Saturday, 19 July 2014

Fire Protection System (1)

Sprinkler System

အဆောက်အအုံတွေအတွက် ဒီဇိုင်းရေးဆွဲတဲ့နေရာမှာ စိန်ခေါ်မှု အများဆုံး ကြုံရတဲ့ ကဏတစ်ခုကတော့ မီးဘေးကာကွယ်ရေးစနစ် (fire protection system) ပဲဖြစ်ပါတယ်။ ဒီဇိုင်းဆွဲတဲ့သူအနေနဲ့ ကိုယ်ရေးဆွဲတဲ့ အဆောက်အဦးကို ပူပြင်းတဲ့ဒေသတွေမှာ အေးမြနေအောင် လင်းလင်းချင်းချင်းရှိနေအောင် သပ်ရပ်လှပနေအောင် မြင်ယောင်ရေးဆွဲတဲ့နေရာမှာ အဆင်ပြေပေမယ့် ဒီအဆောက်အဦးကြီးကို မီးလောင်ဆွဲနေတဲ့ပုံကို ပုံစံချကြည့်ပြီး မီးထဲကနေ လူတွေ ဥစာ ပစည်းတွေ ကယ်တင်သယ်ထုတ်နေတဲ့ ပုံကို မြင်ယောင်ဖို့ဆိုရင်တော့ စိတ်သိပ်ပါမယ် မထင်ပါဘူး။


ပိုဆိုးတာက အဲဒီ မီးဘေးကာကွယ်ရေးဥပဒေသတွေကြောင့် (code of practice) တွေကြောင့် ကိုယ်စိတ်ကူးယဉ်ထား စီစဉ်ထားတဲ့ အဆောက်အဦးရဲ့ လေ၀င်လေထွက်တွေ သဘာဝအလင်းရောင်တွေအတွက် လှလှပပဒီဇိုင်းလေးတွေကို နောက်ဆုတ်ပေးလိုက်ရတာတွေတောင် ရှိပါတယ်။ နောက်တစ်ခါ သိကြတဲ့အတိုင်း မီးရောလူရောဟာ လေပေါ်မှာ မူတည်နေရတာဖြစ်ပါတယ်။ အဲဒီတော့ မီးသတ်နိုင်အောင် အောက်စီဂျင်ဖြတ်လိုက်ရင် လူပါသေမယ်။ လူမသေအောင် အောက်စီဂျင် ဆက်ဝင်ခွင့်ပေးထားပြန်ရင်လည်း မီးသတ်တဲ့နေရာမှာ မထိရောက်နိုင်ဘူး။ အဲဒီ ဒွိဟနှစ်ခုကြား အကောင်းဆုံးမျှခြေတစ်ခု ရှာဖွေဖို့ဆိုတာ စိန်ခေါ်ချက်တစ်ခု ဖြစ်လာပါတယ်။

ဒီ မီးဘေးကာကွယ်ရေးဥပဒေသတွေ (code of practice) ဆိုတာကလည်း ဟိုနှစ်ပေါင်းများစွာကတည်း မီးဘေးအမျိုးမျိုးနဲ့ တခြားကြောက်စရာ လန့်စရာဘေးဆိုးကြီးတွေကနေ သင်ခန်းစာယူပြီး ရေးဆွဲထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်သစ်မှာ အဆောက်အအုံတွေက ပုံစံမျိုးစုံဖြစ်လာတော့ ဒီစည်းမျဉ်းစည်းကမ်းတွေနဲ့ အံဝင်ခွင်ကျ မဖြစ်နိုင်လို့ သင့်တော်တဲ့ (flexible) ကာကွယ်ရေးစနစ်တစ်ခု ဖြစ်လာဖို့ဟာလည်း အခက်အခဲတစ်ခုပါပဲ။

ဒီလို မီးဘေးကာကွယ်ရေးစနစ်တွေကြောင့် မီးလောင်မှုနှုန်းကျဆင်းလာတဲ့အခါ မီးဘေးကာကွယ်ရေးစနစ်ကိုလည်း ပိုက်ဆံတွေ သိပ်အကုန်အကျခံ မသုံးချင်တော့ပါဘူး။ အဲဒါကြောင့် နည်းနည်းနဲ့ကျဲကျဲဝိုင်းဖို့ကြိုးစားလာခဲ့ကြပါတယ်။ နောက်တစ်ခုက တစ်ခါတစ်လေ မီးလောင်လို့ ကုန်တာကနည်းနည်း မီးသတ်တဲ့ရေကြောင့် ပျက်စီးတာက များများဆိုတာမျိုးလည်း ရှိတက်ပါတယ်။ ဒါကိုလည်း နောက်ပိုင်းမှာ ထည့်တွက်လာခဲ့ရပါတယ်။ ဘာပဲပြောပြော မီးသတ်စနစ်တွေ ပိုမိုစနစ်တကျသုံးစွဲလာကြတာနဲ့အမျှ မီးကြောင့်ပျက်ဆီးဆုံးရှုံးမှုတွေလည်း ကျဆင်းလာရမှာတော့ အမှန်ပါပဲ။

မီးဘေးကာကွယ်ရေးအတွက် အသုံးပြုသော စနစ်များ
မီးဘေးကာကွယ်ရေးအတွက် အသုံးပြုကြတဲ့ စနစ်တွေကို ကြည့်ရင်

1. Sprinkler system
2. Hosereel System
3. Dry/wet Riser System
4. Fireman Intercom System
5. Smoke Detector System
6. Fire Extinguisher System
7. Fire Hydrant System
8. Fire Alarm System တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ ၈ မျိုးကို အုပ်စုခွဲတဲ့အခါမှာ

