Sunday 27 July 2014

Electrical (5)

Lightning Protection System

ကမာပေါ်မှာ တစ်စကန့်တိုင်းကို မိုးကြိုးအချက်ပေါင်း ၄၀ ကနေ ၅၀ အတွင်းပစ်နေပြီး တစ်နှစ်ဆိုရင် အကြိမ်အရေအတွက် 1.4 ဘီလီယံလောက် အထိ ပစ်နေပါတယ်။ မိုးကြိုးပစ်တယ်ဆိုတာ တကယ်တော့ တိမ်တိုက်တွေထဲမှာ ပေါ်ပေါက်နေတဲ့ လျှပ်စစ်ဓာတ်တွေဟာ အဖိုနဲ့ အမ၊ အမနဲ့ အဖို အပြန်အလှန် ဆွဲငင်ကြပြီး ထိတွေ့တဲ့အချိန်မှာ ဖြစ်တဲ့ ပေါက်ကွဲမှုပဲ ဖြစ်ပါတယ်။

ဒီလိုဆွဲငင်ကြတဲ့နေရာမှာ တိမ်တိုက်တစ်ခုတည်းအတွင်းမှာပဲ အဖိုနဲ့ အမတို့ ဆွဲငင်ကြတာ (Intra cloud, IC) ရှိသလို၊ တိမ်တိုက်တစ်ခုနဲ့ တစ်ခုကြား (Cloud to cloud, CC)၊ တိမ်တိုက်နဲ့ ကမာမြေအကြား (cloud to ground, CG)စသဖြင့် ဆွဲငင်ကြတာတွေလည်း ရှိပါတယ်။  (Lightning is a massive electrostatic discharge between the electrically charged regions within clouds or between a cloud and the surface of a planet.)  အဲဒီသုံးမျိုးထဲမှာ အဖြစ်အများဆုံးက ပထမနှစ်ခုဖြစ်တဲ့ IC, CC တို့ပဲဖြစ်ပြီး ကျွန်တော်တို့ကို ဒုကအပေးဆုံးကတော့ နောက်ဆုံးတစ်ခုဖြစ်တဲ့ CG ပဲဖြစ်ပါတယ်။ မိုးကြိုးပစ်သမျှရဲ့ 25ရာခိုင်နှုန်းကသာ တိမ်တွေနဲ့မြေပြင်အကြား CG ပစ်နေခြင်း ဖြစ်ပါတယ်။

မိုးကြိုးပစ်တဲ့နေရာမှာ  positive lightning နဲ့ negative lightning ဆိုပြီး ရှိပါသေးတယ်။ negative lightning ပစ်တဲ့အခါမှာ လျှပ်စီးပမာဏဟာ 30 000 A ကနေ 120000 A အထိ ရှိတက်ပြီး၊ positive lightning ပစ်တဲ့အခါမှာ 300 000 A အထိ ရှိနိုင်ပါတယ်။ positive lightning ဟာ ပြင်းထန်သလို ပစ်လည်း ပစ်ခဲပါတယ်။ မိုးကြိုးပစ်သမျှရဲ့ 5 ရာခိုင်နှုန်းသာ positive lightning ပစ်ခြင်း ဖြစ်ပါတယ်။ လေယာဉ်ပျံတွေအနေနဲ့ negative lightning ကို ကာကွယ်နိုင်ပေမယ့် positive lightning ကိုတော့ မကာကွယ်နိုင်ဘူးလို့ ဆိုပါတယ်။ 1963 ခုနှစ်မှာ ပေါက်ကွဲပြီး ပျက်ကျခဲ့တဲ့  Pan Am Flight 214, a Boeing 707 အတွက် လက်သည်တရားခံဟာ ဒီ positive lightning ဖြစ်နိုင်တယ်လို့လည်း ယုံကြည်ထားကြပါတယ်။  အမြန်နှုန်းကတော့ အလင်းရဲ့အမြန်နှုန်းဖြစ်တဲ့ 1×108 m/s ၀န်းကျင်ပဲဖြစ်ပါတယ်။ တခါ ပစ်တဲ့ ကြာချိန်ကလည်း အရမ်းကို မြန်ဆန်ပြီး တစ်စကန့်ကို အပုံတစ်သန်းပုံမှ ၁၀ ပုံလောက်ပဲရှိပါတယ်။ တစ်နေရာထဲကိုပဲ သုံးလေးချက်ကနေ အချက် ၃၀လောက်ထိ ဆက်တိုက် ပစ်တာမျိုးလည်း ရှိပါတယ်။  အောက်က ပုံကတော့ တစ်နှစ်ကို 1km2 ဧရိယာအတွင်း မိုးကြိုးပစ်နိုင်တဲ့ အရည်အတွက်ကို ဒေသအလိုက် ပြထားခြင်းပဲဖြစ်ပါတယ်။

World map showing frequency of lightning strikes, in flashes per km² per year (equal-area projection), from combined 1995–2003 data from the Optical Transient Detector and 1998–2003 data from the Lightning Imaging Sensor.

