Sunday 27 July 2014

Electrical (1)

Substation
အရင်ဆုံး အ၀င်ကနေ စ ပြောရမယ်ဆိုရင် စက်ရုံဖြစ်စေ၊ အိမ်ယာစီမံကိန်း (HDB, Condo) ဖြစ်စေ ကျွန်တော်တို့ဆီမှာဆိုရင် ဓာတ်အားခွဲရုံလို့ခေါ်ရမယ့်  substation တစ်ခု ကနေ စ ရပါမယ်။ ဒီ substation ဆီအထိရောက်အောင် ကေဘယ် cable ကြိုးဆွဲပေးရတာက PG (power grid) ဌာနရဲ့ တာဝန်ပါပဲ။ ဒါပေမယ့် substation ဆီကို အပြင် Main line က ကေဘယ်လ်တွေဝင်ဖို့ အတွက်  ကိုယ့်စက်ရုံ အိမ်ယာစသဖြင့်ရဲ့  ၀န်းခြံအပြင်ဘက်ထိ မြေအောက်ပိုက်းလိုင်းတွေကို contractor က တည်ဆောက်ပေးရပါတယ်။

ဒီမြေအောက်ပိုက်လိုင်းနဲ့ အပြင်ဘက်မှာရှိနေတဲ့ မဟာဓာတ်အားလိုင်းကို Power grid ကဆက်ပြီး မြေအောက်ကေဘယ်ကြိုးတွေကို substation ထဲကို ဆွဲယူလာမှာဖြစ်ပါတယ်။ စင်ကာပူခြံမြေ ဖွဲ့စည်းပုံအရ ခြံဝန်းတိုင်းရဲ့ အပြင်ဘက်နယ်နမိတ်အစမှာ ရေမြောင်းရှိရမှာဖြစ်ပါတယ်။ အဲဒါကြောင့် contractor တွေအနေနဲ့ အဲဒီရေမြောင်းအပြင်ဘက် ၃၀၀ မီလီမီတာအထိ မြေကြီးထဲကနေ ရေမြောင်းအောက်ကို ဖြတ်ပြီး အပြင်ကို တူးယူတည်ဆောက်ပေးရပါတယ်။  ဒီပိုက်တွေကို lead in pipe လို့ခေါ်ပါတယ်။ 150 mm UPVC pipe တွေကိုသုံးရပြီး concrete jacket လို့ခေါ်တဲ့ hunching လုပ်ပေးရပါတယ်။ ပိုက်အရေအတွက်ကတော့ ကိုယ်လျှောက်တဲ့အပေါ် မူတည်ပြီး PG ကသတ်မှတ်ထားတဲ့ အတိုင်း လုပ်ပေးရမှာဖြစ်ပါတယ်။



Lead in pipe ကို hunch မလုပ်မီနှင့် လုပ်ပြီး warning tape ခင်းထားပုံ (နောက်ပိုင်း ကိစတစ်ခုခုကြောင့် မြေတူးကြပါက ယင်း warning tape ကိုတွေ့လျှင် အောက်တွင် ပါဝါလိုင်းကြိုးများ ရှိကြောင်း သတိပေးထားခြင်းဖြစ်သည်။ ခုပြထားတဲ့ပုံက 2HT တနည်းအားဖြင့် 1700 KW ~ 17250 KW အကြား အသုံးအတွက် ဖြစ်ပါတယ်။)



http://www.chawlwin.blogspot.com မှ ယူပါတယ်။

Substation တစ်ခုလို့ ပြောပေမယ့် ဒီ substation နဲ့ တွဲပြီး HT/LT switch gear ရယ် နောက် transformer (step down) ရယ် နောက် LV switch board ရယ်ဆိုပြီး တစ်ခါတည်း ဆောက်ထားလေ့ရှိပါတယ်။ substation မှာ cable ၀င်မယ့် cable chamber room ရယ် နောက် သူ့ switch panel တွေထားဖို့ အခန်းရယ် ၂ ခန်းရှိပါတယ်။ အပေါ်ထပ်နဲ့ အောက်ထပ်ပါ။ panel ကအပေါ်ထပ်နဲ့ cable ကတော့ အောက်ခန်းပါ။ နောက် အလားတူ HT switch gear ကလည်း အပေါ်က panel အောက်က cable chamber room ဆိုပြီး ၂ ခန်း၊ နောက် power meter kiosk မီတာထားဖို့ တစ်ခန်း စုစုပေါင်း ၇ ခန်းလိုပါတယ်။