  1. Active System
-Sprinkler system
-Hosereel system
-Dry/Wet riser system
-Fire Hydrant system
-Fire Extinguisher System
     2.  Passive System
         - Fireman Intercom System
         - Smoke Detector System
         - Fire Alarm System ဆိုပြီး ခွဲခြားနိုင်ပါတယ်။ Active system ဆိုတာကတော့ မီးကို တိုက်ရိုက်ငြိမ်းသတ်နိုင်တဲ့ စနစ်တွေကို ဆိုလိုပါတယ်။ အပေါ်က ၅ ခုက မီးကို တိုက်ရိုက်ငြိမ်းသတ်နိုင်တဲ့ စနစ်တွေဖြစ်ပါတယ်။ Passive system ဆိုတာကတော့ မီးကို တိုက်ရိုက်မငြိမ်းသတ်နိုင်ဘဲ မီးငြိမ်းသတ်တဲ့သူတွေအတွက် အထောက်အကူပြုပေးတဲ့ စနစ်တွေကိုဆိုလိုပါတယ်။ အောက်က ၃ ခုက အဲဒီလိုမျိုး စနစ်တွေဖြစ်ပါတယ်။

1.     Sprinkler System




မီးလောင်တာနဲ့တပြိုင်နက် အလိုအလျောက် မီးငြိမ်းသက်ဖို့  (to kill fire) နဲ့ အနည်းဆုံး ထိန်းချုပ်ထားနိုင်ဖို့ (to control fire) အတွက် sprinkler system  ကို အသုံးပြုပါတယ်။ မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။ မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး (bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။ ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ ထိပ်ဖူးလေးရဲ့  အပူခံနိုင်ချိန် ကကွာခြားပါတယ်။ sprinkler တစ်ခုရဲ့ အပူချိန် ခံနိုင်အားကို အဲဒီထိပ်ဖူးလေးရဲ့ အရောင်ပေါ်မူတည်ပြီးတော့လည်း ခွဲခြားနိုင်ပါတယ်။ ဥပမာ အနီရောင်ဆိုရင် 63’C အ၀ါရောင်ဆိုရင် 79’c အပြာရောင်ဆိုရင် 141’C အဲဒီလို ခွဲနိုင်ပါတယ်။ အဲဒီအပူချိန်တွေရောက်ရင်တော့ ထိပ်ဖူးလေးကွဲပြီး ရေဖြန်းမှာဖြစ်ပါတယ်။


သာမန်အခန်းတွေအတွက် ၆၈ ဒီဂရီစင်တီဂရိတ်နဲ့ အရေးကြီးတဲ့ ပစည်းတွေ သိုလှောင်တဲ့နေရာတွေအတွက်တော့ ESFR (Early Suppression First Response) လို့ သတ်မှတ်ပြီး ၇၄ ဒီဂရီ စသဖြင့် ရှိပါတယ်။ ESFR ဧရိယာအတွက် အပူချိန်ခံနိုင်ရည်အားများလို့ အလွယ်တကူ ရေဖြန်းခြင်းမရှိတာက အပေါ်မှာ ပြောခဲ့သလိုပဲ မလိုအပ်ဘဲ သိုလှောင်ထားတဲ့ အရေးကြီးပစည်းတွေ ရေစို ပျက်စီးမှာကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေဖြန်းအားတော့ ပိုကြီးပြီး ပိုများပါတယ်။ အဲဒီလိုပဲ မီးဖိုချောင်က မီးခိုးခေါင်းတိုင်လိုနေရာမျိုးမှာ တပ်ဆင်ရတဲ့ sprinkler တွေဆိုရင်လည်း ခံနိုင်ရည်အားကိုများများထားရပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်ရောက်မှသာ ရေဖြန်းစေဖို့ပါပဲ။

တချို့ မျက်နှာစာ လှလှပပဖြစ်နေရမယ့် အခန်းတွေမှာတော့ ဒီ sprinkler တွေကြောင့် ရုပ်ဆိုးမသွားအောင် sprinkler တွေကို cover plate လေးတွေနဲ့ ဖုံးထားတက်ပါတယ်။ အဲဒီအခါမှာ sprinkler ဘယ်လိုအလုပ်လုပ်လဲဆိုတော့ အဲဒီ cover plate လေးက   sprinkler ထိပ်ဖူးထက် အပူခံနိုင်အား ၂၀ ဒီဂရီလောက် ပိုနည်းပါတယ်။ ဥပမာ sprinkler ထိပ်ဖူးက ၆၈ ဒီဂရီစင်တီဂရိတ်မှာမှ အရည်ပျော်မှာဆိုရင် အဲဒီ cover plate ၄၈ ဒီဂရီစင်တီဂရိတ်မှာ အရည်ပျော်ပါတယ်။ အဲဒီအတွက် sprinkler system ကို မထိခိုက်တော့ပါဘူး။




sprinkler point တစ်ပွိုင့် ရဲ့ ရေဖြန်းနိုင်တဲ့ဧရိယာ (coverage area) သက်မှတ်ပုံကတော့ အမျိုးမျိုးကွဲပြားပါတယ်။ အဆောက်အဦးအမျိုးအစားအပြင် ကိုယ့်အဆောက်အဦးအတွက် အာမခံထားမယ့် အာမခံကုမဏီတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့လည်း သတိထားရပါတယ်။ အာမခံကုမဏီက အသိအမှတ်ပြုတဲ့ ပစည်းတွေပဲ သုံးရပါတယ်။ အဲဒီအာမခံကုမဏီတွေကလည်း အစိုးရစစ်ဆေးရေးတွေလိုပဲ တင်းကျပ်ပါတယ်။ သူတို့ ပြောထားတဲ့ သူတို့စံနဲ့ ကိုက်ညီမှ သူတို့ဆီမှာ အာမခံထားလို့ ရတာပါ။ အဲဒီလို သူတို့စည်းကမ်းချက်တွေနဲ့ မညီညွှတ်ဘူးဆိုရင် အာမခံထားခွင့်မပေးတာတို့ ပရီမီယံကြေး တိုးတောင်းတာတို့ လုပ်တက်ပါတယ်။ များသောအားဖြင့် 12msq ၊ 9msq စသဖြင့် သုံးတက်ပါတယ်။ (Singapore code of practice = 12m2, FM insurance = 9m2) ဒီ coverage လိုအပ်ချက်အပေါ်မူတည်ပြီး တစ်ပွိုင့်နဲ့တစ်ပွိုင့် ဘယ်လောက်ခြားမလဲဆိုတာကို သတ်မှတ်ရပါတယ်။ coverage လိုအပ်ချက်ကိုတော့ မီးလောင်နိုင်မှု ဖြစ်နိုင်ချေအပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။

