Sunday 27 July 2014

Electrical (2)

Circuit Breakers

Circuit breaker ဆိုတာတော့ ဖြူစ် (fuse) တွေနဲ့ သဘောခြင်း အတူတူပါပဲ။ current ကို (cut out) ဖြတ်တောက်ပေးတာပါ။ သူတို့ကို အဖွင့်အပိတ်လုပ်ဖို့ ခလုပ် (switch) အဖြစ် အသုံးပြုနိုင်သလို shock ဖြစ်တဲ့အခါ overload ဖြစ်တဲ့အခါ အလိုအလျောက်ပဲ current ကို ဖြတ်တောက်ပေးတဲ့အတွက် safety အတွက်လည်း အသုံးကျပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ overload ကြောင့် ရှော့ခ် shock ဖြစ်ပြီး မီးလောင်တာတွေဟာ ဒီ circuit breaker တွေကို မှန်မှန်ကန်ကန် အသုံးမချနိုင်တာကြောင့်လို့ ပြောနိုင်ပါတယ်။ ပုံမှန် electrical distribution board (DB) တစ်ခုမှာ ပါဝင်လေ့ရှိတဲ့ circuit breaker တွေကို ကြည့်မယ်ဆိုရင်

RCCB – Residual Current Circuit Breaker
           

Single phase and three phases RCCB

RCD (Residual Current Device) လို့လည်း ခေါ်ပါတယ်။ သီအိုရီအရ live wire ကထွက်သွားတဲ့ current ပမာဏဟာ neutral wire ကနေ ပြန်လာရပါတယ်။ တနည်းအားဖြင့် အထွက်နဲ့ အ၀င် ပမာဏခြင်း တူညီရပါတယ်။ ဒီ breaker က ဒီလို အထွက်နဲ့အ၀င် (live and neutral) ၀ါယာနှစ်ကြိုးက current ပမာဏကို ထောက်လှန်းပြီး မတူညီခဲ့လို့ရှိရင် တစ်နေရာရာမှာ current leak ဖြစ်ပြီး ရှော့ခ် shock ဖြစ်နေပြီလို့ သိပြီး ချက်ချင်း current ကို ဖြတ်ချလိုက်ပါတယ်။  (A residual current circuit breaker is an electrical wiring device that disconnects the circuit whenever it detects an imbalance in the electrical current between the live conductor and the neutral. The device works by measuring the current balance between the two conductors using a differential current transformer. If the currents in the two do not sum up to zero then the breaker disconnects the live conductor.)

အသုံးများတဲ့ RCCB ရဲ့ rating တွေကတော့ 30mA နဲ့ 100 mA တို့ပဲဖြစ်ပါတယ်။ ဒီ  rating ရဲ့ သဘောက ဥပမာ 30mA ဆိုရင် အ၀င်အထွက် current ကွာခြားချက် 0.03 A အထိပဲ လက်ခံပါတယ်။ အဲဒီထက်များတာနဲ့ ဖြတ်ချပေးတာပါ။ အချိန်ကလည်း 30 ms ( 0.003 second) အတွင်းမှာ ဖြတ်ချပေးတာဖြစ်လို့ ထိခိုက်မှု အနည်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် live-neutral ကို တိုက်ရိုက်ရှော့ခ်ပေးရင်တော့ သူက အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထွက်သမျှတိုက်ရိုက် ပြန်ဝင်နေမှာဖြစ်လို့ပါ။ ဒါက အသေအချာမှတ်ထားသင့်တဲ့ အချက်ဖြစ်ပါတယ်။

ELR- Earth Leak Relay


MCB – Miniature Circuit Breaker

         


သတ်မှတ်ထားတဲ့ current ပမာဏ (Ampere) ထက်ကျော်တာနဲ့ circuit တစ်ခုလုံးကို ဖြတ်ချပေးပါတယ်။ တနည်း overload ဖြစ်တာနဲ့ ဖြတ်ချပစ်တာပါ။ 10A, 20A,32A, 40A စသဖြင့် သူ့သတ်မှတ်ထားတဲ့ ပမာဏထက် အကျော်မခံပါဘူး။ အဲဒါကြောင့် overload ဖြစ်ပြီး ၀ါယာတွေ ပူ မီးလောင်တာတွေဖြစ်စရာ မရှိတော့ပါဘူး။ MCB ကိုသုံးမယ်ဆိုရင် rated current က 100A အတွင်းမှာပဲ သုံးလို့ရပါတယ်။

