Sunday 27 July 2014

Fire Protection System (6)

8.     Fire Alarm System

Lift supervisory Panel, Fireman Intercom, Mimic panel, MAP (Main Alarm panel) (from left to right)

Fire alarm system  ကတော့ အပေါ်မှာ ပြောခဲ့သမျှအားလုံးရဲ့  အချုပ်ပဲဖြစ်ပြီး  သူတို့တွေအားလုံးရဲ့ လှုပ်ရှားမှုတွေကို သူ့ဆီသတင်းပို့နေရတဲ့  data center  သဘောမျိုးလည်း ဖြစ်ပါတယ်။ sprinkler  ရေထွက်ပြီဆိုလည်း သူ့ဆီသတင်းရောက်ပါတယ်။ smoke detector မီးခိုးနံ့ရပြီဆိုလည်း သူဆီသတင်းပို့ရပါတယ်။ ဘယ်ပန့်လည်နေတယ်။ ဘယ် sprinkler pipe တော့ ရေစီးနေပြီ၊ အကုန်လုံး သူ့ကို သတင်းပို့ရပါတယ်။ သူ့ဆီမှာ ရှိနေပါတယ်။ အဲဒီ အ၀င် incoming signal တွေ အချက်ပြချက်တွေရပြီဆိုရင် သူက အထွက် outgoing command တွေ ပြန်ပေးပါတယ်။ အဲဒါကတော့ alarm bell တွေ မည်တာ၊ electromeganatic door တွေ ပွင့်/ပိတ်တာ၊ fire shutter တွေ ပိတ်တာ နောက်အရေးကြီးဆုံးဖြစ်တဲ့ မီးသတ်ဌာနကို တိုက်ရိုက်အကြောင်းကြား အချက်ပို့ပေးတာတို့ပါပဲ။ 

အဆောက်အဦး တစ်ခုလုံးရဲ့  မြေပုံ (master mimic panel) ရယ်၊ ပြီးတော့ အဲဒီမြေပုံထဲမှာ အထပ်အသီးသီး နေရာအသီးသီးက ဒီ fire fighting system ထဲက ဘယ်ပစည်း ဘယ်နေရာမှာ ဆိုတာတွေအကုန်သူ့မှာ ထည့်ထားရပါတယ်။ ဥပမာ  hosereel တစ်ခုကို ဖွင့်လိုက်တယ် ဆိုတာနဲ့ သူ့ဆီမှာ အချက်ပေးသံထွက်လာသလို မြေပုံမှာလည်း အဲဒီ hosereel ရဲ့ အထပ်နဲ့ နေရာရှိတဲ့နေရာက မီးလေးဟာ အနီရောင်တဖျက်ဖျက် လင်းလာပါတယ်။

 အဲလိုပဲ smoke detector ဆိုလည်း မီးခိုးရပြီဆိုတာနဲ့ သူ့ဆီချက်ချင်းသတင်းရောက် အချက်ပေးသံမြည် ပြီးတော့ မြေပုံပေါ်က သူ့နေရာမှာလည်း မီးနဲ့အချက်ပြပါတယ်။  FCC room ထဲမှာ ရှိတဲ့ မြေပုံကို Master MIMIC panel လို့ခေါ်ပြီး သက်ဆိုင်ရာအထပ်တွေရဲ့ staircase တွေ Fire Fighting Lobby တွေမှာတော့ အဲဒီအထပ်တွေရဲ့ မြေပုံ floor mimic panel တွေ ရှိတက်ပါတယ်။

Master mimic panel
သူက သတင်းရပြီဆိုရင် သူကပြန် report လုပ်ရတာရှိသလို၊ သူက တိုက်ရိုက်ခိုင်းတာတွေလည်း ရှိပါတယ်။ decam ကုမဏီ (decentralized Alarm Monitoring System) ဆီကို သူက report လုပ်ရပါတယ်။ အဲဒီကုမဏီတွေက call center တွေနဲ့ အလားတူပဲဖြစ်ပြီး၊ Cisco တို့လို ကုမဏီကြီးတွေက တာဝန်ယူပါတယ်။ အဲဒီ decam ကနေပြီးတော့ သက်ဆိုင်ရာအဆောက်အဦးက တာဝန်ရှိသူကို ဖုန်းခေါ်ပြီး သေချာ မသေချာ မေးပါတယ်။ confirm လုပ်ပါတယ်။ ဟုတ်တယ်ဆိုမှ မီးသက်ဌာနကို သူက ခေါ်ပါတယ်။ ဒါက သူက report လုပ်ရတာပါ။