1။ မီးလောင်နိုင်မှုနည်းတဲ့ light hazard ဆိုရင် 21 msq
2။ မီးလောင်နိုင်မှု အလည်အလက် ဒါမှမဟုတ် ပုံမှန်ဖြစ်တဲ့ ordinary hazard ဆိုရင် 12 msq
3။ မီးလောင်နိုင်ချေများတဲ့ high hazard ဆိုရင် 9msq
ဆိုပြီး သတ်မှတ်ပါတယ်။

ဥပမာ coverage က 9 sqm ဆိုရင် ၆မီတာ  ၃မီတာ ကျယ်တဲ့အခန်းအတွက် ၂ ပွိုင့်တပ်ရမှာ ဖြစ်ပါတယ်။ 9 sqm ဖြစ်တဲ့အတွက် sprinkler ပွိုင့်ရဲ့ တစ်ဖက်စီကို 1.5 m ဖြစ်လို့ စုစုပေါင်း 3x3 = 9 sqm ဖြစ်လာပါတယ်။


upright sprinkler

         တကယ်လို့ မျက်နှာကျက် (ceiling) နဲ့ အပေါ်က slabက 800 mm ထက် ပိုများရင်လည်း အဲဒီ မျက်နှာကျက်နဲ့ အပေါ် slab ကြားအတွက် sprinkler နောက်ထပ်တစ်လွှာ ထပ်ထည့်ရပါတယ်။ (sprinkler point က အပေါ်ကို ထောင်ရင် upraise sprinkler အောက်ဘက်ကို လှည့်ထားတဲ့ sprinkler ကိုတော့ pendent sprinkler လို့ခေါ်ပါတယ်။) နောက်တစ်မျိုးကတော့ aircon duct တွေ electrical tray တွေဟာ 800 mm ထက်ပိုကျယ်ခဲ့ရင် underduct sprinkler လို့ခေါ်ပြီး beam တွေက 800mm ထက်ကြီးရင်လည်း underbeam sprinkler ဆိုပြီး နောက်တစ်လွှာ ထပ်ဖြည့်ရပါတယ်။ အဲဒါကြောင့် တစ်ခါတစ်လေ sprinkler သုံးထပ်တောင် ဆင်ရတာတွေလည်း ရှိပါတယ်။ အဲဒါတွေအပြင် staircase နဲ့ အပြင်ဘက်ကို ခြားထားတဲ့ (staircase ထဲကို အပြင်က မီး မ၀င်နိုင်အောင် ) cut off sprinkler လည်း ရှိပါသေးတယ်။ အလားတူ fire roller shutter တံခါးတွေအတွက်လည်း cut off sprinkler ထည့်ပေးရပါတယ်။  ဒါ့အပြင် lift တွေထဲမှာလည်း အပေါ်ဆုံး motor  room အတွက် တစ်ထပ်နဲ့ အောက်ဆုံးက lift pit  အတွက် တစ်ထပ် ထည့်ပေးရပါတယ်။



Underbeam sprinkler


Under Trunking and Under Duct sprinkler

staircase မှာတပ်တဲ့ cut off sprinkler

sprinkler  ပွိုင့်အကြောင်းပြီးတော့ အဲဒီ ပွိုင့်တွေကို ရေပို့ဆောင်ပေးတဲ့ sprinkler control valves room (SCV room)  နဲ့ sprinkler pump room တို့ကို လေ့လာရမှာဖြစ်ပါတယ်။ sprinkler control valves room ဆိုတာက  sprinkler main pipe တွေအကုန်လုံး ထားတဲ့ အခန်းလေးပဲဖြစ်ပါတယ်။ ဇုန်အလိုက် ဒါမှမဟုတ် အထပ်အလိုက် တစ်ထပ်ကို တစ်ဇုန်ကို main pipe  တစ်ပိုက် ထားပြီး အဲဒီပိုက်ကို အဖွင့်အပိတ်လုပ်တဲ့ ဘား valve ကို ဒီ sprinkler control valve room မှာ ထားပါတယ်။ ပုံမှန်အားဖြင့် ဒီsprinkler ပိုက်တွေကို လုံးဝဖွင့်ပေး ထားရပါတယ်။ တစ်ခါတစ်ရံ sprinkler points တွေပြင်တာ ပြောင်းတာမျိုး လုပ်ချင်ရင်တော့ ဒီ valve ကို ပိတ်ပြီး drain valve တွေဖွင်၊ drain pipe ကနေ့ ရေတွေ အရင်ထုတ် (discharge, drain out) ရပါတယ်။ ပြီးမှ ပွိုင့်တွေ ပြောင်းတာ ပြင်တာလုပ်ပြီး ရေပြန်သွင်းမယ်ဆိုမှ သက်ဆိုင်ရာ မီးသတ်ဌာနကို အကြောင်းကြား၊ valve ကို ပြန်ဖွင့်ပြီး ရေသွင်းရပါတယ်။