MCB ရွေးချယ်ခြင်း

trip ဖြစ်ဖို့ တနည်းအားဖြင့် current ကို ဖြတ်တောက်ပေးဖို့ လိုအပ်တဲ့ current ပမာဏနဲ့ ဖြတ်တောက်ဖို့ ယူတဲ့အချိန်တွေအပေါ်မူတည်ပြီးတော့ ပုံမှန်သုံးလေ့ရှိတဲ့ MCB တွေကို အဓိကအားဖြင့် type B, type C, type D ဆိုပြီး အမျိုးအစား သုံးမျိုးခွဲခြားထားပါတယ်။

Type
Tripping current
Operating time
Type B
3 to 5 time full load current
0.04 to 14 seconds
Type C
5 to 10 time full load current
0.04 to 5 seconds
Type D
10 to 20 time full load current
0.04 to 3 seconds

ဒီသုံးမျိုးအတွက် အသုံးကို ကြည့်မယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

     Type B = Domestic (အိမ်ယာတွေနဲ့ ရုံးခန်းတွေအတွက် သုံးပါတယ်)
   Type C = Commercial (discharge lighting) (မီးအလှဆင်တာတွေ အတွက်သုံးပါတယ်)
   Type D = Motors (စက်ရုံတွေ စက်ပစည်းတွေအတွက် သုံးပါတယ်)

ဥပမာ Type B အမျိုးအစား MCB ကိုကြည့်မယ်ဆိုရင် သူ trip ဖြစ်ဖို့ လိုအပ်တဲ့ current ပမာဏက full load current ရဲ့ သုံးဆ ကနေ ငါးဆ လို့ဆိုပါတယ်။ ဆိုလိုတာက 13A Type B MCB တစ်ခု trip ဖြစ်ဖို့ဆိုရင် သူ့ရဲ့ သုံးဆဖြစ်တဲ့ 39A အထိ လျှပ်စစ်စီးမှသာ ဖြစ်မှာပါ။ ဒါကလည်း 0.04 ကနေ 14 စက်ကန့်အတွင်းမှာ trip ဖြစ်မှာ ဖြစ်ပါတယ်။

အဲဒီတော့ 13A MCB လည်းဆိုသေးတယ်၊ 39A ရောက်မှ ပါဝါဖြတ်တောက်ပေးမယ်ဆိုတော့ အဓိပါယ်မရှိဘူးလို့ ပြောစရာ ရှိပါတယ်။ ဒါပေမယ့် MCB တွေရဲ့ ဒီခံနိုင်အားဟာ ကေဘယ်လ်တွေရဲ့ ခံနိုင်အားနဲ့ တွက်ချက် ဆက်စပ်ပြီး ပြောထားတာဖြစ်ပါတယ်။ ခုခေတ် ကေဘယ်လ်တွေဟာ သတ်မှတ်ထားတဲ့ ခံနိုင်ရည်အားထက် ၅၀ ရာခိုင်နှုန်းကျော်တဲ့ current ကို တစ်နာရီကျော်ကြာ မပျက်မစီး ခံနိုင်ပါတယ်။ အဲဒါကြောင့် overload ဖြစ်တာနဲ့ တန်းပြီး ပါဝါကို မဖြတ်တောက်ပေးပေမယ့် ကေဘယ်လ်တွေရဲ့ ခံနိုင်အားကြောင့် ပူပြီးမီးလောင်တာတွေ ဘာတွေ မဖြစ်နိုင်တော့ပါဘူး။

