Sunday, 27 July 2014

Vertical Transportation (1)

Vertical Transportation

Vertical Transportation system မှာ
       1)     Lifts
       2)     Escalators တွေ ပါဝင်ပါတယ်။

1)                 Lifts
Lifts (ဓာတ်လှေခါး) တွေမှာလည်း passenger lift, good lifts/ good hoist, fireman lifts, evacuation lift စသဖြင့် အသုံးပြုပုံပေါ်မူတည်ပြီး ကွဲပြားမှုလေးတွေ ရှိပါတယ်။

ပထမဆုံး Lift ရဲ့ structure အကြောင်း ကျွန်တော်တို့ စ ကြည့်ရအောင်ပါ။ အောက်က ပုံကတော့  Lift မစတင်မှီ foundation တစ်ခုအတွက် သံချည်သံကွေး Rebar တွေ ပြင်ထားပုံပဲဖြစ်ပါတယ်။

 Lift တစ်စင်းအတွက် foundation rebar များ ပြင်ဆင်ထားပုံ။ ယင်း သံချီသံကွေးများအောက်တွင် concrete pile များရှိသည်။

Foundation ကွန်ကရစ်လောင်းပြီးနောက် lift pit အတွက် သံချီသံကွေး (rebar) ပြင်ထားပုံ

နောက်ပိုင်း Lift ဆင်တဲ့အခါမှာ အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။ အလယ်က အနီတိုင်လေးက buffer လေးပါ။ တကယ်လို့ lift ပျက်ကျတာတို့ အရှိန်လွန်တာတို့ ဖြစ်ခဲ့ရင် သူကအောက်ဆုံးထိ ပြုတ်မကျအောင် စပရင်နဲ့ buffer လုပ်ပေးမှာဖြစ်တဲ့အတွက် ထိခိုက်မှုနည်းပါးစေပါတယ်။ တကယ်တော့ ဒါက နောက်ဆုံးအဆင့်ပါ။ lift သတ်မှတ်ထားတဲ့ အရှိန်ထက် ပိုမြန်ပြီဆိုတာနဲ့ အရှိန်ထိန်းဖို့ electrically ရော mechanically အရပါ ဘရိတ်တွေ ပါပြီး ဖြစ်ပါတယ်။

အနီရောင်ပိုက်ကတော့ sprinkler ပိုက်ဖြစ်ပြီး ဒီနေရာမှာ side throw လို့ခေါ်တဲ့ ဘေးကနေရေပန်းထုတ်ပေးတဲ့ အမျိုးအစားကို သုံးထားပါတယ်။ Lift ရဲ့ အပေါ်ဆုံး Motor room မှာလည်း sprinkler point တွေ တပ်ဆင်ပေးရပါတယ်။ တချို့ကတော့ အပေါ်ဆုံးမှာ sprinkler မသုံးဘဲ smoke detector ပဲ သုံးတာမျိုးလည်း ရှိပါတယ်။ 

ပထမထပ်ကိုစတက်တဲ့အခါ Lift wall မှာ အပေါက်တွေ ဖောက်ပေးရပါတယ်။ အဲဒါတွေကတော့
1)                 push button လို့ခေါ်တဲ့ lift ခေါ်တဲ့ခလုပ်အတွက် နေရာ
2)                 indication panel  လို့ခေါ်တဲ့ ဘယ်အထပ်ရောက်နေပြီ။ ဆင်းနေတယ် တပ်နေတယ်ကို ပြတဲ့ panel အတွက်နေရာ
3)                 supervisory cable opening လို့ခေါ်တဲ့ control cable တွေ ၀င်ဖို့ အပေါက်အတွက်နေရာ တို့ပဲဖြစ်ပါတယ်။
4)                 fireman switch  (for evacuation lift or fireman lift)
အပေါ်က ၂ ပေါက်က ပထမထပ်ကနေ နောက်ဆုံးထပ်အထိ ဖောက်ပေးထားရမှာဖြစ်ပြီး နောက်ဆုံးထပ်ရောက်တဲ့အခါ အဲဒီအပေါက် ၂ ခုအပြင် MAP (Maintenance access panel) အတွက်နဲ့ power cable အတွက် အပေါက်တစ်ခု ထပ်ဖောက်ပေးရပါတယ်။ ဒါ့အပြင် ventilation အတွက်လည်း အပေါက်ဖောက်ပေးရပါသေးတယ်။ အဲဒါကတော့ aircon contractor ရယ် lift contractor နှစ်ဘက်ညှိနှိုင်းခိုင်းပြီး အတိုင်းအတာကို ယူရပါတယ်။
lift @ first storey
                                          lift @ the last storey

တချို့ Architect တွေကတော့ lift indication panel ကို မတပ်တော့ပဲ push button မှာပဲ အထပ်ကိုပါ ပြပြီးတော့ တစ်ခုတည်း ရောလုပ်လိုက်တာမျိုးလည်း ရှိပါတယ်။ (နမူနာပြထားသောပုံ) ဒါကတော့ budget အခြေအနေနဲ့ Architect ရဲ့ စိတ်ကူးအတိုင်းပါပဲ။ M&E coordinator တစ်ယောက်အနေနဲ့ lift wall အတွက် structure ပိုင်းစတင်တဲ့အခါမှာ အဲဒီအပေါက်လေးတွေ မကျန်ခဲ့ရအောင် စစ်ဆေးပြီး ကျန်ရစ်ခဲ့တာမျိုးရှိခဲ့ရင် builders တွေကို သတိပေး (remind) လုပ်ပေးရပါတယ်။ တစ်ခါတစ်လေ drawing ထဲမှာကို ထည့်ဖို့ မေ့ကျန်တက်ပါတယ်။

ပြီးရင် Lift ရဲ့ roof မှာတော့ lift machine တွေတပ်ဆင်တဲ့အခါမှာ အသုံးပြုဖို့ lifting eyes ဒါမှမဟုတ် lift hook တွေ တပ်ဆင်ပေးထားရပါတယ်။ အရေအတွက်နဲ့ rebar size ကတော့ lift ရဲ့ အလေးချိန်နဲ့ တပ်ဆင်ပုံပေါ်မူတည်ပြီး ကွာခြားပါတယ်။ အရေအတွက်နဲ့ ရှိရမယ့်ခံနိုင်ရည်ကို lift contractor ကပေးရပြီး structure engineer က ဒီဇိုင်းဆွဲပေးရပါတယ်။

Lift Power Supply

Lift အတွက် power supply ကိုလည်း lift contractor ကပဲ တွက်ချက်ပေးရပါတယ်။ အဲဒီလိုပေးတဲ့နေရာမှာ lift machine အတွက်သက်သက် lift ထဲက lighting အတွက်သက်သက် ပေးလေ့ရှိပါတယ်။ ဥပမာ lift machine အတွက် 63A 3P Isolator နဲ့ general lighting/power အတွက်က 20A 1P Isolator စသဖြင့် ပေးရလေ့ရှိပါတယ်။

နောက်တစ်ခါ အဲဒီ power supply ကိုလည်း emergency source ကနေ ပေးလေ့ရှိပါတယ်။ အထူးသဖြင့် fireman lift နဲ့ evacuation lift တို့မှာ မဖြစ်မနေ e source ကနေပေးရပါတယ်။ e source ဆိုတာက ဂျင်နရေတာနဲ့ ဆက်ထားတာကို ပြောတာပါ။ ရိုးရိုးလိုင်း (normal source) က မီးပျက်သွားခဲ့ရင် ဂျင်နရေတာဆီကနေ ပါဝါကို ယူရမှာဖြစ်ပါတယ်။ ရိုးရိုးရော e source ပါပျက်သွားခဲ့ရင်လည်း သူ့မှာရှိတဲ့ ဘတ်ထရီနဲ့ နီးစပ်ရာအထပ်ကို ဆင်းလို့ရပါသေးတယ်။

Lift Vs Fire Alarm

ဓာတ်လှေခါးတွေရဲ့ supervisory panel တွေကို FCC (Fire command center) တွေမှာ ထားလေ့ရှိပြီး Fire Alarm system တွေနဲ့လည်း ဆက်ထား connect လုပ်ထားရပါတယ်။ ဒီ panel မှာ အဆောက်အဦးထဲမှာရှိတဲ့ ဓာတ်လှေခါးတွေရဲ့ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်လို့ရပါတယ်။ ဘယ်ဓာတ်လှေခါး ဘယ်မှာရှိတာ၊ ဘယ်ဓာတ်လှေခါးဆင်းနေသလား တက်နေသလား။ ဒါမှမဟုတ် ပျက်နေသလား။ Maintenance လုပ်နေသလား။ အကူအညီတောင်းနေသလား။ အကုန်ရှိရပါတယ်။

Lift supervisory panel က Fire Alarm signal ကို လက်ခံရရှိပြီဆိုတာနဲ့ ဓာတ်လှေခါးတွေ အကုန်လုံးဟာ ဘယ်အထပ်မှာ ရှိနေသည်ဖြစ်စေ ပထမထပ်ကို ဆင်းလာရပါမယ်။ ပြီးရင် ဒီ Fire Alarm signal ကို manually reset မလုပ်မချင်း တံခါးဖွင့်ထားပေးရပါတယ်။ တံခါးတွေပြန်မပိတ်ရပါဘူး။ အဓိက က lift ထဲမှာ ရှိတဲ့ သုံးနေတဲ့သူတွေရှိရင် ဘေးကင်းစေဖို့ဖြစ်ပြီး၊ တကယ်လို့ သုံးနေတဲ့သူမရှိခဲ့ရင်လည်း မသုံးစေချင်လို့ဖြစ်ပါတယ်။ တကယ်လို့ မီးက ပထမထပ် lift lobby မှာ လောင်နေတယ်လို့ alternative fire signal ရခဲ့ရင်တော့ ပထမထပ်ကို ဆင်းလို့မဖြစ်နိုင်တော့တဲ့အတွက် ဒုတိယထပ် သို့မဟုတ် တခြားသတ်မှတ်ပေးထားတဲ့အထပ်ကို ဆင်းသက်ရပါတယ်။ မီးလောင်နေတဲ့ အထပ်မှာ ဓာတ်လှေခါး မရပ်မိစေဖို့ပဲဖြစ်ပါတယ်။

တကယ်လို့ ဓာတ်လှေခါးက (fireman lift )မီးသက်သမားသုံး ဓာတ်လှေခါး ဖြစ်ခဲ့ရင် မီးသတ်သမားတွေက ဒါမှမဟုတ် (evacuation lift) ကယ်ဆယ်ရေးဓာတ်လှေခါး ဖြစ်ခဲ့ရင်တော့ ကယ်ဆယ်ရေးသမားတွေက ခလုပ်ပြောင်းပြီး ဆက်သုံးလို့ရပါတယ်။ Fireman lift က မီးသက်သမားတွေသုံးဖို့ပြီး evacuation lift ကတော့ မီးသက်သမားတွေရော တခြား တာဝန်ရှိသူ ကယ်ဆယ်ရေးသမားတွေရော သုံးနိုင်ပါတယ်။ evacuation lift တွေက အဓိကအားဖြင့် မသန်စွမ်းသူတွေ လှေခါးကနေ ဆင်းမပြေးနိုင်တဲ့အတွက် ကယ်ဆယ်ဖို့ ရည်ရွယ်တာပါ။  အဲဒီ ဓာတ်လှေခါးတွေဟာ fire rated မီးဒဏ်ခံနိုင်ရည်ရှိပြီး သူတို့ရဲ့ lift lobby တွေဟာလည်း တခြားရိုးရိုး passenger lift တွေနဲ့ မတူဘဲ fire rated တွေဖြစ်ရပါတယ်။

Fireman lift ကို evacuation lift အဖြစ်သုံးနိုင်ပေမယ့် အပြန်အလှန်အနေနဲ့ evacuation lift ကို Fireman lift အဖြစ်သုံးလို့ မရပါဘူး။ evacuation lift ကို မီးဘေးတင်မက အခြားဘေးဒုက်ခတွေ ဖြစ်နေချိန်တွေမှာပါ သုံးဖို့ရည်ရွယ် ပါတယ်။ ဒါပေမယ့် မသန်စွမ်းသူတွေကိုကယ်တင်ဖို့သာ ဒီ ဓာတ်လှေခါးကို သုံးရမှာ ဖြစ်ပါတယ်။ ကျန်တဲ့လမ်းလျှောက်နိုင်တဲ့ လူကောင်းတွေကတော့ တခြားရိုးရိုးလှေခါးကိုသာ သုံးရမှာဖြစ်ပါတယ်။ ဓာတ်လှေခါးက မြန်မြန်အောက်ကို ရောက်နိုင်တယ် ဆိုပေမယ့် သူ့မှာလည်း တခြားမမြင်ရတဲ့ ဘေးအနရာယ်တွေ ရှိနေပါတယ်။ risk များတဲ့အတွက် တော်ရုံပေးမသုံးတာပါ။ မသန်စွမ်းတွေ ကိုယ်တိုင်လည်း သုံးခွင့်မရှိပါဘူး။ လေ့ကျင့်ထားတဲ့ ဦးဆောင်သူတစ်ဦးက ကူညီပေးရမှာ ဖြစ်ပါတယ်။