Sprinkler Control Valve Room

အဓိကအားဖြင့် ပိုက်ထဲမှာ ရေဆင်းရင်သိရအောင် flow switch sensor  တွေ တပ်ထားပါတယ်။ အဲဒါကြောင့် မီးလောင်လို့ဖြစ်စေ အကြောင်း တစ်ခုခုကြောင့်ဖြစ်စေ  ပိုက်ထဲရေးစီးတာနဲ့ အဲဒီ sensor က အချက်ပြတော့တာပဲ။ အဲဒီ signal ဟာ မီးသတ်ဌာနထိ ရောက်ပါတယ်။ စင်ကာပူမှာတော့ မီးသက်ဌာနကို မရောက်ခင် decam (decentralized alarm monitoring ) ကုမဏီကို အရင်ရောက်ပါတယ်။ အဲဒီအခါ အဲဒီကုမဏီက သက်ဆိုင်ရာ မီးလောင်တဲ့ နေရာ အဆောက်အဦးကို ဆက်သွယ်ပြီး မေးမြန်းပါတယ်။ တကယ်မီးလောင်တယ်လို့ အကြောင်းပြန်မှ မီးသတ်ဌာနကို အကြောင်းကြားပေးပါတယ်။

ဆိုလိုတာက ဒီမီးလောင်လား မလောင်လားဆိုတာကို အတည်ပြု confirm လုပ်တဲ့အဆင့်ကို မီးသတ်ဌာနက မလုပ်တော့ပဲ ပြင်ပလုပ်ငန်းတွေကို လုပ်ခွင့်ပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ မေးမြန်းလို့ ဖုန်းပြန်ဖြေတဲ့သူ မရှိဘူးဆိုရင် နာရီဝက်အတွင်း မီးသက်ကား ရောက်လာမှာ ဖြစ်ပါတယ်။ တကယ်မီးမလောင်ခဲ့ရင်တော့ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် မီးသတ်ဌာကကို အကြောင်းမကြားပဲ ရေပြန်သွင်းလို့ရှိရင် flow switch sensor က မီးသတ်ဌာနကို အကြောင်းကြားပြီး ဇတ်လမ်းတွေ ရှုပ်လာနိုင်တဲ့အတွက် ကြိုတင် အကြောင်းကြား ထားကြပါတယ်။

အဲဒီ sprinkler main pipe တွေကို အမည်ပေးရာမှာတော့ ဥပမာ စုစုပေါင်း ၆ ပိုက်ရှိပြီး ပထမဆုံးပိုက်ဆိုရင် SCV-1-6, ဒုတိယပိုက်ဆိုရင် SCV-2-6 စသဖြင့် အမည်ပေးပါတယ်။ SCV က sprinkler control valve ကို ပြောတာပါ။ အဲဒီ Main pipe တွေကို အဖွင့်အပိတ်လုပ်ဖို့ gate valve လို့ ခေါ်တဲ့ ဘားတွေ တပ်ထားရပါတယ်။ မိန်းပိုက်ထဲက ရေတွေဖောက်ချဖို့အတွက်လည်း drain pipe နဲ့ drain valve  တစ်ခု ထားရပါတယ်။ အဲဒီ drain pipe ကတော့ နီးစပ်ရာ ရေထုတ်ပြွန် (drain) ကို ဆက်ထားရပါတယ်။ နောက်တစ်ခုက ဒီ sprinkler control valve room ဟာ မီးသက်ကားဝင်နိုင်တဲ့ လမ်းကြောင်းအနားမှာ ရှိရပါတယ်။


ဒီပုံကို ကြည့်လိုက်ရင် အပေါ်ဆုံးမှာ control valve တွေရဲ့ အမှတ်စဉ် နံပါတ်တွေ SCV 1-6, SCV 2-6 စသဖြင့်ရေးထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီအဆောက်အဦးမှာ control valve စုစုပေါင်း ၆ ခုရှိတယ်လို့ သိရမှာဖြစ်ပါတယ်။ အဲဒီစာအောက်ကပ်ရပ် ပစည်းလေးကတော့ ရေစီးရေလာကို စောင့်ကြည့်အချက်ပေးမယ့် flow switch sensor ပဲဖြစ်ပါတယ်။ အဲဒီကနေ အောက်ကို ဆက်ကြည့်လိုက်ရင် အလျားလိုက်ပြေးနေတဲ့ ပိုက်ကြီးတစ်ခုကို တွေ့ရပါ့မယ်။ အဲဒါကတော့ ခုနက control valve တွေထဲက ရေတွေ ဖောက်ချရင်သုံးတဲ့ drain pipe ပဲဖြစ်ပါတယ်။ အဲဒီအောက်ကပ်ရပ် ဆက်တွေ့ရတာက butterfly gate valve ပဲဖြစ်ပါတယ်။ သူက NO (Normally open) အမြဲဖွင့်ထားရမယ့် valve ဖြစ်ပါတယ်။  သေချာအောင် ဘယ်သူမှ လာမပိတ်နိုင်အောင်လည်း ပုံမှာပြထားတဲ့အတိုင်း pad lock တွေနဲ့ သော့ခပ်ထားရပါတယ်။

အဲဒီအောက်မှာတော့ alarm valve ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း သူ့ရဲ့အပေါ်နဲ့အောက်မှာ pressure gauge တစ်ခုစီရှိပါတယ်။ အပေါ်က main pipe နဲ့ အောက်က supply pipe ကြားက pressure difference ဖိအားကွာခြားမှုကို တိုင်းတာဖို့ဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ အပေါ်က main pipe ရဲ့ ဖိအားဟာ အောက်က supply pipe ရဲ့ ဖိအားထက် များနေရမှာ ဖြစ်ပြီးတော့ အဲဒီလိုများနေပြီဆိုရင် ဒီ alarm valve က ပိတ်ထားလိုက်ပါတယ်။ တကယ်လို့ အပေါ်က ဖိအားက အောက်ကဖိအားထက် လျော့ကျသွားပြီဆိုရင် ဒီ alarm valve က အလိုအလျောက်ပွင့်ပေးမှာ ဖြစ်ပါတယ်။ သူပွင့်သွားတာနဲ့ တပြိုင်နက် အောက်က ဖိအားများလာတဲ့ရေက အပေါ်ပိုက်ထဲကို စီးဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီလို စီးဝင်လာရင် သူနဲ့ချိတ်ဆက်ထားတဲ့ alarm gong လို့ခေါ်တဲ့ bell ကနေလည်း အချက်ပေးသံ မည်လာမှာ ဖြစ်ပါတယ်။