မီးလောင်ပြီလို့ သတင်းရတာနဲ့ သူဘာသာသူ တိုက်ရိုက်ခိုင်း (ညွှန်ကြား) ရတာတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့ ဓာတ်လှေခါး (lift) အကုန်လုံး ဘယ်နားမှာ ရောက်နေရောက်နေ ပထမထပ်ကို အကုန်ဆင်းပြီး ရပ်သွားအောင် ခိုင်းပါတယ်။ နောက် ရိုးရိုးလှေခါးတွေအတွက် လေပေးတဲ့ ventilation fan တွေကို အမြန်နှုန်းနဲ့ လည်ပတ်စေပါတယ်။ ဒါမှ လှေခါးကနေ ပြေးဆင်းလာမယ့် သူတွေအတွက် အသက်ရှုဖို့ လေကောင်းကောင်း ရနိုင်မှာဖြစ်သလို လှေခါးထဲက လေဖိအားက ကြီးနေတဲ့အတွက် အပြင်က မီးခိုးတွေတော်ရုံနဲ့ ၀င်လို့မရမှာလည်း ဖြစ်ပါတယ်။  နောက် PA (public address)  system နဲ့ ချိတ်ဆက်ပြီး မီးလောင်နေတယ်လို့ သတင်းရကြောင်း ကြိုတင်အသံသွင်းထားတဲ့အတိုင်း ကြေငြာပြီး လူတွေကိုအကြောင်းကြားရပါတယ်။ PA system ဆိုတာကတော့ အဆောက်အအုံတစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ စပီကာတွေ speaker တွေကို ပြောတာပါပဲ။  တကယ်လို့ ဇုန်အလိုက်ပဲဆိုရင်လည်း မီးလောင်တဲ့ဇုန်ကိုပဲ အကြောင်းကြား ကြေငြာပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆောက်အဦးတစ်ခုလုံးမှာ တပ်ထားတဲ့ Alarm bell တွေကိုလည်း အသံတွေမြည်စေမှာဖြစ်ပါတယ်။

ပြီးရင် အရေးကြီးဆုံးဖြစ်တဲ့ ကဒ်စနစ်နဲ့ ဖွင့်ရတဲ့ အရေးပေါ်ထွက်ပေါက်အဖြစ် သတ်မှတ်ထားတဲ့ တခါးတွေ (electromagnetic door) တွေ အကုန် ချက်ချင်းအလိုအလျောက် ပွင့်ရပါတယ်။ ဒါမှ အကုန်လုံးအလွယ်တကူ ထွက်နိုင်မှာဖြစ်ပြီး အထဲမှာ ပိတ်မိတဲ့လူ မရှိနိုင်မှာပါ။ Fire roller shutter ဆိုရင်တော့ အကုန်ပိတ်ရပါတယ်။ သူက မီး အခန်းမကူးနိုင်အောင် ဖြစ်ပါတယ်။

တချို့ ကြီးမားတဲ့ အဆောက်အဦးတွေ shopping center တို့လိုနေရာမျိုးတွေမှာ မီးလောင်မှုဖြစ်ပွားခဲ့ရင် ဖြစ်နေတဲ့နေရာကနေ တခြားကို မကူးနိုင်စေဖို့ fire curtain or fire roller shutter လို့ခေါ်တဲ့ စနစ်ကိုလည်း တပ်ဆင်ကြပါတယ်။ မီးလောင်တာနဲ့ အဲဒီ fire curtain က သတ်မှတ်ထားတဲ့ နေရာတွေမှာ ကန့်လန့်ကာကျသလို ကျလာခြင်းအားဖြင့် နေရာတွေကို ကန့်သတ်လိုက်ပါတယ်။ အဲဒါကြောင့် ကျန်တဲ့နေရာတွေကို လွယ်ကူစွာမီးမကူးနိုင်တော့တဲ့အတွက် မီးငြိမ်းသက်တဲ့နေရာမှာ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ fire roller shutter နဲ့ သဘောအတူတူပါပဲ။ (Fire roller shutter က မီးလောင်ရင် ပိတ်မှာဖြစ်တဲ့အတွက် သူ့ကိုတပ်ဆင်ရင် ထွက်ပေါက် (exit) အဖြစ် နောက်ထပ် တံခါးပေါက် တစ်ခုကိုလည်း တပ်ဆင်ပေးရပါတယ်)

ဒါတွေအကုန်လုံးကို control module လို့ခေါ်တဲ့ ပွိုင့်လေးတွေကနေ fire alarm system နဲ့ ချိတ်ဆက်ထားရပါတယ်။