တခြား သိထားရမယ့်အရာတွေကတော့ lift ရဲ့ အမိုးတွေမှာ access panel ဒါမှမဟုတ် evacuation panel လို့ခေါ်တဲ့ လေးထောင့်ကွက်လေးတွေ ရှိပါတယ်။ တကယ်လို့ lift တခါးဖွင့်မရဘဲ ဂျမ်းဖြစ်နေတဲ့အခါမျိုးမှာ ကယ်ဆယ်ရေးသမားတွေ က lift အပေါ်ကနေ ဆင်း အဲဒီတံခါးကိုဖွင့်ပြီး ကယ်ဆယ်နိုင်ပါတယ်။ နောက် lift တွေအထဲမှာလည်း တစ်ခုခု အကူအညီလိုရင် FCC room ကို အကူအညီ တောင်းနိုင်တဲ့ တိုက်ရိုက် intercom ဖုန်းလိုင်းလဲ ရှိပါတယ်။ ခလုပ်နှိပ်ပြီး ပြောရုံပါပဲ။ 

lift နဲ့ ပတ်သတ်ပြီး နောက်တစ်ခု သိထားရမှာက lift installation ဟာ အနရာယ်ရှိတာဖြစ်တဲ့အတွက် construction ချိန်တလျောက်လုံးနဲ့ installation လုပ်နေချိန်တလျှောက်လုံး တံခါးပေါက်ကို တပ်ဆင်ပြီးဖြစ်စေ မတက်ရသေးတဲ့အချိန်ဖြစ်စေ လုံးဝ ပိတ်ထားရမှာ ဖြစ်ပါတယ်။ တံခါးမပိတ်ထားမိလို့ lift ထဲပြုတ်ကျပြီးသေတာတွေ ရှိတက်သလို မသေဘဲ မေ့နေရင်တောင် တော်ရုံလူသိဖို့ မလွယ်တာမို့ သွေးထွက်လွန်ပြီး သေတာမျိုးတွေ ပုတ်နံ့ထွက်လာမှ သိတာမျိုးတွေ ရှိတက်လို့ပါ။ အဲဒါကြောင့် safety နဲ့ပတ်သတ်ပြီး သတိထားရပါတယ်။

lift installer ဓာတ်လှေခါးတပ်ဆင်သူတွေက အားလုံးပြီးတဲ့အခါ ဓာတ်လှေခါးရဲ့ ခံနိုင်ဝန်ကို load test စစ်ဆေးပါတယ်။ အားလုံးပြီးလို့ သုံးဖို့အဆင်သင့်ဖြစ်ပြီဆိုရင် client ဘက်ကို လွှဲသလို အလုပ်ပိုင်းမှာလည်း သူတို့ရဲ့ construction team က service team ကို လွှဲပေးပြီး ကျန်တဲ့အပိုင်းတွေကို service team ကဆက်လုပ်ပါတယ်။ service team က နောက်ပိုင်းပျက်တာတို့ လူအထဲမှာ ပိတ်မိနေလို့ ကယ်ဆယ်တာတို့ကို သူတို့က လုပ်ပါတယ်။ သူတို့အချိန်မှီမရောက်ရင် မီးသတ်ကိုခေါ်လည်း ရပါတယ်။

Fire Protection System (7)

Architectural Side

Archi ဘက်မှာလည်း Fire Fighting အတွက် ပြင်ဆင်ရတာတွေ ရှိပါတယ်။ နံရံ (wall) တွေ မျက်နှာကျက် (ceiling)တွေ တံခါးတွေ ပြတင်ပေါက်တွေကို မီးလောင်ခံ (fire rated wall, fire rated ceiling, fire rated window) စသဖြင့် တပ်ဆင်ရတာမျိုးတွေပါ။ ခုနက fire roller shutter ဆိုရင်လည်း archi တွေ ပြင်ဆင်ရတာပါ။ ဒါ့အပြင် fire access way လို့ခေါ်တဲ့ အရေးပေါ်ထွက်ပေါက်တွေ လှေခါးတွေ မီးသက်ကားရပ်ဖို့ နေရာတွေ (fire engine hard standing) စတာတွေကိုလည်း ထည့်သွင်းတွက်ချက် တည်ဆောက်ပေးရပါတယ်။ နောက်တစ်ခါ မီးလောင်တဲ့အခါ မီးသတ်သမားတွေ အထဲဝင်နိုင်ဖို့အတွက် Fireman Access Panel (FAP) လို့ခေါ်တဲ့ ပြတင်းပေါက်တွေလည်း တပ်ဆင်ပေးထား ရပါတယ်။ ဒီပြတင်းပေါက်တွေကို အထဲကဖွင့်လို့ မရဘဲ အဆောက်အဦး အပြင်ဘက်ကသာ ဖွင့်လို့ရပါတယ်။ မီးသတ်သမားသုံး ပြတင်းပေါက်ပဲ ဖြစ်ပါတယ်။ အထဲမှာ လူတွေ ပိတ်မိနေတဲ့အခါမျိုး တွေမှာလည်း အဲဒီအပေါက်ကနေ ၀င်ရောက်မီးငြိမ်းရပါတယ်။ 

ကျွန်တော်တို့ နံရံ (wall) တွေမှာ brick wall, normal partition wall, fire rated partition wall စသဖြင့် ရှိရမှာ အဲဒီ wall တွေထဲမှာ M&E service တွေ အထူးသဖြင့် electrical system အတွက် conduit မြှုတ်ရာမှာ fire rated partition wall ဆိုရင် အထဲမှာ ထည့်မြှုတ်ခွင့် မရှိတော့ပါဘူး။ ဒါလေးက သတိထားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။

တစ်ခုသတိထားရမှာက Fire Protection System ဟာ M&E scope ဖြစ်ပေမယ့် Fire Hydrant, Fire Extinguisher, Hosereel နဲ့ Dry Riser တို့ရဲ့ တပ်ဆင်ရမယ့် နေရာတွေကို Architect က သတ်မှတ်ပေးတာပါ။ M&E က သူ့ကိုပဲ follow လုပ်ရပါတယ်။ 

ကဲ အဲဒီတော့ ဒီလောက်စနစ်ပေါင်းများစွာ တပ်ဆင်ပြီး ကာကွယ်ထားတာ စိတ်ချရပြီလားဆိုတော့ စိတ်မချရသေးပါဘူး။ ရိုးရိုးသာမန်မီးကိုတော့ လုံးဝနီးပါး ကာကွယ်နိုင်တယ်လို့ ပြောနိုင်ပေမယ့် ငလျှင်လှုပ်လို့ မီးလောင်တာမျိုးမှာ အပြင်က ယူရမယ့်ရေပိုက်တွေအကုန်လုံး ပျက်စီးကုန်တဲ့အခါ မီးသက်ကားတွေ မီးသက်သမားတွေ လွယ်ကူစွာ မလာနိုင်တော့တာ လာနိုင်ပေမယ့် ရေမရနိုင်တဲ့အခါမျိုးတွေလည်း ရှိတက်ပါတယ်။ ဒါတောင် မီးသက်ကန် sprinkler tank ဟာ အဆောက်အဦးတစ်ခုလုံးကို ၂ နာရီကြာဖြန်းနိုင်တဲ့ရေပမာဏ သိုလှောင်နိုင်အောင် ဒီဇိုင်းရေးထားရတာဖြစ်ပါတယ်။ ဒါပေမယ့် ငလျှင်လှုပ်တဲ့အခါ သူလည်းပဲ လောကီသားမို့ သွားရတာပါပဲ။ အဲဒီလို မီးသက်သမားလည်း မကယ်နိုင်အခြေအနေတွေအတွက် ဘယ်လိုလုပ်မလဲဆိုတော့ အကောင်းဆုံးကာကွယ်နည်းကိုတွေ့ရှိခဲ့ပါတယ်။

အဲဒါကတော့ အာမခံထားလိုက်ခြင်းဖြစ်ပါတယ်။ အဆောက်အအုံတစ်ခု တည်ဆောက်နေဆဲရော တည်ဆောက်ပြီးနောက်ပိုင်းပါ အာမခံထားရပါတယ်။ အာမခံထားတယ်ဆိုလို့ လွယ်လွယ်ထားလို့ ရတယ်လို့တော့ မထင်လိုက်ပါနဲ့။ စင်ကာပူမှာ တချို့သော စက်ရုံတွေမှာတပ်ဆင်ထားတဲ့စနစ်တွေဟာ စင်ကာပူအစိုးရက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေထက် ပိုမိုတင်းကျပ်တာတွေ ရှိပါတယ်။ အဓိက က အဲဒီ အာမခံကုမဏီတွေရဲ့ သတ်မှတ်ထားတဲ့ စနစ်တွေပဲဖြစ်ပါတယ်။ အာမခံကုမဏီကလည်း ဆောက်လုပ်တဲ့အချိန်လေးမှာပဲ စစ်ဆေးတာမဟုတ်ပါဘူး။ တောက်လျှောက် စစ်နေတာပါ။ သူတို့ကတော့ audit ၀င်တယ်လို့ပြောပါတယ်။ ဘာပဲပြောပြော အာမခံပါထားလိုက်ပြီဆိုရင်တော့ သူ့ဘာသာ မီးပဲလောင်လောင် ငလျင်ပဲလှုပ်လှုပ် ဖြစ်ချင်ရာဖြစ် ရင်ခုန်စရာ စိုးရိမ်စရာမလိုတော့ပါဘူး။ ကဲ အခုဆိုရင်တော့ လုံးဝပြည့်စုံတဲ့ မီးဘေးကာကွယ်ရေးစနစ်ကို ရရှိသွားပြီဖြစ်ပါတယ်။

Fire Protection System (6)

8.     Fire Alarm System

Lift supervisory Panel, Fireman Intercom, Mimic panel, MAP (Main Alarm panel) (from left to right)

Fire alarm system  ကတော့ အပေါ်မှာ ပြောခဲ့သမျှအားလုံးရဲ့  အချုပ်ပဲဖြစ်ပြီး  သူတို့တွေအားလုံးရဲ့ လှုပ်ရှားမှုတွေကို သူ့ဆီသတင်းပို့နေရတဲ့  data center  သဘောမျိုးလည်း ဖြစ်ပါတယ်။ sprinkler  ရေထွက်ပြီဆိုလည်း သူ့ဆီသတင်းရောက်ပါတယ်။ smoke detector မီးခိုးနံ့ရပြီဆိုလည်း သူဆီသတင်းပို့ရပါတယ်။ ဘယ်ပန့်လည်နေတယ်။ ဘယ် sprinkler pipe တော့ ရေစီးနေပြီ၊ အကုန်လုံး သူ့ကို သတင်းပို့ရပါတယ်။ သူ့ဆီမှာ ရှိနေပါတယ်။ အဲဒီ အ၀င် incoming signal တွေ အချက်ပြချက်တွေရပြီဆိုရင် သူက အထွက် outgoing command တွေ ပြန်ပေးပါတယ်။ အဲဒါကတော့ alarm bell တွေ မည်တာ၊ electromeganatic door တွေ ပွင့်/ပိတ်တာ၊ fire shutter တွေ ပိတ်တာ နောက်အရေးကြီးဆုံးဖြစ်တဲ့ မီးသတ်ဌာနကို တိုက်ရိုက်အကြောင်းကြား အချက်ပို့ပေးတာတို့ပါပဲ။ 

အဆောက်အဦး တစ်ခုလုံးရဲ့  မြေပုံ (master mimic panel) ရယ်၊ ပြီးတော့ အဲဒီမြေပုံထဲမှာ အထပ်အသီးသီး နေရာအသီးသီးက ဒီ fire fighting system ထဲက ဘယ်ပစည်း ဘယ်နေရာမှာ ဆိုတာတွေအကုန်သူ့မှာ ထည့်ထားရပါတယ်။ ဥပမာ  hosereel တစ်ခုကို ဖွင့်လိုက်တယ် ဆိုတာနဲ့ သူ့ဆီမှာ အချက်ပေးသံထွက်လာသလို မြေပုံမှာလည်း အဲဒီ hosereel ရဲ့ အထပ်နဲ့ နေရာရှိတဲ့နေရာက မီးလေးဟာ အနီရောင်တဖျက်ဖျက် လင်းလာပါတယ်။