ညာဘက်အောက်ဆုံးဒေါင့်က အကွက်ကလေး ၂ ခုကတော့ 4 ways sprinkler breeching inlet နဲ့ 4 ways dryriser breeching inlet တို့ပဲဖြစ်ပါတယ်။ တကယ်လို့ sprinkler water tank ကရေကုန်သွားပြီး အပြင်က ရေလည်း မရနိုင်တော့ဘူးဆိုရင် မီးသတ်ကားတွေအနေနဲ့ ကားထဲကရေကို ဒီပွိုင့်တွေကနေတစ်ဆင့် sprinkler system ထဲ ထည့်ပေးလို့ရပါတယ်။


နောက်တစ်ခုက ဒီမှာရှိတဲ့ control valve တွေက ဘယ်နေရာတွေကို ရေပို့ပေးနေသလဲ (Serve) လုပ်ပေးနေသလဲဆိုတာ သိဖို့ chart လေးတွေ ထားပေးလေ့ရှိပါတယ်။ ဒါမှမဟုတ်လဲ ပိုက်မှာ label တပ်ပေးတာတွေလည်း ရှိပါတယ်။ ဒီမှာတော့ ပိုက်မှာ label တပ်မထားတဲ့အတွက် အနီးနားတစ်နေရာမှာ မြေပုံ chart လေးထားပေးထားပါတယ်။ အဲဒါမှ ဘယ် control valve ပွင့်ရင် ဘယ်နေရာမှာ မီးလောင်နေတာလဲ ဘယ်နေရာက sprinkler point တွေ burst ဖြစ်တာလဲ သိရမှာဖြစ်ပါတယ်။


ရှေ့ဆုံး ညာဘက်က sprinkler pump, သူ့ဘေးက ပန့် ၂ ခုက hosereel pump, သူတို့နောက်က ဒီဇယ်ပန့် နဲ့ ဒီဇယ်ပန့်ဘေးက electrical ပန့်ဖြစ်ပါတယ်။ ဟိုနောက်ဆုံးကတော့ ဒီဇယ်ကန် (diesel tank) ဖြစ်ပါတယ်။

sprinkler pump room ကတော့ ပန့်တွေထားတဲ့ ထိန်းချုပ်တဲ့အခန်းပဲ ဖြစ်ပါတယ်။ မီးသက်စနစ်အတွက်သုံးတဲ့ ပန့်တွေအားလုံးကို ဒီအခန်းထဲမှာ ထားပြီး ဒီထဲကပဲ ထိန်းချုပ်ပါတယ်။ ပန့်တွေအကုန်လုံးဟာ auto/manual (အလိုအလျောက်ဖြစ်စေ ရိုးရိုးလူကိုယ်တိုင် မောင်းနှင်ဖို့်ဖြစ်စေ) နှစ်မျိုးလုံး ရ ရပါတယ်။ ပန့်တွေမှာ electrical pump နဲ့  diesel pump  ဆိုပြီး ၂ မျိုးထားရှိ တက်ပါတယ်။

သူတို့အလုပ်လုပ်တာကတော့ sprinkler pipe တွေထဲမှာ ရေတွေအပြည့်ဖြည့်ထားပြီး ဖိအားတစ်ခုအထိ ဖြည့်ထားပါတယ်။ မီးမလောင်ရင် sprinkler ထဲကရေက အပြင်ကို ထွက်စရာမရှိလို့ ဖိအားလည်း ကျစရာမရှိပါဘူး။ ဖိအားကျသွားခဲ့ရင် မီးလောင်တယ်လို့ပဲ သူက သတ်မှတ်ပါတယ်။ ဒါဆိုရင် ခုနက ပန့်နှစ်ခုထဲက သတ်မှတ်ထားတဲ့ တစ်ခုက စ လည်ပါတယ်။ လည်နေရင်းနဲ့ ဖိအားဆက်ကျနေလို့ရှိရင် ဒုတိယပန့်ပါဆက်လည်ပြီး ၂ခု တပြိုင်တည်း လည်ပါတယ်။


Diesel pump (left) and electrical pump (right)

ဒီပန့်ကြီး ၂ခုအပြင် jockey pump ဆိုပြီး ပန့်အသေးလေးတွေလည်း တပ်ဆင်ထားလေ့ရှိပါတယ်။  သူတို့ကိုလည်း duty pump နဲ့ standby pump ဆိုပြီး ထားပါတယ်။ မီးလောင်ရင် ချက်ချင်းလည်ရမယ့် ပန့်ကို duty pump လို့ခေါ်ပါတယ်။ တကယ်လို့ အဲဒီ duty pump က ရုတ်တရက်အလုပ်မလုပ်ဘူးဆိုရင် standby pump က အလိုအလျောက် လည်ရပါတယ်။ ဒါမှမဟုတ် မီးလောင်တဲ့အခါမှာ duty pump က လည်တော့လည်တယ်။ ဒါပေမယ့် ရေဆွဲအားကို မနိုင်ဘူး ပိုက်ထဲမှာ ဖိအား (pressure) ဟာ သတ်မှတ်ထားတာထက် ပိုကျခဲ့တယ်ဆိုရင်တော့ standby pump ကလည်ပြီး ပန့်နှစ်လုံးစလုံး တပြိုင်တည်းလည်ရပါတယ်။