အဓိက အကြောင်းပြချက်က တချို့သောစက်ပစည်းတွေဟာ ဥပမာ စက်လည်ဖို့ 8A လောက်သာ လိုအပ်ပေမယ့် စက်စနှိုးချိန်မှာ starting current က နှစ်ဆလောက် လိုအပ်ပါတယ်။ အဲဒါကြောင့် စက်စနှိုးချိန်မှာ overload ဖြစ်သွားနိုင်ပေမယ့် စက်လည်ပြီဆိုတာနဲ့ ပါဝါလိုအပ်မှုလည်း ကျသွားပြီး 8A နဲ့သာ လည်တော့တာဖြစ်ပါတယ်။ အဲဒါကြောင့် ရုတ်တရက် ampere အတက်အကျဒဏ်ကို ခံနိုင်ပြီး shut down ခဏခဏ မဖြစ်အောင် ဒီလို စီစဉ်ထားတာ ဖြစ်ပါတယ်။

နောက်ထပ် အရေးတကြီး မှတ်ထားဖို့သင့်တာက shock ဖြစ်တဲ့အချိန်မှာ MCB ဟာ trip မဖြစ်ပါဘူး။ power shut down မဖြစ်ပါဘူး။ shock ဖြစ်တဲ့အချိန်မှာ trip မဖြစ်ဖို့ကို သက်သက်ကို ဒီဇိုင်းဆွဲထားပေးတာ ဖြစ်ပါတယ်။ အပေါ်မှာ ပြန်ကြည့်ရင် shock ဖြစ်ရင် ပါဝါ ဖြတ်တောက်ပေးမှာက RCCB ဖြစ်ပါတယ်။ သူက 30 milisecond (0.003 second) အတွင်းမှာ ဖြတ်ချပေးမှာပါ။ MCB ကတော့ overload ဖြစ်ရင်တောင် အမြန်ဆုံး 0.04 second ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်တဲ့ဆီကို ပို့ပေးတာလည်း ဖြစ်ပါတယ်။ shock circuit ဖြစ်ဖို့အတွက် MCB ရဲ့ ခံနိုင်ရည်က 6000A (for domestic) နဲ့ 10000A (for industrial) အထိ ရှိပါတယ်။
အဲဒါကြောင့် overload ဖြစ်လို့ RCCB shut down ဖြစ်မှာ မဟုတ်သလို shock circuit ဖြစ်ရင်လည်း MCB က trip ဖြစ်မှာ မဟုတ်ပါဘူး။

RCBO (Residual Circuit Breaker with Overload)



Overload ဖြစ်ရင်လည်း ဖြတ်ချ၊ earth fault ဖြစ်ရင်လည်း ဖြတ်ချချင်တယ် ဆိုရင်တော့ ဒီ RCBO ကို သုံးရမှာဖြစ်ပါတယ်။ စတိုင်ကျကျ ကျစ်ကျစ်လစ်လစ် ဖြစ်သွားပါတယ်။


MCCB – Moulded Cased Circuit Breaker

           

MCB နဲ့ သဘောချင်း အတူတူပါပဲ။ overload အတွက် သုံးပါတယ်။ rated current ကတော့ 1000A အထိ ရပါတယ်။

VCB – Vacuum Circuit Breaker
          

Overload အတွက်ပါပဲ။ rated current က 3000A~6300A အထိ ရပါတယ်။ voltage အနေနဲ့ ဆိုရင် 35000V~40500 V အထိ ရပါတယ်။ Main Power Distribution system တွေမှာ သုံးပါတယ်။ Medium voltage system တွေမှာ သုံးပါတယ်။

ACB – Air Circuit Breaker

        



Overload အတွက်ပါပဲ။ rated current  10000A အထိပါ။ Main Power Distribution system တွေမှာ သုံးပါတယ်။ Medium voltage system တွေမှာ သုံးပါတယ်။ 



High Voltage System Circuit Breakers
ဒါတွေက ကျွန်တော်တို့ construction ဘက်ပိုင်းမှာ မသုံးပါဘူး။ ဗဟုသုတအနေနဲ့ သိချင်ရင် သိရရုံပါ။
ပုံတွေက Wikipedia ကယူပါတယ်။
 Three single phase Russian 110 kV oil circuit breakers



 72.5 kV Hybrid Switchgear Module



400 kV SF6 live tank circuit breakers

No comments:

Post a Comment