 အဲလိုပဲ smoke detector ဆိုလည်း မီးခိုးရပြီဆိုတာနဲ့ သူ့ဆီချက်ချင်းသတင်းရောက် အချက်ပေးသံမြည် ပြီးတော့ မြေပုံပေါ်က သူ့နေရာမှာလည်း မီးနဲ့အချက်ပြပါတယ်။  FCC room ထဲမှာ ရှိတဲ့ မြေပုံကို Master MIMIC panel လို့ခေါ်ပြီး သက်ဆိုင်ရာအထပ်တွေရဲ့ staircase တွေ Fire Fighting Lobby တွေမှာတော့ အဲဒီအထပ်တွေရဲ့ မြေပုံ floor mimic panel တွေ ရှိတက်ပါတယ်။

Master mimic panel
သူက သတင်းရပြီဆိုရင် သူကပြန် report လုပ်ရတာရှိသလို၊ သူက တိုက်ရိုက်ခိုင်းတာတွေလည်း ရှိပါတယ်။ decam ကုမဏီ (decentralized Alarm Monitoring System) ဆီကို သူက report လုပ်ရပါတယ်။ အဲဒီကုမဏီတွေက call center တွေနဲ့ အလားတူပဲဖြစ်ပြီး၊ Cisco တို့လို ကုမဏီကြီးတွေက တာဝန်ယူပါတယ်။ အဲဒီ decam ကနေပြီးတော့ သက်ဆိုင်ရာအဆောက်အဦးက တာဝန်ရှိသူကို ဖုန်းခေါ်ပြီး သေချာ မသေချာ မေးပါတယ်။ confirm လုပ်ပါတယ်။ ဟုတ်တယ်ဆိုမှ မီးသက်ဌာနကို သူက ခေါ်ပါတယ်။ ဒါက သူက report လုပ်ရတာပါ။

မီးလောင်ပြီလို့ သတင်းရတာနဲ့ သူဘာသာသူ တိုက်ရိုက်ခိုင်း (ညွှန်ကြား) ရတာတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့ ဓာတ်လှေခါး (lift) အကုန်လုံး ဘယ်နားမှာ ရောက်နေရောက်နေ ပထမထပ်ကို အကုန်ဆင်းပြီး ရပ်သွားအောင် ခိုင်းပါတယ်။ နောက် ရိုးရိုးလှေခါးတွေအတွက် လေပေးတဲ့ ventilation fan တွေကို အမြန်နှုန်းနဲ့ လည်ပတ်စေပါတယ်။ ဒါမှ လှေခါးကနေ ပြေးဆင်းလာမယ့် သူတွေအတွက် အသက်ရှုဖို့ လေကောင်းကောင်း ရနိုင်မှာဖြစ်သလို လှေခါးထဲက လေဖိအားက ကြီးနေတဲ့အတွက် အပြင်က မီးခိုးတွေတော်ရုံနဲ့ ၀င်လို့မရမှာလည်း ဖြစ်ပါတယ်။  နောက် PA (public address)  system နဲ့ ချိတ်ဆက်ပြီး မီးလောင်နေတယ်လို့ သတင်းရကြောင်း ကြိုတင်အသံသွင်းထားတဲ့အတိုင်း ကြေငြာပြီး လူတွေကိုအကြောင်းကြားရပါတယ်။ PA system ဆိုတာကတော့ အဆောက်အအုံတစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ စပီကာတွေ speaker တွေကို ပြောတာပါပဲ။  တကယ်လို့ ဇုန်အလိုက်ပဲဆိုရင်လည်း မီးလောင်တဲ့ဇုန်ကိုပဲ အကြောင်းကြား ကြေငြာပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆောက်အဦးတစ်ခုလုံးမှာ တပ်ထားတဲ့ Alarm bell တွေကိုလည်း အသံတွေမြည်စေမှာဖြစ်ပါတယ်။

ပြီးရင် အရေးကြီးဆုံးဖြစ်တဲ့ ကဒ်စနစ်နဲ့ ဖွင့်ရတဲ့ အရေးပေါ်ထွက်ပေါက်အဖြစ် သတ်မှတ်ထားတဲ့ တခါးတွေ (electromagnetic door) တွေ အကုန် ချက်ချင်းအလိုအလျောက် ပွင့်ရပါတယ်။ ဒါမှ အကုန်လုံးအလွယ်တကူ ထွက်နိုင်မှာဖြစ်ပြီး အထဲမှာ ပိတ်မိတဲ့လူ မရှိနိုင်မှာပါ။ Fire roller shutter ဆိုရင်တော့ အကုန်ပိတ်ရပါတယ်။ သူက မီး အခန်းမကူးနိုင်အောင် ဖြစ်ပါတယ်။

တချို့ ကြီးမားတဲ့ အဆောက်အဦးတွေ shopping center တို့လိုနေရာမျိုးတွေမှာ မီးလောင်မှုဖြစ်ပွားခဲ့ရင် ဖြစ်နေတဲ့နေရာကနေ တခြားကို မကူးနိုင်စေဖို့ fire curtain or fire roller shutter လို့ခေါ်တဲ့ စနစ်ကိုလည်း တပ်ဆင်ကြပါတယ်။ မီးလောင်တာနဲ့ အဲဒီ fire curtain က သတ်မှတ်ထားတဲ့ နေရာတွေမှာ ကန့်လန့်ကာကျသလို ကျလာခြင်းအားဖြင့် နေရာတွေကို ကန့်သတ်လိုက်ပါတယ်။ အဲဒါကြောင့် ကျန်တဲ့နေရာတွေကို လွယ်ကူစွာမီးမကူးနိုင်တော့တဲ့အတွက် မီးငြိမ်းသက်တဲ့နေရာမှာ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ fire roller shutter နဲ့ သဘောအတူတူပါပဲ။ (Fire roller shutter က မီးလောင်ရင် ပိတ်မှာဖြစ်တဲ့အတွက် သူ့ကိုတပ်ဆင်ရင် ထွက်ပေါက် (exit) အဖြစ် နောက်ထပ် တံခါးပေါက် တစ်ခုကိုလည်း တပ်ဆင်ပေးရပါတယ်)

ဒါတွေအကုန်လုံးကို control module လို့ခေါ်တဲ့ ပွိုင့်လေးတွေကနေ fire alarm system နဲ့ ချိတ်ဆက်ထားရပါတယ်။

တကယ်လို့ မီးက စ လောင်နေပြီ။ ဒါပေမယ့် အရမ်းမများသေးတဲ့အတွက် အပူချိန်သိပ်မရှိသေးလို့ sprinkler ကလည်း ရေမဖြန်းသေးဘူး။ smoke detector  အနားမှာ မတပ်ဆင်ထားတဲ့အတွက် သူကလည်း အချက်မပို့နိုင်ဘူး။ ကိုယ်က ခုနက တပ်ဆင်ထားတဲ့ hose reel တွေ fire extinguishe တွေကိုလည်း မသုံးတက်ဘူးဆိုပါတော့။ မီးလောင်နေကြောင်း ဘယ်လို သတင်းပေးကြမလဲ။ အရမ်းကို လွယ်ကူပါတယ်။ Manual Call Point လို့ခေါ်တဲ့ ခလုပ်လေးမှာရှိတဲ့ မှန်ချက်လေးကို လက်ညှိုးလေးနဲ့ ထိုးလိုက်ရုံပါပဲ။ အဲဒီမှန်ချက်လေးက အရမ်းကွဲကြေလွယ်ပြီး သူကွဲတာနဲ့တပြိုင်နက် ခုနက fire alarm system မှာ အချက်ပေးသံထွက်လာမှာဖြစ်ပါတယ်။ ပြီးတော့မှ ခုနက အဆင့်ဆင့်လုပ်ပြီး လာငြိမ်းသက်ကြမှာပါ။

အနီရောင်ခလုပ်လေးက manual call point ဖြစ်ပါတယ်။ အလယ်က မှန်လေးကို အားနည်းနည်းထည့်ပြီး ဖိလိုက်ရင် မှန်ကွဲသွားပြီး သူကအကြောင်းကြားပေးမှာဖြစ်ပါတယ်။ သူ့အပေါ်မှာ bell တစ်ခု အမြဲတက်ဆင်ထားပါတယ်။ မှန်လေးကွဲသည်ဖြစ်စေ အခြား fire alarm ရသည်ဖြစ်စေ အဲဒီ bell တွေက အသံတွေ မည်လာမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုပြောစရာကျန်နေတာကတော့ Fire Command Center (FCC) ပဲဖြစ်ပါတယ်။ မီးဘေးအနရာယ်ဖြစ်လာရင် အသုံးပြုရမယ့် facility တွေအကုန်လုံး ဒီအခန်းထဲမှာ ထားရပါတယ်။ ဘယ်နားတွေ လောင်နေလဲသိဖို့ Fire Alarm system, အထဲက လူတွေနဲ့ စကားပြောဖို့ Fireman Intercom, လှေခါးထဲ လေရှိ မရှိသိဖို့ remote control panel for staircase ventilation, ဓာတ်လှေခါးတွေ ပထမထပ်ကို ဆင်းမဆင်း သိဖို့ Lift supervisory panel, အဆောက်အအုံတစ်ခုလုံး သတိပေးချက် ထုတ်ပြန်ပေးဖို့ PA system အကုန်လုံး ဒီအခန်းထဲမှာ ရှိရပါတယ်။ ဒါမှ မီးလောင်မှုဖြစ်ရင် မီးသက်ဌာနအနေနဲ့ ဒီအခန်းထဲကနေ အခြေအနေတွေအားလုံးကို လေ့လာသုံးသပ်ပြီး အကဲခက် ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ စီစဉ်ညွှန်ကြားနိုင်မှာဖြစ်ပါတယ်။


ဒါတွေက မီးငြိမ်းသက်ဖို့ပဲ ဖြစ်ပြီး မီးလောင်လာရင် လူတွေအလျှင်အမြန် အဆင်ပြေပြေ ထွက်ပြေးနိုင်ဖို့ ပြင်ဆင်ပေးရတဲ့အချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ exit sign တွေ emergency light တွေပဲဖြစ်ပါတယ်။ ထွက်ပြေးတဲ့လမ်းတလျှောက် အောက်ဆီဂျင်ရရှိနေစေဖို့အတွက် ventilation system (fresh air fan) ကိုလည်း ACMV ဘက်က ပြင်ဆင်ပေးရပါတယ်။ smoke stop lobby တွေဆို အပြင်ကမီး အထဲကို အလွယ်တကူ မ၀င်နိုင်အောင် အထဲကို လေဖိအားများများ ထည့်သွင်းပေးရတာလည်း ရှိပါတယ်။ ၀င်လာမယ့်မီးခိုးကို အထဲက လေဖိအားက တွန်းထုတ်ပေးတဲ့သဘောပါ။ ဒီနေရာမှာ မီးခိုးကို တွန်းထုတ်ပေးတယ်ဆိုပေမယ့် ၀င်လာမယ့်လူတွေ တံခါးကိုတွန်းဖွင့်နိုင်ဖို့လည်း စဉ်းစားရပါတယ်။ အဲဒါကြောင့် ဖိအားအရမ်းမများအောင်လည်း ထည့်တွက်ရပါတယ်။

Fire Protection System (5)