ဒီပန့်တွေဟာ ပြောခဲ့တဲ့အတိုင်း ပိုက်ထဲက ဖိအားနဲ့ အလုပ်လုပ်တာဖြစ်လို့ ပိုက်ထဲ ဖိအားကျတာနဲ့ စ လည်ပြီး သတ်မှတ်ထားတဲ့ ဖိအားပြန်မရောက်မချင်း လုံးဝရပ်မှာ မဟုတ်ပါဘူး။ sprinkler  head ကလည်း အပူရှိန်ကြောင့် အရည်ပျော်သွားပြီဆိုတော့ ပိုက်ထဲမှာ ရေနဲ့ ဖိအားရှိနေသမျှ ဆက်ပြီး ရေကို ပန်းထုတ်နေဦးမှာပါပဲ။ အဲဒီတော့ ဘယ်လိုပိတ်ရလဲဆိုတော့ မီးငြိမ်းသွားပြီ ဆက်ရေဖြန်းစရာမလိုတော့ဘူးဆိုရင် ခုနက sprinkler valves room ထဲက butterfly valve ကနေ မိန်းပိုက်  main pipe ကို ပိတ်လိုက်ရပါတယ်။ အဲဒီအခါမှာ ပန့်ကနေ မောင်းတင်လိုက်တဲ့ရေဟာ ခုနက ဘားပိတ်ထားတဲ့အတွက် အဲဒီမှာတင်ရပ်သွားပြီး sprinkler ထိရောက်မသွားတော့ပါဘူး။ အဲဒါကြောင့် မိန်းပိုက်ထဲမှာပဲရှိနေလို့ ဖိအားပြန်ပြည့်သွားပြီး ပန့်လည်းရပ်သွားပါတယ်။ ဒါတွေအားလုံးက  control panel  မှာ ပရိုဂရမ်သွင်းပြီးသားဖြစ်ပြီး auto mode မှာထားလိုက်ရုံပါပဲ။ control panel ဆိုတာက အဲဒီပန့်ဖြစ်စေ မော်တာဖြစ်စေ အဖွင့်အပိတ်လုပ်တဲ့ box ပဲဖြစ်ပါတယ်။ သူက လျှပ်စစ်မီးအ၀င်အထွက် စသဖြင့် အချက်ပြမီးတွေ ခလုပ်တွေပါတက်ဆင်ထားပါတယ်။


Pumps များအတွက် Control Panel များ

ဒါမှမဟုတ် ပန့်ကို control panel  ကနေ manual mode ကိုပြောင်းပြီး လူက ပန့်ကို ရပ်လိုက်ရင်လည်းရပါတယ်။ အဲဒီလို sprinkler main pipe ကို ပိတ်လိုက်တော့ ရေတွေ ထပ်မလာတော့ပေမယ့် ရှိနေတဲ့ရေတွေကတော့ ဆက်ကျနေဦးမှာဖြစ်ပါတယ်။ အဲဒီရေတွေကို အခန်းထဲကို မကျစေဘဲ သတ်မှတ်ထားတဲ့နေရာကနေဖောက်ချနိုင်ဖို့အတွက် drain pipe လေးတွေကိုလည်း အထပ်တိုင်း ဒါမှမဟုတ် ဇုန်အလိုက်လည်း ထားရပါတယ်။ အဲဒီပိုက်လေးတွေကနေ ရေဖောက်ချပေးလိုက်ရပါတယ်။ sprinklre point တွေ နေရာရွှေ့ဖို့ ဒါမှမဟုတ် ထပ်တိုးဖို့လိုတဲ့အခါ နဂို ပိုက်ထဲရှိနေတဲ့ရေကို ဖောက်ထုတ်ဖို့ လိုလာတဲ့အခါမှာလည်း ဒီပိုက်လေးကို သုံးပါတယ်။

 Inspector ‘s test drain ပိုက်ဆိုတာလည်း အလားတူပါပဲ။ sprinkler head  လေးကြွေသွားလို့ ရေဖြန်းတဲ့အခါ ပန့်တွေတကယ် အလုပ်လုပ်လား မလုပ်လား အချက်ပေး  alarm သံ တကယ်ထွက်မထွက် inspector က စစ်ဆေးချင်တဲ့အခါမှာ တကယ့် sprinkler head ကို မသုံးဘဲ အဲဒီပိုက်မှာရှိတဲ့ ဘားကနေရေဖွင့်ချလိုက်ရင်လည်း ပိုက်ထဲမှာ ရေဖိအားလျော့သွားမှာဖြစ်လို့  ပန့်က အလုပ်လုပ်ရပါတယ်။ ဒါ့အပြင် ပိုက်ထဲမှာ ရေစီးဆင်းတာနဲ့တပြိုင်နက် အချက်ပေးမယ့် flow switch ကနေ  alarm bell ကို အသံမည်အောင် လုပ်မှာပါ။ ပြီးရင် main panel ကနေတစ်ဆင့် မီးသက်ဌာနအထိ အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။ အဲဒီနည်းနဲ့ စမ်းသပ်နိုင်ဖို့ ဒီပိုက်လေးကို အထပ်တိုင်း ဒါမှမဟုတ် ဇုန်းတိုင်းမှာ တပ်ဆင်ထားလေ့ရှိပါတယ်။ တချို့သော အဆောက်အဦးတွေဟာ လစဉ် ဒါမှမဟုတ် သုံးလတစ်ကြိမ် စသဖြင့် စစ်ဆေးရတာတွေ ရှိပါတယ်။ အဲဒီအချိန်မျိုးတွေမှာ ဒီပိုက်လေးကို အသုံးပြုပြီး system တစ်ခုလုံး အလုပ် လုပ်သလား မလုပ်လားဆိုတာကို စစ်ပါတယ်။


