Sunday 27 July 2014

Electrical (4)

Busbar

Main Distribution Board ကနေ sub distribution board တွေကို power ပေးပို့ရာမှာဖြစ်စေ၊ Isolator တွေဆီကို ပါဝါပေးပို့ရာမှာဖြစ်စေ cable တွေနဲ့ ဆက်သွယ်တဲ့ အခါမှာ ကေဘယ်လ်ကြိုးတွေ ရှုပ်ရှက်ခက်နေတာတွေ ကေဘယ်လ်တွေ ပေါက်တာ ပွန်းတာပဲ့တာတွေကနေ short circuit တွေဖြစ်တာတွေ၊ တက်ဆင်ချိန် ကြာမြင့်တာတွေ ကို ရှောင်ကြဉ်နိုင်ဖို့ အတွက် busbar system တွေကို အသုံးပြုလာခဲ့ကြပါတယ်။ တပ်ဆင်ချိန်မြန်တယ်ဆိုပေမယ့် သူ့ကို ဈေးကွက်မှာ အလွယ်တကူ ၀ယ်ယူလို့ မရတာတော့ ရှိပါတယ်။ ကိုယ်လိုချင်တဲ့အရှည်ကို အတိအကျ အကွေ့တွေ အပေါ်တက် အောက်ဆင်းတွေကအစ သေသေချာချာ တိုင်းတာပြီး အတိအကျ မှာရပါတယ်။ လွဲလို့မရပါဘူး။ subcon တွေဆီက 3D design ကိုတောင်းကြည့်လို့လည်း ရပါတယ်။ busbar နဲ့ cable wire တို့ရဲ့ အားသာချက် အားနည်းချက်တွေကို အောက်ကဇယားမှာ ဖော်ပြထားပါတယ်။ နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။



 
 Busbar with 200% neutral (copper)                  Busbar Installation (Aluminum)


Circuit Breaker rating ပေါ်မူတည်ပြီး copper busbar ရဲ့ size တွေကို အောက်ပါဇယားမှာ ကြည့်ရှု့နိုင်ပါတယ်။ bus bar တွေတပ်ဆင်တဲ့နေရာမှာ အဆက်နေရာတွေက အလွန်အရေးကြီးပါတယ်။ သူ့မှာပါတဲ့ L1, L2,L3,N,E စတာတွေကို မှန်မှန်ကန်ကန် တပ်ဆင်ဖို့လိုသလို တင်းတင်းကျပ်ကျပ် ၀က်အူရစ်ဖို့လည်း လိုပါတယ်။ များသောအားဖြင့် တစ်ပိုင်းကို 2.3m ၀န်းကျင်ရှိပြီး တစ်ခါဆက်ပြီးတိုင်း အစအဆုံး megga test or continuity test လုပ်ရပါတယ်။ ၀က်အူရစ်ကျပ် မကျပ် မှန် မမှန်ကိုသိဖို့ torque test တွေလုပ်ရပါတယ်။

Busbar နမူနာပုံစံ (sample) တစ်ခု။

အပြင်က အလူမီနီယံက busbar cover ပါ။ အထဲက အပြာနုရောင်တွေက L1,L2,L3,N တို့ဖြစ်ပြီး အ၀ါရောင်ကတော့ earth အတွက်ဖြစ်ပါတယ်။ ဒီလိုဟာမျိုး နှစ်ခုကို ဆက်တဲ့နေရာမှာ တစ်ခုကြားကို တစ်ခုထည့်ပြီးရင် အပြင်က ၀က်အူနဲ့ ကျပ်ရပါတယ်။ ဒီ busbar မှာ ပြထားတဲ့ အ၀ါရောင်ကော်ပြား ၀ါရှာလေးပြုတ်ထွက်တဲ့အထိ ၀က်အူကို ကျပ်ရပါတယ်။ အဲဒီ ၀ါရှာလေးနဲ့ နတ်ခေါင်းလေး ပြုတ်ထွက်တဲ့အားဟာ ဒီ busbar အတွက် သက်မှတ်ထားတဲ့ တင်းကျပ်အား torque ပါပဲ။ ဒါကို torque test လို့ခေါ်ပါတယ်။ torque test လုပ်ဖို့အတွက် wench လို့ခေါ်တဲ့ ဂွတစ်မျိုးလိုပါတယ်။ ပုံထဲက ဂွပါ။ သူ့မှာ torque value ပြတဲ့အမှတ်အသားတွေ အရင်းပိုင်းမှာပါ ပါတယ်။ ယူနစ်က newton ပါ။ ကိုယ်က 70 newton အားနဲ့ ကျပ်မယ်ဆိုရင် အဲဒီဂွရဲ့ အောက်ခြေက ယူနစ်တွေမှာ 70 newton ကိုရွေးပြီး နတ်ခေါင်းကို ကျပ်လိုက်ရင်လည်း ရပါတယ်။ ဒါပေမယ့် အပေါ်က ပြောထားသလိုမျိုး အ၀ါရောင်ဝါရှာလေး ပြုတ်ထွက်တဲ့အထိ ကျပ်လည်း အတူတူပါပဲ။


 အောက်ပါဇယားမှာ ကိုယ်လိုချင်တဲ့ ampere အလိုက် အသုံးပြုရမယ့် busbar size တွေကို ဖော်ပြထားပါတယ်။



Circuit Breaker rating
Busbar minimum size
32A/40A
20.4mm x 3.18mm
63A/100A
25.4mm x 3.18mm
150A/200A
25.4mm x 6.35mm
300A
31.75mm x 6.35mm
400A
40mm x 7mm
600A
40mm x 10 mm
800A
54mm x 10mm
1200A
85mm x 10mm
1600A
120mm x 10mm
2000A
150mm x 10mm

No comments:

Post a Comment