Wednesday 30 July 2014

Building Management System (BMS) (2)

Main Switch Board အပိုင်းကို ကြည့်တဲ့အခါမှာ




MSB မှာ အ၀င် ၂ လိုင်းရှိပါတယ်။ အဲဒီအ၀င်လိုင်း ၂ ခုရဲ့ အဖွင့်အပိတ် အခြေအနေ (on/off status)၊ Trip ဖြစ်နေလား စသဖြင့်ကိုလည်း စောင့်ကြည့်နိုင်ပါတယ်။ အောက်ဆုံးက busbar coupler ဆိုတာက နည်းနည်း ရှင်းပြဖို့ လိုပါတယ်။ ခုနက အ၀င်လိုင်း ၂ ခုက MSB ရဲ့ တစ်ဘက်တစ်ချက်စီမှာ ရှိပြီး သူ့အပိုင်းနဲ့သူ serve လုပ်ပါတယ်။ ဓာတ်အားပေးပါတယ်။ ဥပမာ အ၀င်းလိုင်း အမှတ်တစ်က အဲကွန်းရဲ့ chiller, AHU စတာတွေကို ပါဝါပေးပြီး နောက်တစ်ခု အမှတ်နှစ်က သာမန် lighting, power တွေကို ပေးတယ်ဆိုပါတော့။ သူတို့နှစ်ခုက ဆက်စပ်မှု မရှိပါဘူး။ သူ့အပိုင်း သူပေးနေတာပါ။ တကယ်လို့ လိုင်းတစ်လိုင်း ကျသွား (off) ဖြစ်သွားတဲ့အခါမှ ဒီ busbar coupler က သူတို့လိုင်း ၂ ခုကို ဆက်ပေးပြီး တစ်လိုင်းတည်းနဲ့ နှစ်ဘက်ကို လုပ်ခိုင်းတာပါ။ သူက ပုံမှန်အားဖြင့် off အခြေအနေမှာ ရှိနေပြီး တစ်ခုခု လိုင်းကျသွားမှသာ သူက activate ဖြစ်ပြီး on stage အခြေအနေ ဖြစ်လာမှာဖြစ်ပါတယ်။

သူ့အတွက်လည်း power meter တွေ သီးခြားတပ်ဆင်ပေးထားပါသေးတယ်။ အဲဒါကြောင့် ပါဝါမီတာဟာ အ၀င် HT panel မှာ တစ်ခု နောက် PG ကသူတို့ဖတ်ဖို့လာတက်ထားတဲ့ power meter chamber ထဲမှာ တစ်ခု နဲ့ ခု MSB ထဲမှာ တစ်ခု စုစုပေါင်း သုံးခု ရှိလာပြီးဖြစ်ပါတယ်။ ဖြစ်ရမှာက အဲဒီသုံးခုလုံးရဲ့ meter reading ဟာ တူညီရမှာ ဖြစ်ပါတယ်။

ဒီ MSB ဟာလည်း ခုနက HT panel လိုပါပဲ။ စောင့်ကြည့်လို့ပဲ ရပြီး ပြုပြင်တာ ထိန်းချုပ်တာတွေ လုပ်ခွင့်မရပါဘူး။ သူကတော့ LV (low voltage) အပိုင်းရောက်လာပြီဖြစ်လို့ သူ့ရဲ့အထွက်ပိုင်းကို LEW (License Electrical Worker) လောက်က စမ်းသပ်ခွင့် ကိုင်တွယ်ခွင့် ရှိလာပါတယ်။ ဒါတောင် သိပ်ဗို့အားမပြင်းတဲ့ အထွက်တွေကိုပါ။ MSB အ၀င်ကိုတော့ LEW လည့်း ကိုင်တွယ်ခွင့် မရှိပါဘူး။