Pump room ထဲမှာ ဒီလိုမျိုး chart လေးကိုထားရှိပေးပါတယ်။ အဲဒီမှာ ဖော်ပြပေးထားတာတွေက ဘယ်ပန့်ဟာ ဘယ်ဖိအားမှာ စ အလုပ်လုပ်ပြီး ဘယ်ဖိအားမှာ စက်ရပ်မလဲဆိုတာကို ပြထားပေးပါတယ်။ ဒီ chart မှာဆိုရင် churning pressure  8.1 bar ဆိုတာက main pump တွန်းတင်နိုင်တဲ့ အများဆုံး ဖိအားဖြစ်ပါတယ်။ အဲဒီဖိအားမှာ main pump က ရပ်သွားမှာဖြစ်ပြီး ထပ်တင်ချင်သေးတယ်ဆိုရင် jockey pump ကို သုံးရမှာဖြစ်ပါတယ်။ ပိုက်ထဲမှာ ဖိအားကို များသောအားဖြင့် 10 bar ၀န်းကျင် ထားလေ့ရှိပြီးတော့ ပိုက်ပေါက်လို့ဖြစ်စေ sprinkler point လေးတွေ ကွဲလို့ဖြစ်စေ ဖိအားကျပြီး 7.4 bar ကိုရောက်တဲ့အခါမှာ အောက်နားမှပြထားတဲ့အတိုင်း jockey pump ကစလည်မှာ ဖြစ်ပါတယ်။ sprinkler burst ဖြစ်တဲ့အခါမှာ ဖိအားက အလျှင်အမြန် ကျဆင်းတာကြောင့် ဖိအားမနိုင်ဘဲ ဆက်ကျပြီး 6.4 bar ကိုရောက်ရင် duty pump စ လည်ပါမယ်။ တကယ်လို့ duty pump လည်နေရဲ့သားနဲ့ ဖိအားက ဆက်ကျနေပြီး 5.1 bar အထိရောက်တဲ့အခါမှာ standby pump ပါ လည်မှာဖြစ်ပါတယ်။

တကယ်လို့ ရေပြန်ဖြည့်တဲ့အခါမှာတော့ အပေါ်ကနဲ့ ပြောင်းပြန်ပါ။ သာမန်ရေဖြည့်တဲ့အခါမှာတော့ jockey pump နဲ့သာ ဖြည့်တက်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုပန့် ၂ ခုက ရေတင်အားပြင်းတဲ့အတွက် sprinkler head လေးတွေ ကွဲမှာကို စိုးရိမ်ကြလို့ပါ။ churning pressure ကို working pressure အောက် 2 bar လောက်ခွာထားတာလည်း အဲဒီရည်ရွယ်ချက်ပါပဲ။

ခု sprinkler  စနစ် အလုပ်လုပ်ပုံကို ကြည့်လိုက်တာနဲ့ မီးသေသလို အနားမှာ ရှိတဲ့ပစည်းတွေလည်း ရေကြောင့် ဘယ်လောက်ပျက်စီးနိုင်မလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ အထူးသဖြင့် ရေထိရင်ဖြစ်စေ ဒါမှမဟုတ် မသန့်ရှင်းတာ တစ်ခုခုဝင်တာနဲ့ product တွေ အကုန်ပျက်စီးနိုင်တဲ့ ပစည်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ သိုလှောင်ရုံတွေဆိုရင် တော်တော် ထိခိုက်နိုင်ပါတယ်။

အဲဒါကြောင့် ရေနဲ့အတူ တွဲသုံးဖို့ foam system လို့ခေါ်တဲ့ ရေမြှုပ်စနစ်ကိုပါ အသုံးပြုလာကြပါတယ်။ ပိုက်ထဲကို ရေနဲ့အတူ အမျြှပ်တွေပါပါသွားပြီး မီးသက်တာဖြစ်လို့ ဘေးပတ်ဝန်းကျင်ကို ရေးစီးတာတွေ အထိုက်အလျောက်သက်သာသွားနိုင်တာမို့ ဒီစနစ်ကို သုံးကြတာလည်း ဖြစ်ပါတယ်။ ဥပမာ မင်စက်ရုံတွေမှာဆိုရင် ရေကြောင့်မင်အရောင်တွေ ပျံ့ကုန်မှာရယ် မင်ရေတွေ ရေမြောင်းတွေထဲ sewage line တွေထဲ ရောက်သွားမှာ စိုးတဲ့အတွက် ဒီစနစ်ကို သုံးကြတာတွေ့ရပါတယ်။ ရေမြှုပ်ကန် foam tank or bladder tank ထဲက ရေမြှုပ်တွေကို ကိုယ်သုံးချင်တဲ့ control valve ဒါမှမဟုတ် main pipe ထဲကို တိုက်ရိုက်ဆက်ထားပြီး main pipe ထဲရေစီးတာနဲ့ ရေမြှုပ်တွေပါ ၀င်လာပြီး ရောနှောကာ မီးသတ်ခေါင်းတွေဆီကို သွားပါတယ်။


Foam tank or bladder tank

ဒီ sprinkler system ရဲ့ အဓိက အားသာချက်က မီးလောင်တာနဲ့တပြိုင်နက် အလိုအလျောက် မီးငြိမ်းသက်ပေးတာဖြစ်တယ်ဆိုတာ အပေါ်မှာ ကျွန်တော်ရှင်းပြခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ နောက်ဆုံးမီးသေလို့ ရေပိတ်တာက လွဲရင် လူလုပ်ပေးရတာ ဘာတစ်ခုမှ မရှိပါဘူး။ အကုန်လုံး သူ့ဘာသာသူ အကုန်လုပ်သွားတာပါပဲ။ ဒါပေမယ့် ငလျင်လုပ်ပြီး မီးလောင်တာမျိုးတို့လို သဘာဝဘေးအနရယ်တွေနဲ့ တွဲပြီးလောင်တဲ့အခါမှာ ရေပိုက်တွေ ပျက်စီးကုန်လို့ မီးသက်စရာ ရေမရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မီးသက်ရေလှောင်ကန်တော့ (sprinkler tank) အဆင်သင့် ရေအပြည့်ဖြည့်ပြီး ပြင်ထားရပါတယ်။ ကန်ရဲ့ အရွယ်အစားက အဆောက်မီးသက်စနစ်အတွက် 2 နာရီစာ ရေသိုလှောင်နိုင်ရပါမယ်။

