BMS (Building Management System) or BAS
(Building Automation System)
ညဘက်
အိပ်ပျော်သွားလို့ မီးမပိတ်မိတာ၊ ခြံထဲက မီးတွေ မဖွင့်မိတာ၊ မနက်ခင်း
စောစောထွက်လာခဲ့လို့ ကတိုက်ကရိုက် ထွက်လာခဲ့လို့ အဲကွန်းပိတ်ဖို့ မေ့ကျန်နေခဲ့တာ
စတာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အဖြစ်တွေပဲ ဖြစ်ပါတယ်။
အဲဒီအတွက် စိတ်အနှောက်အယှက်ဖြစ်ရသလို မီတာခ စသဖြင့် စရိတ်စကတွေလည်း တက်လာပါတယ်။
ဒါက ကျွန်တော်တို့ ရိုးရိုးအိမ်တစ်လုံးအတွက်လောက်ကို ပြောတာပါ။ ကြီးမားတဲ့
စက်ရုံတွေ ရုံးခန်းတွေအတွက်ဆိုရင် ပြသနာတွေက တပုံရယ်မှ တခေါင်းပါပဲ။ အဲဒီအတွက်
facility management ၀န်ထမ်းတွေ ခန့်ထားနိုင်ပေမယ့် သိပ်ကြီးမားတဲ့ အဆောက်အဦး
အတွက်ဆိုရင် အဆင်ပြေဖို့ သိပ်မလွယ်ပါဘူး။ အခန်းပေါင်းများစွာ စက်ပေါင်းများစွာ
မီးတွေ အဲကွန်းတွေကို သူ့အချိန်နဲ့သူ ထိန်းချုပ်ဖို့ အလုပ်လုပ်လား
မလုပ်လားစောင့်ကြည့်ဖို့ BMS/BAS စနစ်တွေ လိုအပ်လာတာဖြစ်ပါတယ်။ ဒီနေရာမှာ BMS/BAS
system တွေအနေနဲ့ တချို့သော service တွေကို စောင့်ကြည့် (monitoring)
ပဲလုပ်နိုင်ပြီး တချို့ကိုတော့ အဖွင့်အပိတ် စသဖြင့် command (အမိန့်ပေးခိုင်းစေ)
နိုင်ပါတယ်။
ဘယ်အခန်းက
ဝန်ထမ်းတွေက ဘယ်အချိန်က ဘယ်အချိန်ထိ အလုပ်ချိန်လဲ။ အဲဒီအချိန်အတွင်း မီးတွေ
ဖွင့်ထားဖို့ အဲဒီအချိန်ကျော်ရင် မီးအလိုအလျောက်ဖြတ်ဖို့ timer တွေ
လိုမှာဖြစ်ပါတယ်။ စင်ကာပူလို မီတာခ ဈေးခေါင်ခိုက်နေတဲ့ နိုင်ငံမှာ ဒီဟာတွေဟာ
တော်တော့်ကို ငွေချွေတာရာရောက်ပါတယ်။ နောက်တစ်ခါ အစိုးရကိုယ်တိုင်ကလည်း အဲဒီလို အစီအစဉ်မျိုးကို
အားပေးပြီး ဒီလိုစနစ်မျိုးရှိတဲ့စက်ရုံတွေ ကုမ်ပဏီတွေကို အခွန်လျော့ပေးတာမျိုးနဲ့
ဆွဲဆောင်တာမျိုးတွေ လုပ်ပေးပါတယ်။ အဲဒီအတွက် ကုမဏီတွေအနေနဲ့ ၂ ခါပြန်
သက်သာစေပါတယ်။ Green mark scheme လို့ခေါ်ပါတယ်။
BMS/BAS
system က ထိန်းချုပ်စောင့်ကြည့်လေ့ရှိတဲ့ အချက်တွေကို trade (electrical, acmv,
fire, p&s) တစ်ခုချင်းအလိုက် လေ့လာကြည့်ပါမယ်။ ဒါတွေက အလယ်အလတ်အဆင့်ရှိ စက်ရုံ
၂ ခုကနေ ယူပါတယ်။ တစ်ခုက နှလုံးအဆို့ရှင်အတုတွေ ထုတ်လုပ်ပေးတဲ့
စက်ရုံတစ်ခုဖြစ်ပြီး နောက်တစ်ခုက ကမာကျော် ကွန်ပျူတာတွေ ပရင်တာတွေ ထုတ်တဲ့ ကုမဏီတစ်ခုရဲ့
မင်စက်ရုံပဲ ဖြစ်ပါတယ်။
Electrical
System
ဒီပရောဂျက်
၂ ခုလုံးမှာ Electrical System အတွက် ထိန်းချုပ်ပြီး command ပေးလို့ ရတာမျိုး
မရှိပါဘူး။ အကုန်လုံးက monitoring စောင့်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ တချို့သော
ပရောဂျက်တွေမှာ lighting တွေကို အဖွင့်အပိတ် (on/off) အလင်းအမှိန်(dimming system)
တွေကို ထိန်းချုပ်တဲ့အထိ အသုံးပြုပါတယ်။ ဒီပရောဂျက် ၂ ခုလုံးမှာတော့ အဲဒါမျိုးတွေ
မရှိပါဘူး။ ခု Electrical System အောက်မှာ သူတို့ စောင့်ကြည့်မယ့် facility တွေကို
ကြည့်တဲ့အခါ
1. High
Tension
2. Main
Switch Board
3. EMSB
(Emergency Main Switch Board)
4.