    Smoke Detector, heat detector, flame detector System

တချို့သောနေရာတွေ တချို့အခန်းတွေဟာ မီးလောင်ရင် ရေနဲ့သက်လို့ မရတာတွေရှိပါတယ်။ ရေနဲ့သက်မှ ပိုဆိုးသွားတာမျိုးတွေကို ဆိုလိုတာပါ။  Electrical Switch Board တွေ၊ နောက်  IDF  room လိုမျိုး အခန်းတွေပါ။  ဒီအခန်းတွေဟာ လျှပ်စစ်ဖြန့်ဖြူးရာ အခန်းဖြစ်တဲ့အတွက် မီးလောင်လို့ ရေဖြန်းလိုက်ရင် shock ဖြစ်မှာမို့လို့ပါပဲ။ တချို့  ရေနဲ့ထိတွေ့လို့မရတဲ့ ဓာတုပစည်းတွေ သိမ်းဆည်းတဲ့အခန်းမျိုးဆိုရင်လည်း အလားတူပါပဲ။ အဲဒီလိုအခြေအနေရှိတဲ့ အခန်းတွေအတွက် smoke detector လို့ခေါ်တဲ့ မီးခိုးအာရုံခံကိရိယာတွေကို တပ်ဆင်ရပါတယ်။ ပြီးရင် မီးသက်ဆေးဗူး Fire Extinguisher  တွေ ထားထားပေးရပါတယ်။ ဒီ smoke detector တွေက Fire Alarm System  နဲ့ ဆက်ထားတာဖြစ်လို့ သူတို့က မီးခိုးလို့ သိတာနဲ့တပြိုင်နက်  Fire Alarm ကတစ်ဆင့် အကုန်လုံးသိကုန်ပြီး ကြိုတင်ငြိမ်းသက်နိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုက အဆောက်အအုံတစ်ခုရဲ့ ပထမထပ်မှာရှိတဲ့ Lift Lobby လို့ခေါ်တဲ့ lift ကနေထွက်ထွက်ချင်း အခန်းမှာလည်း တပ်ဆင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးလောင်မှုတစ်ခုဖြစ်တာနဲ့တပြိုင်နက် ဒီ Lift တွေဟာ ဘယ်အထပ်မှာ ဘယ်နားမှာ ရောက်နေသည်ဖြစ်စေ မြေညီထပ်ကို အကုန်ဆင်းရပါတယ်။ အထဲမှာရှိတဲ့လူတွေလည်း အကုန်အဲဒီကနေ ထွက်ပြေးနိုင်ဖို့ပါ။ ဒါပေမယ့် တကယ်လို့ မီးလောင်တာက အဲဒီမြေညီထပ် lift lobby မှာဆိုရင် အထဲကလူတွေ ဘယ်လိုမှထွက်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် တကယ်လို့ ပထမထပ်မှာတပ်ထားတဲ့ somke detector က အာရုံခံပြီး သူ့ဆီမှာ မီးလောင်နေတယ်လို့ အချက်ပြရင် Lift က ပထမထပ်ကို မဆင်းဘဲ ဒုတိယထပ်မှာတင် ရပ်လို့ရအောင် ဖြစ်ပါတယ်။

တခြားသုံးတဲ့နေရာတွေကတော့ အိပ်ခန်းတွေ (မီးခိုးတွေဝင်လာပြီး မနိုးရင် အောက်စီဂျင် ပြက်ပြီး သေနိုင်) မီးဖိုခန်းတွေ ဖုန်ထူထပ်တဲ့နေရာတွေ (ဖုန်နဲ့ မီးခိုးရောပြီး သာမန်အားဖြင့် မမြင်နိုင်) ပဲဖြစ်ပါတယ်။ သတိထားရတာတစ်ခုက ဒီ smoke detector ကို ဆေးမသုတ်မိစေဖို့နဲ့ တခြားပစည်းတွေနဲ့ ကာမိပြုမိ မဖြစ်စေဖို့ပဲဖြစ်ပါတယ်။

အလားတူတခြားပစည်းတွေကတော့ အပူကို အာရုံခံပေးတဲ့ heat detector မီးတောက်ကို အာရုံခံပေးမယ့် flame detector တို့ကိုလည်း အသုံးပြုတာတွေ ရှိပါတယ်။


တပ်ဆင်တဲ့နေရာမှာ အနီးဆုံး နံရံကနေ ၃၀၀ မီလီမီတာ၊ တစ်ခုနဲ့တစ်ခုကြား ၇.၂ မီတာနဲ့ ကော်ရစ်ဒါတွေအတွက်ဆိုရင်တော့ ၁၀.၂ မီတာအများဆုံးထားပြီး တပ်ဆင်နိုင်ပါတယ်။

      Fireman Intercom System


Master Telephone handset panel

 2 way emergency voice communication system  လို့လည်းခေါ်ပါတယ်။  FCC (Fire Command Center) နဲ့ အဆောက်အဦးရဲ့ တခြားနေရာတွေကြား တိုက်ရိုက်ဖုန်းလိုင်းလို့ပြောရင် ရပါတယ်။  FCC  room ထဲက ဖုန်းကို Master Telephone Handset လို့ခေါ်ပြီး  အဆောက်အဦးထဲက ဖုန်းတွေကိုတော့ Remote Telephone Handset  လို့ခေါ်ပါတယ်။ remote telephone handset တွေကိုလည်း အထပ်တိုင်းရဲ့ လှေခါး ဒါမှမဟုတ် မီးလောင်ခံအခန်း  smoke stop lobby တွေ မြေအောက်ထပ်တွေ အလုံပိတ်အခန်းတွေမှာ တပ်ဆင်းထားပါတယ်။ တကယ်လို့ မီးလောင်မှုဖြစ်လို့ လှေခါးထဲမှာ ပိတ်မိနေတယ်။ ဒါမှမဟုတ် မီးသက်သမားတွေက fire command center နဲ့ ဆက်သွယ်ချင်ရင် အသုံးပြုလို့ရပါတယ်။  remote handset တွေအများကြီးကနေ တပြိုင်တည်း  Master handset  ကိုခေါ်လို့ရပါတယ်။ master handset က သူပြောချင်တဲ့ ဖုန်းကို ရွေးပြီးနားထောင်လို့ရပါတယ်။ အဆောက်အဦးထဲက ဘယ် remote handset ကိုဖြစ်ပစေ မ လိုက်တာနဲ့  master handset  panel  မှာ ဘယ်နေရာက ဖုန်းကိုင်နေတယ်ဆိုတာကို ပြပါတယ်။ အသံဖမ်းစက်တွေပါ တပ်ဆင်ထားပြီး မီးလောင်တယ်ဆိုတဲ့ အချက်ပေးချက်ကို ရရှိတာနဲ့ တပြိုင်နက် စပြီး ဒီ  Fireman Intercom system မှာ အချင်းချင်း ပြောဆိုဆက်သွယ်သမျှကို အသံဖမ်းပါတော့တယ်။


Remote Telephone Handset (inside the staircase)




 Fire Extinguisher System

Fire Extinguisher  ကတော့ မီးသက်ဆေးဗူးပဲဖြစ်ပါတယ်။ မီးသက်ဆေးဘူးတွေကတော့ အထူးသဖြင့် ရေနဲ့မီးငြိမ်းဖို့အဆင်မပြေတဲ့ နေရာတွေ အခန်းတွေမှာ အသင့်ထားပေးတက်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ Electrical switch board တွေရှိတဲ့နေရာတွေ၊ MDF,IDF room တွေအပြင် office တွေမှာလည်း အသေစားမီးလောင်မှုဖြစ်ရင် အလွယ်တကူငြိမ်းသက်နိုင်စေဖို့ ဆောင်ထားလေ့ရှိပါတယ်။ မီးသက်ဆေးဘူးထဲမှာ အဓိကထည့်ပြီးသုံးတဲ့ပစည်းတွေကတော့ dry chemical, carbon dioxide နဲ့ air pressurized water တို့ပဲဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘယ်ပစည်းကို သုံးမလဲဆိုတာကို သိဖို့ မီးအမျိုးအစားခွဲခြားပုံကို အရင်လေ့လာရပါမယ်။ မီးကို အခြေခံအားဖြင့် Class A,B,C,D ဆိုပြီး လေးမျိုးခွဲခြားပါတယ်။


Class A ဆိုတာက သာမန်လောင်တဲ့မီးပါပဲ။ သစ်သားမီးလောင်မယ်။ စကူတွေမီးလောင်မယ် ဒါမျိုး ရိုးရိုးလောင်တာတွေကိုတော့ လေဖိအားသုံးထားတဲ့ ရေထည့်ထားတဲ့ မီးသက်ဆေးဗူးကို သုံးနိုင်ပါတယ်။ Air pressurized water လို့ခေါ်ပါတယ်။
Class B ဆိုတာက ဓာတ်ဆီ ရေနံဆီ အရက် ဆီ နဲ့ တင်ဒါလိုမျိုး မီးလောင်လွယ်တဲ့အရည်တွေကို လောင်တဲ့မီးမျိုးပါပဲ။ သူ့ကိုတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထည့်ထားတဲ့ မီးသက်ဗူးနဲ့ ငြိမ်းနိုင်ပါတယ်။

Class C ဆိုတာက လျှပ်စစ်ပစည်းတွေအနီးအနားမှာလောင်တဲ့ မီးတွေဖြစ်ပါတယ်။ ရေကို လုံးလုံးမသုံးရပါဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုသုံးနိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ dry chemical သုံး မီးသက်ဗူးတွေပဲဖြစ်ပါတယ်။

နောက်ဆုံးတစ်မျိုး Class D ကတော့ မဂနီဆီယမ် တိုက်တေနီယမ် ဆိုဒီယမ် လစ်သီယမ် စတဲ့  သတုတွေ မီးလောင်တာပဲဖြစ်ပါတယ်။ ဒါမျိုးကတော့ မီးသက်ဆေးဗူးနဲ့မရပါဘူး။

ဒီ Class တွေကိုကြည့်ပြီး ကိုယ့်အခန်းရဲ့ မီးလောင်နိုင်တဲ့ ပစည်းကဘာလဲဆိုတာပေါ်မူတည်ကာ သင့်တော်တဲ့ မီးသက်ဆေးဗူးအမျိုးအစားကို ရွေးချယ်ရပါတယ်။ ပြီးတော့ ဗူးအသေးအကြီးလည်း ချိန်ဆရပါတယ်။

ဒီမီးသက်ဆေးဗူးကို အသုံးပြုပုံကို အတိုကောက်အားဖြင့် PASS လို့ မှတ်သားရပါတယ်။

1. Pull the pin  (ပင်လေးကို ဆွဲဖြုတ်လိုက်ပါ)
2. Aim to the base of fire  (မီးရဲ့အောက်ခြေကို ချိန်ရွယ်ပါ)
3. Squeeze the handle (လက်ကိုင်လေးကို အောက်ကို ဖိချပါ)
4. Sweep side to side (ပိုက်ခေါင်းကို ဘယ်ညာရမ်းပြီး မီးသက်ပါ)

Saturday, 19 July 2014

Fire Protection System (3)

Dry Riser, Wet Riser System

Dry/Wet riser တွေကို လှေခါး staircase တွေမှာ၊ ဒါမှမဟုတ် smoke stop lobby, fire fighting lobby တွေမှာ တပ်ဆင်လေ့ရှိပါတယ်။ အဓိကကတော့ မီးသက်သမားတွေ သုံးဖို့ပဲဖြစ်ပါတယ်။ အထပ်မြင့်အဆောက်အဦးတွေမှာ မီးလောင်မှုဖြစ်ရင် မီးသက်ကားက လှေခါးတွေ ပိုက်တွေနဲ့ မမှီနိုင်တော့ပါဘူး။ အဲဒါကြောင့် မီးသက်သမားတွေ အဆင်သင့်တက်သွားပြီး မီးငြိမ်းနိုင်အောင် ဒီdry/wet riser တွေကို တပ်ဆင်ရခြင်းပဲဖြစ်ပါတယ်။ သူကလည်း ခုနက hose reel တွေလိုပဲ ပိုက်ပျော့ကို ခွေထားတာပါပဲ။ ဒါပေမယ့် သူကအရွယ်အစားကြီးပြီး ၆၅ မီလီမီတာ ရှိပါတယ်။ မီးသက်ကားတွေမှာပါတဲ့ ပိုက်နဲ့ ရွယ်တူပါပဲ။

အထပ်အမြင့်နဲ့ အဆောက်အအုံအရွယ်အစားအပေါ်မူတည်ပြီး နောက်က သံပိုက်တွေရဲ့ အရွယ်အစားလည်း ကွာခြားပါတယ်။ ၁၀၀ မီလီမီတာကနေ ၂၀၀ မီလီမီတာအထိ ရှိပါတယ်။ ဒါပေမယ့် ရှေ့မှာတပ်ဆင်ဖို့ ပိုက်ပျော့ hose ကတော့ ၆၅ မီလီမီတာက စံပဲဖြစ်ပါတယ်။ မီးသက်သမားလည်း ကိုင်တွယ်နိုင် မီးလည်း ထိထိရောက်ရောက်သက်နိုင်တဲ့ ပမာဏပဲဖြစ်ပါတယ်။ ပိုက်ပျော့ဟာ ပိုက်မာနဲ့ တခါတည်း ဆက်ထားတာမဟုတ်ပါဘူး။ အသုံးပြုဖို့လိုတဲ့အခါကျမှသာ ခေါင်းချင်း ဆက်လိုက်ရုံပါပဲ။
Dry riser ရေသွင်းရန် breeching inlets
အဲဒီသံပိုက်တွေဟာ မြေညီထပ်အထိ ဆင်းသွားပါတယ်။ ဆိုလိုတာက အဲဒီပိုက်တွေကို မြေညီထပ်ကနေ ရေပေးသွင်းရပါတယ်။ ပိုက်ထဲမှာ ရေအဆင်သင့် ရှိနေရင် wet riser လို့ခေါ်ပြီး ပိုက်ထဲမှာ ရေအဆင်သင့် ရှိမနေဘဲ သုံးခါနီးမှ မီးသက်သမားတွေက ရေသွင်းရရင် dry riser  လို့ခေါ်ပါတယ်။ ရေသွင်းတဲ့နေရာမှာလည်း မီးသက်ကားထဲက ရေကို သွင်းလို့ရသလို အနီးဆုံးမှာရှိတဲ့ fire hydrant တွေကနေလည်း ယူလို့ ရပါတယ်။