အဲဒီတော့ ပြန်ချုပ်ကြည့်မယ်ဆိုရင် sprinkler system ဟာ sprinkler tank  ကနေ စတင်ပါတယ်။ ဒီ sprinkler tank ဟာ အဆောက်အဦးတစ်ခုလုံးမှာ ရှိတဲ့မီးသက်စနစ်တွေရဲ့ ၂ နာရီစာ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရပါမယ်။  sprinkler tank ကနေ ရေတွေကို  sprinkler control valve room ထဲကို ပို့ဖို့  pump room တွေ pumpတွေ လိုပါတယ်။  sprinkler control valve room တွေဟာ မီးသက်သမားတွေ အလွယ်တကူ အသုံးပြုနိုင်ဖို့အတွက် မြေညီထပ်မှာပဲ ရှိရပါမယ်။  sprinkler tank ကနေ sprinkler valve room မှာ ရှိတဲ့  sprinkler main pipe တွေအားလုံးအတွက် ပိုက်တစ်ခုတည်း ဆင်းလာတာဖြစ်ပါတယ်။ main pipe တွေမှာ flow switch. Flow sensor. Pressure gauge flow meter  အဲဒီကနေ  brunch pipe တွေဆီခွဲ။ နောက်တစ်ဆင့်မှာ sprinkler point တွေဆီရောက်။ ဒီလိုတွေ့ရမှာဖြစ်ပါတယ်။

1.(b) Sprinkler (dry system)
ပုံမှန်အပူချိန် ၅ ဒီဂရီ စင်တီဂရိတ်နဲ့အောက် အေးတဲ့ဒေသတွေမှာတော့ wet system ကသုံးလို့မဖြစ်ပါဘူး။ ပိုက်ထဲကရေတွေ အကုန်ခဲကုန်တော့မှာဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ dry system ကိုသုံးရပါတယ်။ အကုန်အတူတူပါပဲ။ ကွာတာ ၁ ခုပဲရှိပါတယ်။ ပိုက်ထဲမှာ ရေမရှိဘဲ လေပဲဖြည့်ထားတာဖြစ်ပါတယ်။ ထိပ်ဖူး sprinkler head မှာရှိတဲ့ bulb လေး အပူကြောင့်ကွဲတာနဲ့ အထဲမှာဖြည့်ထားတဲ့ လေဖိအားလျော့ကျသွားပြီး ပန့်ကို အလုပ်လုပ်စေဖို့ fire alarm system ကို အချက်ပေးမှာဖြစ်ပါတယ်။ ပိုက်ထဲကလေတွေလျော့သွားမှ ရေက၀င်လာလို့ရမှာဖြစ်လို့ မီးငြိမ်းသတ်ရာမှာ wet system ထက် နှောင့်နှေးမှုတွေရှိပါတယ်။ နောက်တစ်ခုက  ပိုက်ထဲမှာ လေတွေ ရေတွေနဲ့ ဆက်စပ်နေရတဲ့အတွက် သံချေးတက်ပြီး ပိုက်ပေါက်တာတွေ ပိုအတွေ့ရများပြီး ပြုပြင်ထိန်းသိမ်းခလည်း ပိုကုန်ကျတက်ပါတယ်။

1.(c) Sprinkler (deluge system)
Deluge system ဆိုတာကတော့ dry system လို့ ပြောလဲ ရပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က မတော်တဆမှုတစ်ခုခုကြောင့် sprinkler head မှာ ရှိတဲ့ bulb လေးကွဲပြီး ရေတွေကျလို့ မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ မရှိစေချင်လို့ ဖြစ်ပါတယ်။ မီးမြန်မြန်ကူးစက်လောင်ကျွမ်းနိုင်တဲ့ နေရာအဆောက်အဦးမျိုးတွေမှာလည်း သုံးပါတယ်။  သူ့ကိုသုံးမယ်ဆိုရင်တော့ smoke detector, heat detector လိုမျိုးတွေနဲ့ တွဲသုံးရပါတယ်။ အဲဒီ smoke deterctor (မီးခိုးငွေ့ အာရုံခံကိရိယာ), heat detector (အပူအာရုံခံကိရိယာ) တွေကနေ မီးခိုးတို့ အပူတို့ကို အာရုံခံပြီး fire alarm အချက်ပေးတာကို ရရှိတဲ့အခါမှာ ပန့်ကိုအလုပ်လုပ်စေပြီး ရေကို မောင်းတင်ပေးတာဖြစ်ပါတယ်။

ဒီအာရုံခံကိရိယာတွေကို သုံးထားတာဖြစ်လို့ ဒီစနစ်မှာသုံးတဲ့ sprinkler တွေရဲ့ head  ထိပ်ဖူးမှာ bulb လေးတွေမရှိတော့ ပါဘူး။ ပန့်ကမောင်းတာနဲ့ ရေတန်းကျပြီး မီးငြိမ်းသတ်ပေးမှာဖြစ်ပါတယ်။ sprinkler head တွေမှာ bulb လေးတွေမရှိတဲ့အတွက် ပန့်ကမောင်းပြီးဆိုတာနဲ့ sprinkler head တွေအားလုံးကနေ ရေတွေပန်းထွက်လာမှာဖြစ်ပါတယ်။ ဆိုလိုတာက လောင်တဲ့နေရာရော မလောင်တဲ့နေရာရော အကုန်တပြိုင်နက် ရေတွေကျနေမှာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း များသောအားဖြင့် smoke detector, heat detector တွေအများကြီးတက်ဆင်ထားပြီး အနည်းဆုံး ၂ ခုလောက်ဆီက အချက်ပေးမှသာ ပန့်ကို မောင်းတင်ခိုင်းတက်ပါတယ်။ တစ်ခုတည်းဆိုရင် မသေချာမှာစိုးလို့ပါ။

Sprinkler head for deluge syst

2 comments: