ့သက်မှ ပိုဆိုးသွားတာမျိုးတွေကို ဆိုလိုတာပါ။  Electrical Switch Board တွေ၊ နောက်  IDF  room လိုမျိုး အခန်းတွေပါ။  ဒီအခန်းတွေဟာ လျှပ်စစ်ဖြန့်ဖြူးရာ အခန်းဖြစ်တဲ့အတွက် မီးလောင်လို့ ရေဖြန်းလိုက်ရင် shock ဖြစ်မှာမို့လို့ပါပဲ။ တချို့  ရေနဲ့ထိတွေ့လို့မရတဲ့ ဓာတုပစည်းတွေ သိမ်းဆည်းတဲ့အခန်းမျိုးဆိုရင်လည်း အလားတူပါပဲ။ အဲဒီလိုအခြေအနေရှိတဲ့ အခန်းတွေအတွက် smoke detector လို့ခေါ်တဲ့ မီးခိုးအာရုံခံကိရိယာတွေကို တပ်ဆင်ရပါတယ်။ ပြီးရင် မီးသက်ဆေးဗူး Fire Extinguisher  တွေ ထားထားပေးရပါတယ်။ ဒီ smoke detector တွေက Fire Alarm System  နဲ့ ဆက်ထားတာဖြစ်လို့ သူတို့က မီးခိုးလို့ သိတာနဲ့တပြိုင်နက်  Fire Alarm ကတစ်ဆင့် အကုန်လုံးသိကုန်ပြီး ကြိုတင်ငြိမ်းသက်နိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုက အဆောက်အအုံတစ်ခုရဲ့ ပထမထပ်မှာရှိတဲ့ Lift Lobby လို့ခေါ်တဲ့ lift ကနေထွက်ထွက်ချင်း အခန်းမှာလည်း တပ်ဆင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးလောင်မှုတစ်ခုဖြစ်တာနဲ့တပြိုင်နက် ဒီ Lift တွေဟာ ဘယ်အထပ်မှာ ဘယ်နားမှာ ရောက်နေသည်ဖြစ်စေ မြေညီထပ်ကို အကုန်ဆင်းရပါတယ်။ အထဲမှာရှိတဲ့လူတွေလည်း အကုန်အဲဒီကနေ ထွက်ပြေးနိုင်ဖို့ပါ။ ဒါပေမယ့် တကယ်လို့ မီးလောင်တာက အဲဒီမြေညီထပ် lift lobby မှာဆိုရင် အထဲကလူတွေ ဘယ်လိုမှထွက်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် တကယ်လို့ ပထမထပ်မှာတပ်ထားတဲ့ somke detector က အာရုံခံပြီး သူ့ဆီမှာ မီးလောင်နေတယ်လို့ အချက်ပြရင် Lift က ပထမထပ်ကို မဆင်းဘဲ ဒုတိယထပ်မှာတင် ရပ်လို့ရအောင် ဖြစ်ပါတယ်။

တခြားသုံးတဲ့နေရာတွေကတော့ အိပ်ခန်းတွေ (မီးခိုးတွေဝင်လာပြီး မနိုးရင် အောက်စီဂျင် ပြက်ပြီး သေနိုင်) မီးဖိုခန်းတွေ ဖုန်ထူထပ်တဲ့နေရာတွေ (ဖုန်နဲ့ မီးခိုးရောပြီး သာမန်အားဖြင့် မမြင်နိုင်) ပဲဖြစ်ပါတယ်။ သတိထားရတာတစ်ခုက ဒီ smoke detector ကို ဆေးမသုတ်မိစေဖို့နဲ့ တခြားပစည်းတွေနဲ့ ကာမိပြုမိ မဖြစ်စေဖို့ပဲဖြစ်ပါတယ်။

အလားတူတခြားပစည်းတွေကတော့ အပူကို အာရုံခံပေးတဲ့ heat detector မီးတောက်ကို အာရုံခံပေးမယ့် flame detector တို့ကိုလည်း အသုံးပြုတာတွေ ရှိပါတယ်။


တပ်ဆင်တဲ့နေရာမှာ အနီးဆုံး နံရံကနေ ၃၀၀ မီလီမီတာ၊ တစ်ခုနဲ့တစ်ခုကြား ၇.၂ မီတာနဲ့ ကော်ရစ်ဒါတွေအတွက်ဆိုရင်တော့ ၁၀.၂ မီတာအများဆုံးထားပြီး တပ်ဆင်နိုင်ပါတယ်။