မြေညီထပ်မှာရှိတဲ့ ရေသွင်းရတဲ့ပွိုင့်ကို breeching inlet လို့ခေါ်ပါတယ်။ breeching inlet  မှာ  2 ways နဲ့ 4 ways ဆိုပြီးလည်း ရှိပါသေးတယ်။ ရေသွင်းနိုင်တဲ့ခေါင်း ၂ ခုရှိရင် 2 ways ၄ခုရှိရင် 4 ways လို့ခေါ်တာပဲဖြစ်ပါတယ်။ အထပ်အမြင့်နဲ့ သုံးမယ့်ခေါင်း အရည်အတွက်ပေါ် မူတည်ပြီး သုံးကြတာ ဖြစ်ပါတယ်။ အရေးကြီးတာ တစ်ခုက ဒီ breeching inlet  တွေကို earthling လုပ် ရတာ တစ်နည်း ground  ချရတာပဲဖြစ်ပါတယ်။ ရေတွေရှိနေသလို မီးသက်သမားတွေလည်း တိုက်ရိုက်အသုံးပြုရတဲ့ အရေးကြီးတဲ့နေရာဖြစ်တဲ့အတွက် မတော်တဆ လျှပ်စစ်စီးဝင်မှုရှိနေရင် ကာကွယ်ဖို့ပါပဲ။

အစပိုင်းမှာ ပြောခဲ့လိုပဲ ဒီပိုက်တွေကို အထပ်တိုင်းမှာရှိတဲ့ staircase လှေခါးတွေ နောက် smoke stop lobby ဒါမှ မဟုတ် fire fighting lobby  လို့ခေါ်တဲ့ မီးမလောင်နိုင်တဲ့အခန်းတွေ (အနည်းဆုံး ၂ နာရီခံနိုင်ရည်ရှိအောင် စီမံထားတဲ့အခန်း) တွေထဲမှာ ထားရတာက ဒီအခန်းတွေဟာ အလွယ်တကူ မီးမလောင်နိုင်တဲ့အတွက် မီးသက်သမားတွေအနေနဲ့ ပိုက်တွေတပ်တာ ပြင်တာဆင်တာကို လုပ်ဖို့ အချိန်ရသလို စိတ်လည်းချရတဲ့အနေအထားဖြစ်လို့ပါပဲ။ နောက်တစ်ခုက ဒီ    breeching inlet  ကနေ ခုနက  လှေခါး staircase smoke stop lobby  တို့ဆီသွားတဲ့တလျှောက် ဒီ  dry riser pipe  တွေကိုလည်း အနည်းဆုံး ၂ နာရီကြာ မီးလောင်ဒဏ်ခံနိုင်တဲ့  fire rated board တွေနဲ့ ပိတ်ထား (conceal)ရပါတယ်။



Dry riser ပိုက်အား fire rated board ဖြင့်ကာရန် ထားပုံ

ဒီ breeching inlet  ဟာ sprinkler system အတွက်လည်း ထားရှိရပါတယ်။ ဆိုလိုတာက မော်တာတွေ ပန့်တွေသုံးလို့ မရတော့လို ရေမရနိုင်တော့ဘူးဆိုရင် ဒီ breeching inlet တွေကနေ ရေသွင်းပေးဖို့ပါပဲ။

အဆောက်အဦး အမြင့်ကြီးတွေဆောက်ကြတဲ့အခါမှာ dry riser အစား wet riser ကို သုံးရပါတယ်။ ဒါပေမယ့် ဆောက်နေစဉ်ကာလမှာတော့ ဒီပိုက်ကို dry riser အဖြစ် အသုံးပြုရပါတယ်။ ဆောက်နေစဉ်အတွင်း မီးဘေးတစ်ခုခုဖြစ်ရင် ဒီပိုက်ကို သုံးပြီး မီးငြိမ်းရမှာဖြစ်ပါတယ်။ wet riser  ဆိုရင်တော့ breeching inlet မထားတော့ပဲ မော်တာတွေ ပန့်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီး ခုနက hose reel system   လိုပဲ အဆင်သင့်သုံးစွဲရုံပါပဲ။ မီးလောင်မှ ရေသွင်းနေရတာမျိုး လုပ်စရာ မလိုတော့ပါဘူး။ မော်တာနဲ့ မောင်းတင်ပေးပြီး မီးသက်သမားတွေက အပေါ်မှာ သတ်ရုံပါပဲ။ ကျန်တာကတော့ သဘောချင်း အတူတူပါပဲ။


Wet Riser

Fire Protection System (2)

   Hosereel System






Hosereel

Hosereel ကတော့ မီးသက်ပိုက် အသေးစားလေးပါပဲ။ မီတာ ၃၀ ရှည်တဲ့ ၂၀ မီလီမီတာပိုက်ပျော့လေး hose ကို ခွေထား reel ထားတာပါပဲ။ သူ့နောက်မှာ sprinkler pipe လိုပဲ ပိုက်မာလေးနဲ့ ဆက်ထားပြီး အဲဒီပိုက်မှာနဲ့ ခုနကခွေထားတဲ့ ပိုက်ကြားမှာ valve ဘားလေးတစ်ခုနဲ့ ပိတ်ထားပါတယ်။ အပေါ် ဒုတိယပုံမှာ အဲဒီ valve ကိုမြင်နိုင်ပါတယ်။ အသုံးပြုချင်တဲ့အခါ အဲဒီ ဘားလေးကို ဖွင့်လိုက်ပြီး ပိုက်ကို လိုတဲ့နေရာထိ ဆွဲပြေးလို့ရပါတယ်။ လိုတဲ့နေရာရောက်မှ ခေါင်းကအရစ်လေးကို လှည့်ဖွင့်ပေးလိုက်ရုံပါပဲ။ ခွေထားတဲ့ပိုက်က အရေးတကြီး ဆွဲပြေးတာနဲ့ ပြေသွားအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ သူ့အတွက်လည်း hosereel pump ရယ်လို့ ပန့်သပ်သပ်တစ်ခုထားပေးရပါတယ်။ ဒီပန့်ကလည်း ခုနက sprinkler pump တွေလိုပဲ pressure နဲ့ အလုပ်လုပ်တာဖြစ်ပြီး ပိုက်ဖွင့်ပြီး သုံးလိုက်လို့ ပိုက်ထဲမှာ ရေဖိအားလျော့သွားတာနဲ့ တစ်ခါတည်း ပန့်ကမောင်းတော့တာပါပဲ။  သူ့မှာလည်း  duty pump နဲ့ standby pump လို့ ၂ ပန့်ထားပေးရပါတယ်။



အပေါ်မှာ ပြောခဲ့သလိုပါပဲ duty pump  ဆိုတာက ပိုက်ထဲမှာ ရေလျော့သွားတာနဲ့ စ လည်ပတ်ရမယ့် ပန့်ဖြစ်ပါတယ်။ တကယ်လို့ သူက ပျက်နေ (fault) တယ်ဆိုရင်  standby pump က လည်ရပါမယ်။ အဲလိုမဟုတ်ဘဲ နောက်တစ်မျိုးက ဖိအားလျော့သွားတဲ့အခါမှာ duty pump က လည်တော့လည်တယ်။ ဒါပေမယ့် အသုံးများတဲ့အတွက် မနိုင်ဘူး ဖိအား ဆက်ကျနေတယ်ဆိုရင်  standby pump ကပါ လည်ပြီး ၂ လုံးစလုံး တပြိုင်တည်း လည်ရပါတယ်။ပုံမှာတော့ churning pressure ကို 55 PSI မှာ ထားပါတယ်။  တစ်စုံတစ်ယောက်က ပိုက်ကိုဖွင့်ပြီး သုံးလိုက်လို့ ပိုက်ထဲက ဖိအားကျ ပြီး 44 psi ရောက်တာနဲ့ တပြိုင်နက် duty pump ကလည်မယ်။  ဘာဖြစ်လို့ 55 psi ကနေ ကျတာနဲ့ တပြိုင်တည်း မလည်ရသလဲဆိုတော့ တစ်ခါတလေ အပူချိန်အပြောင်းအလဲမှာ ဖိအားလည်း ပြောင်းလဲနိုင်လို့ ဖြစ်ပါတယ်။ အဲဒါကြောင့် allowance အဖြစ် နည်းနည်းလေး ခွာပေးထားတာ ဖြစ်ပါတယ်။

အဲဒီကနေ မနိုင်လို့ထပ်ကျနေမယ်ဆိုရင် 35  psi ရောက်တာနဲ့ ဒုတိယပန့်ဖြစ်တဲ့ standby pump ကပါ အတူတူ လိုက်လည်ရပါမယ်။ ရေသုံးတာ ရပ်သွားလို့ ဖိအားပြန်တက်လာပြီးဆိုရင်တော့ duty pump က 55 PSI အထိ ဆက်လည်နေမှာ ဖြစ်ပြီး ပိုက်ထဲမှာ အဲဒီဖိအားရောက်တာနဲ့ သူက ရပ်သွားပြီး standby pump ကသာ 55 PSI အထိ ဆက်လည်ရမှာပါ။ ဒီ 55 psi 44 psi  35 psi တို့ကို set point တွေလို့သတ်မှတ်ပြီး ပန့်တွေအတွက် control panel တွေထဲမှာ တစ်ခါတည်း program ရေးထားရမှာဖြစ်ပါတယ်။

standby pump နဲ့ duty pump ကိုလည်း အပတ်စဉ် ဒါမှမဟုတ် လစဉ် အလှည့်ပြောင်းပေးရမှာဖြစ်ပါတယ်။ ဒီတစ်လ pump 1 က duty ဆိုရင် နောက်တစ်လ pump 2 က duty pump ဖြစ်ရမှာပါ။ ဒီပန့်တွေလည်ပြီဆိုရင် main alarm panel မှာ အချက်ပြနေမှာဖြစ်ပါတယ်။ 

Testing and commissioning လုပ်တဲ့အခါမှာတော့ အမြင့်ဆုံးအထပ်မှာ ရှိတဲ့ hosereel တစ်ခုကိုရွေးပြီး ဖွင့်ကြည့်လိုက်ရင် ရေဟာ အနည်းဆုံး 6m အကွာအဝေးထိ ပန်းထွက်ရပါမယ်။

Fire Protection System (1)

Sprinkler System

အဆောက်အအုံတွေအတွက် ဒီဇိုင်းရေးဆွဲတဲ့နေရာမှာ စိန်ခေါ်မှု အများဆုံး ကြုံရတဲ့ ကဏတစ်ခုကတော့ မီးဘေးကာကွယ်ရေးစနစ် (fire protection system) ပဲဖြစ်ပါတယ်။ ဒီဇိုင်းဆွဲတဲ့သူအနေနဲ့ ကိုယ်ရေးဆွဲတဲ့ အဆောက်အဦးကို ပူပြင်းတဲ့ဒေသတွေမှာ အေးမြနေအောင် လင်းလင်းချင်းချင်းရှိနေအောင် သပ်ရပ်လှပနေအောင် မြင်ယောင်ရေးဆွဲတဲ့နေရာမှာ အဆင်ပြေပေမယ့် ဒီအဆောက်အဦးကြီးကို မီးလောင်ဆွဲနေတဲ့ပုံကို ပုံစံချကြည့်ပြီး မီးထဲကနေ လူတွေ ဥစာ ပစည်းတွေ ကယ်တင်သယ်ထုတ်နေတဲ့ ပုံကို မြင်ယောင်ဖို့ဆိုရင်တော့ စိတ်သိပ်ပါမယ် မထင်ပါဘူး။


ပိုဆိုးတာက အဲဒီ မီးဘေးကာကွယ်ရေးဥပဒေသတွေကြောင့် (code of practice) တွေကြောင့် ကိုယ်စိတ်ကူးယဉ်ထား စီစဉ်ထားတဲ့ အဆောက်အဦးရဲ့ လေ၀င်လေထွက်တွေ သဘာဝအလင်းရောင်တွေအတွက် လှလှပပဒီဇိုင်းလေးတွေကို နောက်ဆုတ်ပေးလိုက်ရတာတွေတောင် ရှိပါတယ်။ နောက်တစ်ခါ သိကြတဲ့အတိုင်း မီးရောလူရောဟာ လေပေါ်မှာ မူတည်နေရတာဖြစ်ပါတယ်။ အဲဒီတော့ မီးသတ်နိုင်အောင် အောက်စီဂျင်ဖြတ်လိုက်ရင် လူပါသေမယ်။ လူမသေအောင် အောက်စီဂျင် ဆက်ဝင်ခွင့်ပေးထားပြန်ရင်လည်း မီးသတ်တဲ့နေရာမှာ မထိရောက်နိုင်ဘူး။ အဲဒီ ဒွိဟနှစ်ခုကြား အကောင်းဆုံးမျှခြေတစ်ခု ရှာဖွေဖို့ဆိုတာ စိန်ခေါ်ချက်တစ်ခု ဖြစ်လာပါတယ်။