တကယ်လို့ မီးက စ လောင်နေပြီ။ ဒါပေမယ့် အရမ်းမများသေးတဲ့အတွက် အပူချိန်သိပ်မရှိသေးလို့ sprinkler ကလည်း ရေမဖြန်းသေးဘူး။ smoke detector  အနားမှာ မတပ်ဆင်ထားတဲ့အတွက် သူကလည်း အချက်မပို့နိုင်ဘူး။ ကိုယ်က ခုနက တပ်ဆင်ထားတဲ့ hose reel တွေ fire extinguishe တွေကိုလည်း မသုံးတက်ဘူးဆိုပါတော့။ မီးလောင်နေကြောင်း ဘယ်လို သတင်းပေးကြမလဲ။ အရမ်းကို လွယ်ကူပါတယ်။ Manual Call Point လို့ခေါ်တဲ့ ခလုပ်လေးမှာရှိတဲ့ မှန်ချက်လေးကို လက်ညှိုးလေးနဲ့ ထိုးလိုက်ရုံပါပဲ။ အဲဒီမှန်ချက်လေးက အရမ်းကွဲကြေလွယ်ပြီး သူကွဲတာနဲ့တပြိုင်နက် ခုနက fire alarm system မှာ အချက်ပေးသံထွက်လာမှာဖြစ်ပါတယ်။ ပြီးတော့မှ ခုနက အဆင့်ဆင့်လုပ်ပြီး လာငြိမ်းသက်ကြမှာပါ။

အနီရောင်ခလုပ်လေးက manual call point ဖြစ်ပါတယ်။ အလယ်က မှန်လေးကို အားနည်းနည်းထည့်ပြီး ဖိလိုက်ရင် မှန်ကွဲသွားပြီး သူကအကြောင်းကြားပေးမှာဖြစ်ပါတယ်။ သူ့အပေါ်မှာ bell တစ်ခု အမြဲတက်ဆင်ထားပါတယ်။ မှန်လေးကွဲသည်ဖြစ်စေ အခြား fire alarm ရသည်ဖြစ်စေ အဲဒီ bell တွေက အသံတွေ မည်လာမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုပြောစရာကျန်နေတာကတော့ Fire Command Center (FCC) ပဲဖြစ်ပါတယ်။ မီးဘေးအနရာယ်ဖြစ်လာရင် အသုံးပြုရမယ့် facility တွေအကုန်လုံး ဒီအခန်းထဲမှာ ထားရပါတယ်။ ဘယ်နားတွေ လောင်နေလဲသိဖို့ Fire Alarm system, အထဲက လူတွေနဲ့ စကားပြောဖို့ Fireman Intercom, လှေခါးထဲ လေရှိ မရှိသိဖို့ remote control panel for staircase ventilation, ဓာတ်လှေခါးတွေ ပထမထပ်ကို ဆင်းမဆင်း သိဖို့ Lift supervisory panel, အဆောက်အအုံတစ်ခုလုံး သတိပေးချက် ထုတ်ပြန်ပေးဖို့ PA system အကုန်လုံး ဒီအခန်းထဲမှာ ရှိရပါတယ်။ ဒါမှ မီးလောင်မှုဖြစ်ရင် မီးသက်ဌာနအနေနဲ့ ဒီအခန်းထဲကနေ အခြေအနေတွေအားလုံးကို လေ့လာသုံးသပ်ပြီး အကဲခက် ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ စီစဉ်ညွှန်ကြားနိုင်မှာဖြစ်ပါတယ်။


ဒါတွေက မီးငြိမ်းသက်ဖို့ပဲ ဖြစ်ပြီး မီးလောင်လာရင် လူတွေအလျှင်အမြန် အဆင်ပြေပြေ ထွက်ပြေးနိုင်ဖို့ ပြင်ဆင်ပေးရတဲ့အချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ exit sign တွေ emergency light တွေပဲဖြစ်ပါတယ်။ ထွက်ပြေးတဲ့လမ်းတလျှောက် အောက်ဆီဂျင်ရရှိနေစေဖို့အတွက် ventilation system (fresh air fan) ကိုလည်း ACMV ဘက်က ပြင်ဆင်ပေးရပါတယ်။ smoke stop lobby တွေဆို အပြင်ကမီး အထဲကို အလွယ်တကူ မ၀င်နိုင်အောင် အထဲကို လေဖိအားများများ ထည့်သွင်းပေးရတာလည်း ရှိပါတယ်။ ၀င်လာမယ့်မီးခိုးကို အထဲက လေဖိအားက တွန်းထုတ်ပေးတဲ့သဘောပါ။ ဒီနေရာမှာ မီးခိုးကို တွန်းထုတ်ပေးတယ်ဆိုပေမယ့် ၀င်လာမယ့်လူတွေ တံခါးကိုတွန်းဖွင့်နိုင်ဖို့လည်း စဉ်းစားရပါတယ်။ အဲဒါကြောင့် ဖိအားအရမ်းမများအောင်လည်း ထည့်တွက်ရပါတယ်။

1 comment:

  1. I Want To Know about of DECAM Panel.I hope you will reply.

    ReplyDelete