ပထမခန်းကတော့ PG က ဆွဲလာမယ့် မဟာဓာတ်အားလိုင်းထားမယ့် အခန်းဖြစ်ပါတယ်။ ဒီအခန်းကို အားလုံးပြင်ဆင်ပြီးလို့ handover လုပ်ပြီးတာနဲ့ သက်ဆိုင်ရာ PG ကလွဲပြီး ပိုင်ရှင်အပါအ၀င် ဘယ်သူမှ ၀င်ခွင့်မရှိပါဘူး။ ပြင်ဆင်တယ်ဆိုတာက သူတို့သတ်မှတ်ထားတဲ့ အပေါက်တွေ ဖောက်ပေးရတာ၊ lighting၊ power points တွေနဲ့ earthling တွေကို တပ်ဆင်ပေးရတာကို ပြောတာပါ။ သူတို့ တပ်ဆင်ပြီးလို့ အဲဒီအပေါက်တွေ ပြန်ပိတ်ရမယ်ဆိုမှ သူတို့ကို တံခါးလာဖွင့်ခိုင်းပြီး ၀င်လုပ်ရပါတယ်။

လိုင်းလျှောက်ပြီးလို့ approved ဖြစ်ပြီးရင် သူတို့စက်တွေ တပ်ဆင်ဖို့ အသင့်ဖြစ် မဖြစ် လာကြည့်ပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် သူတို့ဘာသာ panel တွေလာထိုင် ကေဘလ်တွေဆွဲ ပါလိမ့်မယ်။ ကေဘယ်လ်ဆွဲတဲ့အခါမှာ main substation ကနေ အဆောက်အဦးထဲက sub station ထဲကို အရင်ဆွဲပါတယ်။ substation ထဲက switch panel ထဲကနေမှတဆင့် HT switch gear ဘက်အထိ ဆွဲပေးပါတယ်။ အဲဒါတွေအကုန်လုံးကို power grip က လာလုပ်ပေးပါတယ်။ 

HT switch gear ဘက်မှာ cable connection လုပ်တာကတော့ PG ကမလုပ်ပေးပါဘူး။ ကိုယ့်ဘာသာကိုယ် cable connector သက်သက်ခေါ်ရပါတယ်။ သူတို့က cable connect လုပ်တဲ့ ပရော်ဖက်ရှင်နယ်တွေပါ။ တနည်းအားဖြင့် authorized cable connector တွေပါ။


HT switch gear တစ်ခု

အဲဒီ HT switch gear panel ကနေမှ တတိယခန်းဖြစ်တဲ့ Transformer ခန်းထဲကို ကေဘယ်လ်တွေ သွားရပါတယ်။ Transformer ဟာ step down transformer ဖြစ်ပြီး သူ့ဆီကနေထွက်တာကမှ 230/450 Volt အားရှိတဲ့ ကျွန်တော်တို့သုံးနိုင်တဲ့ low voltage ဖြစ်လာပါတယ်။ Transformer room ကနေမှတစ်ဆင့် သူ့အပေါ်မှာ ရှိတဲ့  LV switch room ထဲက Main Distribution Board (MDB) ကနေ ကျန်တဲ့နေရာတွေကို ခွဲပြီး ပို့ပေးရပါတယ်။


Cable chamber room တစ်ခု

LV switch Board တစ်ခု

အပေါ်မှာ ကျွန်တော်သုံးထားတဲ့ HT/LT  ဆိုတာက အရှည်အားဖြင့် High tension and low tension ကို ခေါ်ထားတာဖြစ်ပါတယ်။ ဆောက်နေတဲ့စက်ရုံ ဒါမှမဟုတ် ကွန်ဒိုတို့ရဲ့ ဓာတ်အား သုံးစွဲမယ့် အလားအလာ ပေါ်မူတည်ပြီး PG ကိုလျှောက်တဲ့အခါမှာ HT or LT ဆိုပြီး လျှောက်ရပါ တယ်။ ဒါ့အပြင် EHT (Extra High tension) UHT (Ultra high tension) စသဖြင့်လည်း လျှောက်နိုင်ပါတယ်။ ခွဲခြားပုံကိုပြောရမယ်ဆိုရင်

low tension က single phase 230 V , three phase 400 V
high tension က single phase 6.6kV, three phase 22kV
Extra high tension က 66 kV
Ultra high tension  က 230 kV တို့ပဲ ဖြစ်ပါတယ်။

ဒါတွေကို ဘယ်လိုခွဲခြားလျှောက်ရမလဲဆိုရင် ကိုယ့်ရဲ့သုံးစွဲမယ့် ဓာတ်အားလိုအပ်ချက်ပေါ် မူတည်ပြီး တွက်ချက်လျှောက်ထားရမှာဖြစ်ပါတယ်။ ကိုယ့်စက်ရုံရဲ့အသုံးက

1)     23kVA, 100A ဆိုရင်LT
2)     1700 kW -12750 kW ကြားဆိုရင် 2 HT
3)     12751 kW -25500 kW ကြားဆိုရင် 4 HT
4)     25500 kW ကိုပဲ contract ချုပ်ပြီးသုံးမယ်ဆိုရင် EHT
85500 kW ကို contract ချုပ်ပြီးသုံးမယ်ဆိုရင် UHT ကို စသဖြင့် ခွဲခြား လျှောက်ထားရမှာ ဖြစ်ပါတယ်။ 

2 comments:

  1. That's a great post.
    Get So much knowledge from here...
    Thank you
    I'm a junior learner ☺

    ReplyDelete
  2. Thank you for sharing

    ReplyDelete