ဒီ မီးဘေးကာကွယ်ရေးဥပဒေသတွေ (code of practice) ဆိုတာကလည်း ဟိုနှစ်ပေါင်းများစွာကတည်း မီးဘေးအမျိုးမျိုးနဲ့ တခြားကြောက်စရာ လန့်စရာဘေးဆိုးကြီးတွေကနေ သင်ခန်းစာယူပြီး ရေးဆွဲထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်သစ်မှာ အဆောက်အအုံတွေက ပုံစံမျိုးစုံဖြစ်လာတော့ ဒီစည်းမျဉ်းစည်းကမ်းတွေနဲ့ အံဝင်ခွင်ကျ မဖြစ်နိုင်လို့ သင့်တော်တဲ့ (flexible) ကာကွယ်ရေးစနစ်တစ်ခု ဖြစ်လာဖို့ဟာလည်း အခက်အခဲတစ်ခုပါပဲ။

ဒီလို မီးဘေးကာကွယ်ရေးစနစ်တွေကြောင့် မီးလောင်မှုနှုန်းကျဆင်းလာတဲ့အခါ မီးဘေးကာကွယ်ရေးစနစ်ကိုလည်း ပိုက်ဆံတွေ သိပ်အကုန်အကျခံ မသုံးချင်တော့ပါဘူး။ အဲဒါကြောင့် နည်းနည်းနဲ့ကျဲကျဲဝိုင်းဖို့ကြိုးစားလာခဲ့ကြပါတယ်။ နောက်တစ်ခုက တစ်ခါတစ်လေ မီးလောင်လို့ ကုန်တာကနည်းနည်း မီးသတ်တဲ့ရေကြောင့် ပျက်စီးတာက များများဆိုတာမျိုးလည်း ရှိတက်ပါတယ်။ ဒါကိုလည်း နောက်ပိုင်းမှာ ထည့်တွက်လာခဲ့ရပါတယ်။ ဘာပဲပြောပြော မီးသတ်စနစ်တွေ ပိုမိုစနစ်တကျသုံးစွဲလာကြတာနဲ့အမျှ မီးကြောင့်ပျက်ဆီးဆုံးရှုံးမှုတွေလည်း ကျဆင်းလာရမှာတော့ အမှန်ပါပဲ။

မီးဘေးကာကွယ်ရေးအတွက် အသုံးပြုသော စနစ်များ
မီးဘေးကာကွယ်ရေးအတွက် အသုံးပြုကြတဲ့ စနစ်တွေကို ကြည့်ရင်

1. Sprinkler system
2. Hosereel System
3. Dry/wet Riser System
4. Fireman Intercom System
5. Smoke Detector System
6. Fire Extinguisher System
7. Fire Hydrant System
8. Fire Alarm System တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ ၈ မျိုးကို အုပ်စုခွဲတဲ့အခါမှာ

  1. Active System
-Sprinkler system
-Hosereel system
-Dry/Wet riser system
-Fire Hydrant system
-Fire Extinguisher System
     2.  Passive System
         - Fireman Intercom System
         - Smoke Detector System
         - Fire Alarm System ဆိုပြီး ခွဲခြားနိုင်ပါတယ်။ Active system ဆိုတာကတော့ မီးကို တိုက်ရိုက်ငြိမ်းသတ်နိုင်တဲ့ စနစ်တွေကို ဆိုလိုပါတယ်။ အပေါ်က ၅ ခုက မီးကို တိုက်ရိုက်ငြိမ်းသတ်နိုင်တဲ့ စနစ်တွေဖြစ်ပါတယ်။ Passive system ဆိုတာကတော့ မီးကို တိုက်ရိုက်မငြိမ်းသတ်နိုင်ဘဲ မီးငြိမ်းသတ်တဲ့သူတွေအတွက် အထောက်အကူပြုပေးတဲ့ စနစ်တွေကိုဆိုလိုပါတယ်။ အောက်က ၃ ခုက အဲဒီလိုမျိုး စနစ်တွေဖြစ်ပါတယ်။

1.     Sprinkler System




မီးလောင်တာနဲ့တပြိုင်နက် အလိုအလျောက် မီးငြိမ်းသက်ဖို့  (to kill fire) နဲ့ အနည်းဆုံး ထိန်းချုပ်ထားနိုင်ဖို့ (to control fire) အတွက် sprinkler system  ကို အသုံးပြုပါတယ်။ မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။ မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး (bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။ ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ ထိပ်ဖူးလေးရဲ့  အပူခံနိုင်ချိန် ကကွာခြားပါတယ်။ sprinkler တစ်ခုရဲ့ အပူချိန် ခံနိုင်အားကို အဲဒီထိပ်ဖူးလေးရဲ့ အရောင်ပေါ်မူတည်ပြီးတော့လည်း ခွဲခြားနိုင်ပါတယ်။ ဥပမာ အနီရောင်ဆိုရင် 63’C အ၀ါရောင်ဆိုရင် 79’c အပြာရောင်ဆိုရင် 141’C အဲဒီလို ခွဲနိုင်ပါတယ်။ အဲဒီအပူချိန်တွေရောက်ရင်တော့ ထိပ်ဖူးလေးကွဲပြီး ရေဖြန်းမှာဖြစ်ပါတယ်။


သာမန်အခန်းတွေအတွက် ၆၈ ဒီဂရီစင်တီဂရိတ်နဲ့ အရေးကြီးတဲ့ ပစည်းတွေ သိုလှောင်တဲ့နေရာတွေအတွက်တော့ ESFR (Early Suppression First Response) လို့ သတ်မှတ်ပြီး ၇၄ ဒီဂရီ စသဖြင့် ရှိပါတယ်။ ESFR ဧရိယာအတွက် အပူချိန်ခံနိုင်ရည်အားများလို့ အလွယ်တကူ ရေဖြန်းခြင်းမရှိတာက အပေါ်မှာ ပြောခဲ့သလိုပဲ မလိုအပ်ဘဲ သိုလှောင်ထားတဲ့ အရေးကြီးပစည်းတွေ ရေစို ပျက်စီးမှာကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေဖြန်းအားတော့ ပိုကြီးပြီး ပိုများပါတယ်။ အဲဒီလိုပဲ မီးဖိုချောင်က မီးခိုးခေါင်းတိုင်လိုနေရာမျိုးမှာ တပ်ဆင်ရတဲ့ sprinkler တွေဆိုရင်လည်း ခံနိုင်ရည်အားကိုများများထားရပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်ရောက်မှသာ ရေဖြန်းစေဖို့ပါပဲ။

တချို့ မျက်နှာစာ လှလှပပဖြစ်နေရမယ့် အခန်းတွေမှာတော့ ဒီ sprinkler တွေကြောင့် ရုပ်ဆိုးမသွားအောင် sprinkler တွေကို cover plate လေးတွေနဲ့ ဖုံးထားတက်ပါတယ်။ အဲဒီအခါမှာ sprinkler ဘယ်လိုအလုပ်လုပ်လဲဆိုတော့ အဲဒီ cover plate လေးက   sprinkler ထိပ်ဖူးထက် အပူခံနိုင်အား ၂၀ ဒီဂရီလောက် ပိုနည်းပါတယ်။ ဥပမာ sprinkler ထိပ်ဖူးက ၆၈ ဒီဂရီစင်တီဂရိတ်မှာမှ အရည်ပျော်မှာဆိုရင် အဲဒီ cover plate ၄၈ ဒီဂရီစင်တီဂရိတ်မှာ အရည်ပျော်ပါတယ်။ အဲဒီအတွက် sprinkler system ကို မထိခိုက်တော့ပါဘူး။




sprinkler point တစ်ပွိုင့် ရဲ့ ရေဖြန်းနိုင်တဲ့ဧရိယာ (coverage area) သက်မှတ်ပုံကတော့ အမျိုးမျိုးကွဲပြားပါတယ်။ အဆောက်အဦးအမျိုးအစားအပြင် ကိုယ့်အဆောက်အဦးအတွက် အာမခံထားမယ့် အာမခံကုမဏီတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့လည်း သတိထားရပါတယ်။ အာမခံကုမဏီက အသိအမှတ်ပြုတဲ့ ပစည်းတွေပဲ သုံးရပါတယ်။ အဲဒီအာမခံကုမဏီတွေကလည်း အစိုးရစစ်ဆေးရေးတွေလိုပဲ တင်းကျပ်ပါတယ်။ သူတို့ ပြောထားတဲ့ သူတို့စံနဲ့ ကိုက်ညီမှ သူတို့ဆီမှာ အာမခံထားလို့ ရတာပါ။ အဲဒီလို သူတို့စည်းကမ်းချက်တွေနဲ့ မညီညွှတ်ဘူးဆိုရင် အာမခံထားခွင့်မပေးတာတို့ ပရီမီယံကြေး တိုးတောင်းတာတို့ လုပ်တက်ပါတယ်။ များသောအားဖြင့် 12msq ၊ 9msq စသဖြင့် သုံးတက်ပါတယ်။ (Singapore code of practice = 12m2, FM insurance = 9m2) ဒီ coverage လိုအပ်ချက်အပေါ်မူတည်ပြီး တစ်ပွိုင့်နဲ့တစ်ပွိုင့် ဘယ်လောက်ခြားမလဲဆိုတာကို သတ်မှတ်ရပါတယ်။ coverage လိုအပ်ချက်ကိုတော့ မီးလောင်နိုင်မှု ဖြစ်နိုင်ချေအပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။

1။ မီးလောင်နိုင်မှုနည်းတဲ့ light hazard ဆိုရင် 21 msq
2။ မီးလောင်နိုင်မှု အလည်အလက် ဒါမှမဟုတ် ပုံမှန်ဖြစ်တဲ့ ordinary hazard ဆိုရင် 12 msq
3။ မီးလောင်နိုင်ချေများတဲ့ high hazard ဆိုရင် 9msq
ဆိုပြီး သတ်မှတ်ပါတယ်။

ဥပမာ coverage က 9 sqm ဆိုရင် ၆မီတာ  ၃မီတာ ကျယ်တဲ့အခန်းအတွက် ၂ ပွိုင့်တပ်ရမှာ ဖြစ်ပါတယ်။ 9 sqm ဖြစ်တဲ့အတွက် sprinkler ပွိုင့်ရဲ့ တစ်ဖက်စီကို 1.5 m ဖြစ်လို့ စုစုပေါင်း 3x3 = 9 sqm ဖြစ်လာပါတယ်။


upright sprinkler

         တကယ်လို့ မျက်နှာကျက် (ceiling) နဲ့ အပေါ်က slabက 800 mm ထက် ပိုများရင်လည်း အဲဒီ မျက်နှာကျက်နဲ့ အပေါ် slab ကြားအတွက် sprinkler နောက်ထပ်တစ်လွှာ ထပ်ထည့်ရပါတယ်။ (sprinkler point က အပေါ်ကို ထောင်ရင် upraise sprinkler အောက်ဘက်ကို လှည့်ထားတဲ့ sprinkler ကိုတော့ pendent sprinkler လို့ခေါ်ပါတယ်။) နောက်တစ်မျိုးကတော့ aircon duct တွေ electrical tray တွေဟာ 800 mm ထက်ပိုကျယ်ခဲ့ရင် underduct sprinkler လို့ခေါ်ပြီး beam တွေက 800mm ထက်ကြီးရင်လည်း underbeam sprinkler ဆိုပြီး နောက်တစ်လွှာ ထပ်ဖြည့်ရပါတယ်။ အဲဒါကြောင့် တစ်ခါတစ်လေ sprinkler သုံးထပ်တောင် ဆင်ရတာတွေလည်း ရှိပါတယ်။ အဲဒါတွေအပြင် staircase နဲ့ အပြင်ဘက်ကို ခြားထားတဲ့ (staircase ထဲကို အပြင်က မီး မ၀င်နိုင်အောင် ) cut off sprinkler လည်း ရှိပါသေးတယ်။ အလားတူ fire roller shutter တံခါးတွေအတွက်လည်း cut off sprinkler ထည့်ပေးရပါတယ်။  ဒါ့အပြင် lift တွေထဲမှာလည်း အပေါ်ဆုံး motor  room အတွက် တစ်ထပ်နဲ့ အောက်ဆုံးက lift pit  အတွက် တစ်ထပ် ထည့်ပေးရပါတယ်။