      Fireman Intercom System


Master Telephone handset panel

 2 way emergency voice communication system  လို့လည်းခေါ်ပါတယ်။  FCC (Fire Command Center) နဲ့ အဆောက်အဦးရဲ့ တခြားနေရာတွေကြား တိုက်ရိုက်ဖုန်းလိုင်းလို့ပြောရင် ရပါတယ်။  FCC  room ထဲက ဖုန်းကို Master Telephone Handset လို့ခေါ်ပြီး  အဆောက်အဦးထဲက ဖုန်းတွေကိုတော့ Remote Telephone Handset  လို့ခေါ်ပါတယ်။ remote telephone handset တွေကိုလည်း အထပ်တိုင်းရဲ့ လှေခါး ဒါမှမဟုတ် မီးလောင်ခံအခန်း  smoke stop lobby တွေ မြေအောက်ထပ်တွေ အလုံပိတ်အခန်းတွေမှာ တပ်ဆင်းထားပါတယ်။ တကယ်လို့ မီးလောင်မှုဖြစ်လို့ လှေခါးထဲမှာ ပိတ်မိနေတယ်။ ဒါမှမဟုတ် မီးသက်သမားတွေက fire command center နဲ့ ဆက်သွယ်ချင်ရင် အသုံးပြုလို့ရပါတယ်။  remote handset တွေအများကြီးကနေ တပြိုင်တည်း  Master handset  ကိုခေါ်လို့ရပါတယ်။ master handset က သူပြောချင်တဲ့ ဖုန်းကို ရွေးပြီးနားထောင်လို့ရပါတယ်။ အဆောက်အဦးထဲက ဘယ် remote handset ကိုဖြစ်ပစေ မ လိုက်တာနဲ့  master handset  panel  မှာ ဘယ်နေရာက ဖုန်းကိုင်နေတယ်ဆိုတာကို ပြပါတယ်။ အသံဖမ်းစက်တွေပါ တပ်ဆင်ထားပြီး မီးလောင်တယ်ဆိုတဲ့ အချက်ပေးချက်ကို ရရှိတာနဲ့ တပြိုင်နက် စပြီး ဒီ  Fireman Intercom system မှာ အချင်းချင်း ပြောဆိုဆက်သွယ်သမျှကို အသံဖမ်းပါတော့တယ်။


Remote Telephone Handset (inside the staircase)




 Fire Extinguisher System

Fire Extinguisher  ကတော့ မီးသက်ဆေးဗူးပဲဖြစ်ပါတယ်။ မီးသက်ဆေးဘူးတွေကတော့ အထူးသဖြင့် ရေနဲ့မီးငြိမ်းဖို့အဆင်မပြေတဲ့ နေရာတွေ အခန်းတွေမှာ အသင့်ထားပေးတက်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ Electrical switch board တွေရှိတဲ့နေရာတွေ၊ MDF,IDF room တွေအပြင် office တွေမှာလည်း အသေစားမီးလောင်မှုဖြစ်ရင် အလွယ်တကူငြိမ်းသက်နိုင်စေဖို့ ဆောင်ထားလေ့ရှိပါတယ်။ မီးသက်ဆေးဘူးထဲမှာ အဓိကထည့်ပြီးသုံးတဲ့ပစည်းတွေကတော့ dry chemical, carbon dioxide နဲ့ air pressurized water တို့ပဲဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘယ်ပစည်းကို သုံးမလဲဆိုတာကို သိဖို့ မီးအမျိုးအစားခွဲခြားပုံကို အရင်လေ့လာရပါမယ်။ မီးကို အခြေခံအားဖြင့် Class A,B,C,D ဆိုပြီး လေးမျိုးခွဲခြားပါတယ်။


Class A ဆိုတာက သာမန်လောင်တဲ့မီးပါပဲ။ သစ်သားမီးလောင်မယ်။ စကူတွေမီးလောင်မယ် ဒါမျိုး ရိုးရိုးလောင်တာတွေကိုတော့ လေဖိအားသုံးထားတဲ့ ရေထည့်ထားတဲ့ မီးသက်ဆေးဗူးကို သုံးနိုင်ပါတယ်။ Air pressurized water လို့ခေါ်ပါတယ်။
Class B ဆိုတာက ဓာတ်ဆီ ရေနံဆီ အရက် ဆီ နဲ့ တင်ဒါလိုမျိုး မီးလောင်လွယ်တဲ့အရည်တွေကို လောင်တဲ့မီးမျိုးပါပဲ။ သူ့ကိုတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထည့်ထားတဲ့ မီးသက်ဗူးနဲ့ ငြိမ်းနိုင်ပါတယ်။

Class C ဆိုတာက လျှပ်စစ်ပစည်းတွေအနီးအနားမှာလောင်တဲ့ မီးတွေဖြစ်ပါတယ်။ ရေကို လုံးလုံးမသုံးရပါဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုသုံးနိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ dry chemical သုံး မီးသက်ဗူးတွေပဲဖြစ်ပါတယ်။

နောက်ဆုံးတစ်မျိုး Class D ကတော့ မဂနီဆီယမ် တိုက်တေနီယမ် ဆိုဒီယမ် လစ်သီယမ် စတဲ့  သတုတွေ မီးလောင်တာပဲဖြစ်ပါတယ်။ ဒါမျိုးကတော့ မီးသက်ဆေးဗူးနဲ့မရပါဘူး။

ဒီ Class တွေကိုကြည့်ပြီး ကိုယ့်အခန်းရဲ့ မီးလောင်နိုင်တဲ့ ပစည်းကဘာလဲဆိုတာပေါ်မူတည်ကာ သင့်တော်တဲ့ မီးသက်ဆေးဗူးအမျိုးအစားကို ရွေးချယ်ရပါတယ်။ ပြီးတော့ ဗူးအသေးအကြီးလည်း ချိန်ဆရပါတယ်။

ဒီမီးသက်ဆေးဗူးကို အသုံးပြုပုံကို အတိုကောက်အားဖြင့် PASS လို့ မှတ်သားရပါတယ်။

1. Pull the pin  (ပင်လေးကို ဆွဲဖြုတ်လိုက်ပါ)
2. Aim to the base of fire  (မီးရဲ့အောက်ခြေကို ချိန်ရွယ်ပါ)
3. Squeeze the handle (လက်ကိုင်လေးကို အောက်ကို ဖိချပါ)
4. Sweep side to side (ပိုက်ခေါင်းကို ဘယ်ညာရမ်းပြီး မီးသက်ပါ)

1 comment:

  1. Emergency Voice Communication System is also known as fire telephone system. It allow you to communicate in fire system. It is difficult to choose one of the best manufacturer of voice communication system.Heinrich is german oriented organization, who deal in technology and automation product.

    ReplyDelete