Lightning Protection System equipment and installation 


Lightning tape အဖြစ်အသုံးပြုရာမှာ copper နဲ့ aluminum ကို အသုံးပြုကြပြီး earth pit ကနေ test link box အထိကိုပဲ copper tape ကို အသုံးပြုပြီး အပေါ်ပိုင်းကိုတော့ aluminum tape ကို အသုံးပြုတက်ပါတယ်။ ဈေးသက်သာတာအပြင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး copper လို ကြေးညှိတက်ခြင်း မရှိလို့လည်း ဖြစ်ပါတယ်။ တချို့သော အဆောက်အဦးတွေမှာတော့ earth pit တစ်ခုနဲ့တစ်ခုကို copper bare cable နဲ့ ပတ်လည်ဆက် looping ခြင်းအားဖြင့် resistivity ကို ပိုလျော့အောင် ပြုလုပ်ထားလေ့ရှိပါတယ်။ 

Lightning protectionလုပ်တဲ့အခါမှာ အဆောက်အဦးရဲ့ အမြင့်ဆုံးအပိုင်းတွေမှာ air terminal လို့ခေါ်တဲ့ တိုင်လေးတွေကို တပ်ဆင်ပြီး သူတို့အချင်းချင်းကြားမှာ ခုနကပြောတဲ့ copper or aluminum tape တွေနဲ့ အလျားလိုက် အနံလိုက် ဆက်ထားပါတယ်။ ဒီ air terminal လေးတွေကို lightning arrestor  လို့လည်း ခေါ်ပါတယ်။ သူက မိုးကြိုးပစ်တာ တစ်နည်းအားဖြင့် ကောင်းကင်က လျှပ်စစ် အဖို/အမ နဲ့ မြေပြင်က အဖို/အမတို့ကြား  copper/aluminum tape တွေကနေတစ်ဆင့် တိုက်ရိုက်စီးနိုင်အောင် လွယ်ကူစွာ စီးနိုင်အောင် ဆက်ပေးထားတာပါ။  အဲဒီ copper/aluminum tape တွေဟာ လျှပ်စစ်ခုခံနိုင်အား (resistivity) အနိမ့်ဆုံး သတုတွေပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီ air terminal တွေရဲ့ ကာကွယ်ပေးနိုင်တဲ့ ဧရိယာ (coverage area) က 45 ဒီဂရီလို့ ဆိုပါတယ်။ သူ့အောက် 45 ဒီဂရီအတွင်း မိုးကြိုးပစ်တာကို သူက ကာကွယ်ပေးနိုင်ပါတယ်။

Test Link Box လေးတွေကတော့ ဒီ lightning protection system မှာရှိတဲ့ resistivity ကို စမ်းသက်လို့ ရအောင် ထားထားပေးတာဖြစ်ပါတယ်။ သူက မရှိမဖြစ်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ သူ့ကို မထားပဲ earth pit ကနေပဲ စမ်းတာတွေလည်း ရှိပါတယ်။ အဲဒီ earth pit ကတော့ earth rod လေးတွေ မြေကြီးထဲကို ရိုက်ထည့်ပြီး သူနဲ့ အပေါ်က ဆင်းလာတဲ့ copper or aluminum tape တို့ ဆက်တဲ့ connect လုပ်တဲ့နေရာပဲဖြစ်ပါတယ်။ မြေကြီးရဲ့ resistivity ပေါ်မူတည်ပြီး earth rod လေးတွေကို ၃ ချောင်းကနေ ၄-၅ ချောင်းလောက်ထိ ကိုယ်လိုချင်တဲ့ ခုခံအားအထိ ရအောင် ဆက်ဆက်ပြီး ရိုက်ထည့်သွားရပါတယ်။ အဲဒီလို ရိုက်တဲ့နေရာမှာလည်း မြေအောက်ထဲမှာ ရေပိုက်တွေ တခြား sewage ပိုက်တွေ မရှိတဲ့နေရာ ဖြစ်အောင် ဂရုစိုက်ရပါတယ်။ earth pit box ရွေးချယ်တဲ့အခါမှာလည်း driving way ဒါမှမဟုတ် car parking တို့ထဲရောက်နေရင် အကြမ်းခံ အမာခံ (heavy duty) အမျိုးအစားသုံးရပြီး တခြားနေရာတွေမှာတော့ ရိုးရိုး Light duty ပေါ့ပေါ့ပါးပါးပဲ သုံးလို့ရပါတယ်။ ပြီးရင် earth pit တစ်ခုစီရဲ့ resistivity တန်ဖိုးတွေကိုလည်း သူ့ထဲမှာ label ကပ်ထားပေးရပါတယ်။
light duty earth pit (အနက်ရောင်အကွက်လေးမှာ resistivity တန်ဖိုးနှင့် earth pit နံပါတ်ဖြစ်သည်)
heavy duty earth pit (label ကို box အထဲတွင် တပ်ထားသည်။)

No comments:

Post a Comment