Underbeam sprinkler


Under Trunking and Under Duct sprinkler

staircase မှာတပ်တဲ့ cut off sprinkler

sprinkler  ပွိုင့်အကြောင်းပြီးတော့ အဲဒီ ပွိုင့်တွေကို ရေပို့ဆောင်ပေးတဲ့ sprinkler control valves room (SCV room)  နဲ့ sprinkler pump room တို့ကို လေ့လာရမှာဖြစ်ပါတယ်။ sprinkler control valves room ဆိုတာက  sprinkler main pipe တွေအကုန်လုံး ထားတဲ့ အခန်းလေးပဲဖြစ်ပါတယ်။ ဇုန်အလိုက် ဒါမှမဟုတ် အထပ်အလိုက် တစ်ထပ်ကို တစ်ဇုန်ကို main pipe  တစ်ပိုက် ထားပြီး အဲဒီပိုက်ကို အဖွင့်အပိတ်လုပ်တဲ့ ဘား valve ကို ဒီ sprinkler control valve room မှာ ထားပါတယ်။ ပုံမှန်အားဖြင့် ဒီsprinkler ပိုက်တွေကို လုံးဝဖွင့်ပေး ထားရပါတယ်။ တစ်ခါတစ်ရံ sprinkler points တွေပြင်တာ ပြောင်းတာမျိုး လုပ်ချင်ရင်တော့ ဒီ valve ကို ပိတ်ပြီး drain valve တွေဖွင်၊ drain pipe ကနေ့ ရေတွေ အရင်ထုတ် (discharge, drain out) ရပါတယ်။ ပြီးမှ ပွိုင့်တွေ ပြောင်းတာ ပြင်တာလုပ်ပြီး ရေပြန်သွင်းမယ်ဆိုမှ သက်ဆိုင်ရာ မီးသတ်ဌာနကို အကြောင်းကြား၊ valve ကို ပြန်ဖွင့်ပြီး ရေသွင်းရပါတယ်။

Sprinkler Control Valve Room

အဓိကအားဖြင့် ပိုက်ထဲမှာ ရေဆင်းရင်သိရအောင် flow switch sensor  တွေ တပ်ထားပါတယ်။ အဲဒါကြောင့် မီးလောင်လို့ဖြစ်စေ အကြောင်း တစ်ခုခုကြောင့်ဖြစ်စေ  ပိုက်ထဲရေးစီးတာနဲ့ အဲဒီ sensor က အချက်ပြတော့တာပဲ။ အဲဒီ signal ဟာ မီးသတ်ဌာနထိ ရောက်ပါတယ်။ စင်ကာပူမှာတော့ မီးသက်ဌာနကို မရောက်ခင် decam (decentralized alarm monitoring ) ကုမဏီကို အရင်ရောက်ပါတယ်။ အဲဒီအခါ အဲဒီကုမဏီက သက်ဆိုင်ရာ မီးလောင်တဲ့ နေရာ အဆောက်အဦးကို ဆက်သွယ်ပြီး မေးမြန်းပါတယ်။ တကယ်မီးလောင်တယ်လို့ အကြောင်းပြန်မှ မီးသတ်ဌာနကို အကြောင်းကြားပေးပါတယ်။

ဆိုလိုတာက ဒီမီးလောင်လား မလောင်လားဆိုတာကို အတည်ပြု confirm လုပ်တဲ့အဆင့်ကို မီးသတ်ဌာနက မလုပ်တော့ပဲ ပြင်ပလုပ်ငန်းတွေကို လုပ်ခွင့်ပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ မေးမြန်းလို့ ဖုန်းပြန်ဖြေတဲ့သူ မရှိဘူးဆိုရင် နာရီဝက်အတွင်း မီးသက်ကား ရောက်လာမှာ ဖြစ်ပါတယ်။ တကယ်မီးမလောင်ခဲ့ရင်တော့ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် မီးသတ်ဌာကကို အကြောင်းမကြားပဲ ရေပြန်သွင်းလို့ရှိရင် flow switch sensor က မီးသတ်ဌာနကို အကြောင်းကြားပြီး ဇတ်လမ်းတွေ ရှုပ်လာနိုင်တဲ့အတွက် ကြိုတင် အကြောင်းကြား ထားကြပါတယ်။

အဲဒီ sprinkler main pipe တွေကို အမည်ပေးရာမှာတော့ ဥပမာ စုစုပေါင်း ၆ ပိုက်ရှိပြီး ပထမဆုံးပိုက်ဆိုရင် SCV-1-6, ဒုတိယပိုက်ဆိုရင် SCV-2-6 စသဖြင့် အမည်ပေးပါတယ်။ SCV က sprinkler control valve ကို ပြောတာပါ။ အဲဒီ Main pipe တွေကို အဖွင့်အပိတ်လုပ်ဖို့ gate valve လို့ ခေါ်တဲ့ ဘားတွေ တပ်ထားရပါတယ်။ မိန်းပိုက်ထဲက ရေတွေဖောက်ချဖို့အတွက်လည်း drain pipe နဲ့ drain valve  တစ်ခု ထားရပါတယ်။ အဲဒီ drain pipe ကတော့ နီးစပ်ရာ ရေထုတ်ပြွန် (drain) ကို ဆက်ထားရပါတယ်။ နောက်တစ်ခုက ဒီ sprinkler control valve room ဟာ မီးသက်ကားဝင်နိုင်တဲ့ လမ်းကြောင်းအနားမှာ ရှိရပါတယ်။


ဒီပုံကို ကြည့်လိုက်ရင် အပေါ်ဆုံးမှာ control valve တွေရဲ့ အမှတ်စဉ် နံပါတ်တွေ SCV 1-6, SCV 2-6 စသဖြင့်ရေးထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီအဆောက်အဦးမှာ control valve စုစုပေါင်း ၆ ခုရှိတယ်လို့ သိရမှာဖြစ်ပါတယ်။ အဲဒီစာအောက်ကပ်ရပ် ပစည်းလေးကတော့ ရေစီးရေလာကို စောင့်ကြည့်အချက်ပေးမယ့် flow switch sensor ပဲဖြစ်ပါတယ်။ အဲဒီကနေ အောက်ကို ဆက်ကြည့်လိုက်ရင် အလျားလိုက်ပြေးနေတဲ့ ပိုက်ကြီးတစ်ခုကို တွေ့ရပါ့မယ်။ အဲဒါကတော့ ခုနက control valve တွေထဲက ရေတွေ ဖောက်ချရင်သုံးတဲ့ drain pipe ပဲဖြစ်ပါတယ်။ အဲဒီအောက်ကပ်ရပ် ဆက်တွေ့ရတာက butterfly gate valve ပဲဖြစ်ပါတယ်။ သူက NO (Normally open) အမြဲဖွင့်ထားရမယ့် valve ဖြစ်ပါတယ်။  သေချာအောင် ဘယ်သူမှ လာမပိတ်နိုင်အောင်လည်း ပုံမှာပြထားတဲ့အတိုင်း pad lock တွေနဲ့ သော့ခပ်ထားရပါတယ်။

အဲဒီအောက်မှာတော့ alarm valve ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း သူ့ရဲ့အပေါ်နဲ့အောက်မှာ pressure gauge တစ်ခုစီရှိပါတယ်။ အပေါ်က main pipe နဲ့ အောက်က supply pipe ကြားက pressure difference ဖိအားကွာခြားမှုကို တိုင်းတာဖို့ဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ အပေါ်က main pipe ရဲ့ ဖိအားဟာ အောက်က supply pipe ရဲ့ ဖိအားထက် များနေရမှာ ဖြစ်ပြီးတော့ အဲဒီလိုများနေပြီဆိုရင် ဒီ alarm valve က ပိတ်ထားလိုက်ပါတယ်။ တကယ်လို့ အပေါ်က ဖိအားက အောက်ကဖိအားထက် လျော့ကျသွားပြီဆိုရင် ဒီ alarm valve က အလိုအလျောက်ပွင့်ပေးမှာ ဖြစ်ပါတယ်။ သူပွင့်သွားတာနဲ့ တပြိုင်နက် အောက်က ဖိအားများလာတဲ့ရေက အပေါ်ပိုက်ထဲကို စီးဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီလို စီးဝင်လာရင် သူနဲ့ချိတ်ဆက်ထားတဲ့ alarm gong လို့ခေါ်တဲ့ bell ကနေလည်း အချက်ပေးသံ မည်လာမှာ ဖြစ်ပါတယ်။

ညာဘက်အောက်ဆုံးဒေါင့်က အကွက်ကလေး ၂ ခုကတော့ 4 ways sprinkler breeching inlet နဲ့ 4 ways dryriser breeching inlet တို့ပဲဖြစ်ပါတယ်။ တကယ်လို့ sprinkler water tank ကရေကုန်သွားပြီး အပြင်က ရေလည်း မရနိုင်တော့ဘူးဆိုရင် မီးသတ်ကားတွေအနေနဲ့ ကားထဲကရေကို ဒီပွိုင့်တွေကနေတစ်ဆင့် sprinkler system ထဲ ထည့်ပေးလို့ရပါတယ်။


နောက်တစ်ခုက ဒီမှာရှိတဲ့ control valve တွေက ဘယ်နေရာတွေကို ရေပို့ပေးနေသလဲ (Serve) လုပ်ပေးနေသလဲဆိုတာ သိဖို့ chart လေးတွေ ထားပေးလေ့ရှိပါတယ်။ ဒါမှမဟုတ်လဲ ပိုက်မှာ label တပ်ပေးတာတွေလည်း ရှိပါတယ်။ ဒီမှာတော့ ပိုက်မှာ label တပ်မထားတဲ့အတွက် အနီးနားတစ်နေရာမှာ မြေပုံ chart လေးထားပေးထားပါတယ်။ အဲဒါမှ ဘယ် control valve ပွင့်ရင် ဘယ်နေရာမှာ မီးလောင်နေတာလဲ ဘယ်နေရာက sprinkler point တွေ burst ဖြစ်တာလဲ သိရမှာဖြစ်ပါတယ်။


ရှေ့ဆုံး ညာဘက်က sprinkler pump, သူ့ဘေးက ပန့် ၂ ခုက hosereel pump, သူတို့နောက်က ဒီဇယ်ပန့် နဲ့ ဒီဇယ်ပန့်ဘေးက electrical ပန့်ဖြစ်ပါတယ်။ ဟိုနောက်ဆုံးကတော့ ဒီဇယ်ကန် (diesel tank) ဖြစ်ပါတယ်။

sprinkler pump room ကတော့ ပန့်တွေထားတဲ့ ထိန်းချုပ်တဲ့အခန်းပဲ ဖြစ်ပါတယ်။ မီးသက်စနစ်အတွက်သုံးတဲ့ ပန့်တွေအားလုံးကို ဒီအခန်းထဲမှာ ထားပြီး ဒီထဲကပဲ ထိန်းချုပ်ပါတယ်။ ပန့်တွေအကုန်လုံးဟာ auto/manual (အလိုအလျောက်ဖြစ်စေ ရိုးရိုးလူကိုယ်တိုင် မောင်းနှင်ဖို့်ဖြစ်စေ) နှစ်မျိုးလုံး ရ ရပါတယ်။ ပန့်တွေမှာ electrical pump နဲ့  diesel pump  ဆိုပြီး ၂ မျိုးထားရှိ တက်ပါတယ်။

သူတို့အလုပ်လုပ်တာကတော့ sprinkler pipe တွေထဲမှာ ရေတွေအပြည့်ဖြည့်ထားပြီး ဖိအားတစ်ခုအထိ ဖြည့်ထားပါတယ်။ မီးမလောင်ရင် sprinkler ထဲကရေက အပြင်ကို ထွက်စရာမရှိလို့ ဖိအားလည်း ကျစရာမရှိပါဘူး။ ဖိအားကျသွားခဲ့ရင် မီးလောင်တယ်လို့ပဲ သူက သတ်မှတ်ပါတယ်။ ဒါဆိုရင် ခုနက ပန့်နှစ်ခုထဲက သတ်မှတ်ထားတဲ့ တစ်ခုက စ လည်ပါတယ်။ လည်နေရင်းနဲ့ ဖိအားဆက်ကျနေလို့ရှိရင် ဒုတိယပန့်ပါဆက်လည်ပြီး ၂ခု တပြိုင်တည်း လည်ပါတယ်။


Diesel pump (left) and electrical pump (right)