ဆက်ပြီး EMSB (Emergency Main Switch Board) ကို ဆက်ကြည့်မယ် ဆိုရင်



EMSB ရဲ့ Main Incoming က MSB က လာတာပါ။ incoming တစ်ခုပဲ ရှိပါတယ်။ သူ့မှာက အဖွင့်အပိတ် (on/off status) နောက် Trip alarm နဲ့ သီးခြား power meter တစ်ခု ရှိတဲ့အတွက် အဲဒါကို ဖတ်နိုင်ရမှာ ဖြစ်ပါတယ်။ နောက် auto transfer switch ဆိုတာက ပုံမှန်အခြေအနေ (normal) ကနေ MSB ကနေ ပါဝါမလာနိုင်တော့တဲ့အခါမျိုးမှာ Generator ကနေ ပါဝါကို ပြောင်းယူဖို့ အလိုအလျောက် လုပ်ပေးတဲ့ ခလုပ်လေးတစ်ခုပဲဖြစ်ပါတယ်။ အဲဒီအတွက် သူ (EMSB) နဲ့ Generator ကြားမှာ sensing cable လို့ခေါ်တဲ့ အချက်ပေး ကေဘယ်လ်တစ်ချောင်း သက်သက်ပြေးထားရပါတယ်။ MSB က ပါဝါ ၀င်/မ၀င် ကို အဲဒီကြိုးလေးက Generator ကို အကြောင်းကြားပေးပါတယ်။ မ၀င်ဘူးဆိုတာနဲ့ Generator က စ အလုပ်လုပ်ပါတယ်။

အဲဒီအချိန်မှာ ဒီ auto transfer switch လေးက ON သွားပြီး (auto transfer switch)supply 2 ဖြစ်တဲ့ generator power နဲ့ ဆက်ပြီး အားပေးပါတယ်။ အဲဒီအချိန်မှာ MSB ကလာတဲ့ (auto transfer switch) supply 1 က OFF ဖြစ်ရမှာပါ။ စင်ကာပူ standard အရ MSB က မီးပျက်လို့ 15 seconds အတွင်း Generator power ပြန်လာရမှာဖြစ်ပါတယ်။ ဆိုလိုတာက အများဆုံး မီးပျက်ချိန်ဟာ 15s ပဲ ရှိရမှာဖြစ်ပါတယ်။ (RI လို့ခေါ်တဲ့ Registrar inspector စစ်ဆေးတဲ့အချိန်မှာ ဒါကို သေသေချာချာ စစ်ဆေးလေ့ရှိပါတယ်။ MSB ကနေ shutdown လုပ်လိုက်လို့ Generator က 15s အတွင် (kick in) စ မလည်ဘူးဆိုရင် RI က defect အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။) မီးပျက်တယ်ဆိုပေမယ့် လုံးဝ ပျက်တာ (total power failure) ဖြစ်တာမဟုတ်ပါဘူး။ တချို့အရမ်းအရမ်း အရေးကြီးတဲ့ စက်တွေအတွက် UPS (uninterruptable power supply) ခေါ် ဘက်ထရီတွေနဲ့ ချိတ်ထားတဲ့အတွက် အဲဒီ UPS နဲ့ဆက်ထားတဲ့ စက်တွေက လုံးဝကို မပျက်နိုင်ပါဘူး။ များသောအားဖြင့် ဆာဗာခန်း (server room) တွေ နောက် IDF/MDF (intermediate/main distribution frame) တွေ ငွေကြေးကိုင်တွယ်နေရတဲ့ ကောင်တာတွေမှာ မဖြစ်မနေ ထားလေ့ရှိပါတယ်။  ဒါ့အပြင် တချို့ lighting တွေမှာလည်း battery pack light တွေ တပ်ဆင်ထားလေ့ရှိတာကြောင့် မီးပျက်သွားရင် battery နဲ့ ဆက်အလုပ်လုပ်လို့ လုံးဝမှောင်ကျသွားတာမျိုး မရှိနိုင်ပါဘူး။

သူနဲ့ဆက်စပ်နေတဲ့ Generator ပိုင်းကို  ဆက်ကြည့်ရင်တော့



ပြထားတဲ့အတိုင်းပဲ ပထမ လည်နေလား ရပ်နေလား (run/stop) နောက် common alarm .

ပြီးတော့ low battery voltage ၊ သူကတော့ generator စလည်ဖို့အတွက် spark ပေးဖို့ နောက် generator အတွင်း Lighting အတွက်ထားတဲ့ battery အားနည်းနေလားဆိုတာကို ပြတာပါ။ အားနည်းနေရင် အပေါ်က common alarm ပါ ပေးမှာဖြစ်ပါတယ်။ နောက် လောင်စာပမာဏ (fuel) နည်းနေလား (Low level) ပိုလျှံနေလား  (high level) စိမ့်ထွက်နေလား (leakage) စသဖြင့် ကြည့်လို့ရပါတယ်။ နည်းနေတယ် ပိုနေတယ် စိမ့်နေတယ်ဆိုရင် common alarm ပေးမှာဖြစ်ပါတယ်။ ဒီမှာလည်း monitoring ပဲလုပ်နိုင်ပြီး control မလုပ်နိုင်ပါဘူး။ Generator run ပြီးဆိုရင်တော့ သက်ဆိုင်သူတွေဆီကို sms ပို့ပေးပါတယ်။

No comments:

Post a Comment