Generator တွေပဲ ဖြစ်ပါတယ်။
တစ်ခုချင်းစီအလိုက်
စောင့်ကြည့်တဲ့ data အချက်တွေကို ကြည့်လိုက်ရင် High Tension ကို ကြည့်တဲ့အခါမှာ
ဒီ high
tension အပိုင်းမှာ high tension panel, transformer, battery charger for HT
panel နဲ့ power meter တို့ပါဝင်ပါတယ်။
high tension panel မှာ အ၀င်လိုင်း incoming
feeder ၂ ခုရှိပါတယ်။ တစ်ခုစီရဲ့ အဖွင့်အပိတ် (on/off status), Trip ဖြစ်နေလား
မဖြစ်လား နဲ့ ပါဝါမီတာ တွေကို ဖတ်လို့ရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းဟာ
အရမ်းအရေးကြီးတဲ့ အချက်တွေဖြစ်တဲ့အတွက် တစ်ခုခု ပြသနာဖြစ်ခဲ့ရင် ဥပမာ လိုင်း ၂
လိုင်းအနက် တစ်လိုင်း ကျသွား(off) ခဲ့ရင်ဖြစ်စေ trip ဖြစ်ခဲ့ရင်ဖြစ်စေ အောက်မှာ
alarm မည်မယ့်အပြင် သတ်မှတ်ထားတဲ့သူတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေဆီကိုပါ sms
ပို့ပေးမှာ ဖြစ်ပါတယ်။ နောက် ပါဝါမီတာမှာလည်း မီတာဘယ်လောက် သုံးပြီးသွားပြီဆိုတာကို
ပြပေးမှာဖြစ်ပါတယ်။ လအလိုက် နှိုင်းယှဉ်ချင်ရင် ဒါမှမဟုတ် နေ့စဉ်အသုံးကို
ကြည့်ချင်ရင်လည်း ဂရပ်graph နဲ့ ပြပေးနိုင်ပါတယ်။ ဒါ့အပြင် အောက်ဆုံးအကွက်မှာလည်း
အ၀င်တစ်ခုစီမှာ ရှိနေတဲ့ current, voltage, KWH, KW အကုန်လုံးကို ပြပေးထားလို့
တစ်ချက်ကြည့်လိုက်ရုံနဲ့ အားလုံးကို သိသွားနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင်
တခြား High tension ဖြစ်တဲ့ transformer မှာဆိုရင်လည်း အဖွင့်အပိတ် (on/off
status) အခြေအနေ၊ trip ဖြစ်မဖြစ်၊ ဖြစ်ခဲ့ရင် temperature အပူများလို့ ဖြစ်တဲ့
temperature trip လား pressure ဖိအားများလို့ဖြစ်တဲ့ pressure trip လားဆိုတာကို
သိနိုင်ပါတယ်။ ဒီအပိုင်းကအချက်တွေ အကုန်လုံးက monitoring (စောင့်ကြည့်)
ဖို့ပဲရပါတယ်။ ဘာကိုမှ control (ထိန်းချုပ်) တာ ပြောင်းလဲတာ လုပ်လို့မရပါဘူး။ ဒီ
HT panel ဟာ အရမ်းဗို့အားများပြီး အရမ်း အနရာယ်များတဲ့အတွက် PE (Professional
Engineer) အဆင့်လောက်မှပဲ ကိုင်တွယ်တာ စမ်းသပ်တာ လုပ်ခွင့်ရှိပါတယ်။
No comments:
Post a Comment