ဒီပန့်ကြီး ၂ခုအပြင် jockey pump ဆိုပြီး ပန့်အသေးလေးတွေလည်း တပ်ဆင်ထားလေ့ရှိပါတယ်။  သူတို့ကိုလည်း duty pump နဲ့ standby pump ဆိုပြီး ထားပါတယ်။ မီးလောင်ရင် ချက်ချင်းလည်ရမယ့် ပန့်ကို duty pump လို့ခေါ်ပါတယ်။ တကယ်လို့ အဲဒီ duty pump က ရုတ်တရက်အလုပ်မလုပ်ဘူးဆိုရင် standby pump က အလိုအလျောက် လည်ရပါတယ်။ ဒါမှမဟုတ် မီးလောင်တဲ့အခါမှာ duty pump က လည်တော့လည်တယ်။ ဒါပေမယ့် ရေဆွဲအားကို မနိုင်ဘူး ပိုက်ထဲမှာ ဖိအား (pressure) ဟာ သတ်မှတ်ထားတာထက် ပိုကျခဲ့တယ်ဆိုရင်တော့ standby pump ကလည်ပြီး ပန့်နှစ်လုံးစလုံး တပြိုင်တည်းလည်ရပါတယ်။

ဒီပန့်တွေဟာ ပြောခဲ့တဲ့အတိုင်း ပိုက်ထဲက ဖိအားနဲ့ အလုပ်လုပ်တာဖြစ်လို့ ပိုက်ထဲ ဖိအားကျတာနဲ့ စ လည်ပြီး သတ်မှတ်ထားတဲ့ ဖိအားပြန်မရောက်မချင်း လုံးဝရပ်မှာ မဟုတ်ပါဘူး။ sprinkler  head ကလည်း အပူရှိန်ကြောင့် အရည်ပျော်သွားပြီဆိုတော့ ပိုက်ထဲမှာ ရေနဲ့ ဖိအားရှိနေသမျှ ဆက်ပြီး ရေကို ပန်းထုတ်နေဦးမှာပါပဲ။ အဲဒီတော့ ဘယ်လိုပိတ်ရလဲဆိုတော့ မီးငြိမ်းသွားပြီ ဆက်ရေဖြန်းစရာမလိုတော့ဘူးဆိုရင် ခုနက sprinkler valves room ထဲက butterfly valve ကနေ မိန်းပိုက်  main pipe ကို ပိတ်လိုက်ရပါတယ်။ အဲဒီအခါမှာ ပန့်ကနေ မောင်းတင်လိုက်တဲ့ရေဟာ ခုနက ဘားပိတ်ထားတဲ့အတွက် အဲဒီမှာတင်ရပ်သွားပြီး sprinkler ထိရောက်မသွားတော့ပါဘူး။ အဲဒါကြောင့် မိန်းပိုက်ထဲမှာပဲရှိနေလို့ ဖိအားပြန်ပြည့်သွားပြီး ပန့်လည်းရပ်သွားပါတယ်။ ဒါတွေအားလုံးက  control panel  မှာ ပရိုဂရမ်သွင်းပြီးသားဖြစ်ပြီး auto mode မှာထားလိုက်ရုံပါပဲ။ control panel ဆိုတာက အဲဒီပန့်ဖြစ်စေ မော်တာဖြစ်စေ အဖွင့်အပိတ်လုပ်တဲ့ box ပဲဖြစ်ပါတယ်။ သူက လျှပ်စစ်မီးအ၀င်အထွက် စသဖြင့် အချက်ပြမီးတွေ ခလုပ်တွေပါတက်ဆင်ထားပါတယ်။


Pumps များအတွက် Control Panel များ

ဒါမှမဟုတ် ပန့်ကို control panel  ကနေ manual mode ကိုပြောင်းပြီး လူက ပန့်ကို ရပ်လိုက်ရင်လည်းရပါတယ်။ အဲဒီလို sprinkler main pipe ကို ပိတ်လိုက်တော့ ရေတွေ ထပ်မလာတော့ပေမယ့် ရှိနေတဲ့ရေတွေကတော့ ဆက်ကျနေဦးမှာဖြစ်ပါတယ်။ အဲဒီရေတွေကို အခန်းထဲကို မကျစေဘဲ သတ်မှတ်ထားတဲ့နေရာကနေဖောက်ချနိုင်ဖို့အတွက် drain pipe လေးတွေကိုလည်း အထပ်တိုင်း ဒါမှမဟုတ် ဇုန်အလိုက်လည်း ထားရပါတယ်။ အဲဒီပိုက်လေးတွေကနေ ရေဖောက်ချပေးလိုက်ရပါတယ်။ sprinklre point တွေ နေရာရွှေ့ဖို့ ဒါမှမဟုတ် ထပ်တိုးဖို့လိုတဲ့အခါ နဂို ပိုက်ထဲရှိနေတဲ့ရေကို ဖောက်ထုတ်ဖို့ လိုလာတဲ့အခါမှာလည်း ဒီပိုက်လေးကို သုံးပါတယ်။

 Inspector ‘s test drain ပိုက်ဆိုတာလည်း အလားတူပါပဲ။ sprinkler head  လေးကြွေသွားလို့ ရေဖြန်းတဲ့အခါ ပန့်တွေတကယ် အလုပ်လုပ်လား မလုပ်လား အချက်ပေး  alarm သံ တကယ်ထွက်မထွက် inspector က စစ်ဆေးချင်တဲ့အခါမှာ တကယ့် sprinkler head ကို မသုံးဘဲ အဲဒီပိုက်မှာရှိတဲ့ ဘားကနေရေဖွင့်ချလိုက်ရင်လည်း ပိုက်ထဲမှာ ရေဖိအားလျော့သွားမှာဖြစ်လို့  ပန့်က အလုပ်လုပ်ရပါတယ်။ ဒါ့အပြင် ပိုက်ထဲမှာ ရေစီးဆင်းတာနဲ့တပြိုင်နက် အချက်ပေးမယ့် flow switch ကနေ  alarm bell ကို အသံမည်အောင် လုပ်မှာပါ။ ပြီးရင် main panel ကနေတစ်ဆင့် မီးသက်ဌာနအထိ အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။ အဲဒီနည်းနဲ့ စမ်းသပ်နိုင်ဖို့ ဒီပိုက်လေးကို အထပ်တိုင်း ဒါမှမဟုတ် ဇုန်းတိုင်းမှာ တပ်ဆင်ထားလေ့ရှိပါတယ်။ တချို့သော အဆောက်အဦးတွေဟာ လစဉ် ဒါမှမဟုတ် သုံးလတစ်ကြိမ် စသဖြင့် စစ်ဆေးရတာတွေ ရှိပါတယ်။ အဲဒီအချိန်မျိုးတွေမှာ ဒီပိုက်လေးကို အသုံးပြုပြီး system တစ်ခုလုံး အလုပ် လုပ်သလား မလုပ်လားဆိုတာကို စစ်ပါတယ်။


Pump room ထဲမှာ ဒီလိုမျိုး chart လေးကိုထားရှိပေးပါတယ်။ အဲဒီမှာ ဖော်ပြပေးထားတာတွေက ဘယ်ပန့်ဟာ ဘယ်ဖိအားမှာ စ အလုပ်လုပ်ပြီး ဘယ်ဖိအားမှာ စက်ရပ်မလဲဆိုတာကို ပြထားပေးပါတယ်။ ဒီ chart မှာဆိုရင် churning pressure  8.1 bar ဆိုတာက main pump တွန်းတင်နိုင်တဲ့ အများဆုံး ဖိအားဖြစ်ပါတယ်။ အဲဒီဖိအားမှာ main pump က ရပ်သွားမှာဖြစ်ပြီး ထပ်တင်ချင်သေးတယ်ဆိုရင် jockey pump ကို သုံးရမှာဖြစ်ပါတယ်။ ပိုက်ထဲမှာ ဖိအားကို များသောအားဖြင့် 10 bar ၀န်းကျင် ထားလေ့ရှိပြီးတော့ ပိုက်ပေါက်လို့ဖြစ်စေ sprinkler point လေးတွေ ကွဲလို့ဖြစ်စေ ဖိအားကျပြီး 7.4 bar ကိုရောက်တဲ့အခါမှာ အောက်နားမှပြထားတဲ့အတိုင်း jockey pump ကစလည်မှာ ဖြစ်ပါတယ်။ sprinkler burst ဖြစ်တဲ့အခါမှာ ဖိအားက အလျှင်အမြန် ကျဆင်းတာကြောင့် ဖိအားမနိုင်ဘဲ ဆက်ကျပြီး 6.4 bar ကိုရောက်ရင် duty pump စ လည်ပါမယ်။ တကယ်လို့ duty pump လည်နေရဲ့သားနဲ့ ဖိအားက ဆက်ကျနေပြီး 5.1 bar အထိရောက်တဲ့အခါမှာ standby pump ပါ လည်မှာဖြစ်ပါတယ်။

တကယ်လို့ ရေပြန်ဖြည့်တဲ့အခါမှာတော့ အပေါ်ကနဲ့ ပြောင်းပြန်ပါ။ သာမန်ရေဖြည့်တဲ့အခါမှာတော့ jockey pump နဲ့သာ ဖြည့်တက်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုပန့် ၂ ခုက ရေတင်အားပြင်းတဲ့အတွက် sprinkler head လေးတွေ ကွဲမှာကို စိုးရိမ်ကြလို့ပါ။ churning pressure ကို working pressure အောက် 2 bar လောက်ခွာထားတာလည်း အဲဒီရည်ရွယ်ချက်ပါပဲ။

ခု sprinkler  စနစ် အလုပ်လုပ်ပုံကို ကြည့်လိုက်တာနဲ့ မီးသေသလို အနားမှာ ရှိတဲ့ပစည်းတွေလည်း ရေကြောင့် ဘယ်လောက်ပျက်စီးနိုင်မလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ အထူးသဖြင့် ရေထိရင်ဖြစ်စေ ဒါမှမဟုတ် မသန့်ရှင်းတာ တစ်ခုခုဝင်တာနဲ့ product တွေ အကုန်ပျက်စီးနိုင်တဲ့ ပစည်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ သိုလှောင်ရုံတွေဆိုရင် တော်တော် ထိခိုက်နိုင်ပါတယ်။

အဲဒါကြောင့် ရေနဲ့အတူ တွဲသုံးဖို့ foam system လို့ခေါ်တဲ့ ရေမြှုပ်စနစ်ကိုပါ အသုံးပြုလာကြပါတယ်။ ပိုက်ထဲကို ရေနဲ့အတူ အမျြှပ်တွေပါပါသွားပြီး မီးသက်တာဖြစ်လို့ ဘေးပတ်ဝန်းကျင်ကို ရေးစီးတာတွေ အထိုက်အလျောက်သက်သာသွားနိုင်တာမို့ ဒီစနစ်ကို သုံးကြတာလည်း ဖြစ်ပါတယ်။ ဥပမာ မင်စက်ရုံတွေမှာဆိုရင် ရေကြောင့်မင်အရောင်တွေ ပျံ့ကုန်မှာရယ် မင်ရေတွေ ရေမြောင်းတွေထဲ sewage line တွေထဲ ရောက်သွားမှာ စိုးတဲ့အတွက် ဒီစနစ်ကို သုံးကြတာတွေ့ရပါတယ်။ ရေမြှုပ်ကန် foam tank or bladder tank ထဲက ရေမြှုပ်တွေကို ကိုယ်သုံးချင်တဲ့ control valve ဒါမှမဟုတ် main pipe ထဲကို တိုက်ရိုက်ဆက်ထားပြီး main pipe ထဲရေစီးတာနဲ့ ရေမြှုပ်တွေပါ ၀င်လာပြီး ရောနှောကာ မီးသတ်ခေါင်းတွေဆီကို သွားပါတယ်။


Foam tank or bladder tank

ဒီ sprinkler system ရဲ့ အဓိက အားသာချက်က မီးလောင်တာနဲ့တပြိုင်နက် အလိုအလျောက် မီးငြိမ်းသက်ပေးတာဖြစ်တယ်ဆိုတာ အပေါ်မှာ ကျွန်တော်ရှင်းပြခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ နောက်ဆုံးမီးသေလို့ ရေပိတ်တာက လွဲရင် လူလုပ်ပေးရတာ ဘာတစ်ခုမှ မရှိပါဘူး။ အကုန်လုံး သူ့ဘာသာသူ အကုန်လုပ်သွားတာပါပဲ။ ဒါပေမယ့် ငလျင်လုပ်ပြီး မီးလောင်တာမျိုးတို့လို သဘာဝဘေးအနရယ်တွေနဲ့ တွဲပြီးလောင်တဲ့အခါမှာ ရေပိုက်တွေ ပျက်စီးကုန်လို့ မီးသက်စရာ ရေမရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မီးသက်ရေလှောင်ကန်တော့ (sprinkler tank) အဆင်သင့် ရေအပြည့်ဖြည့်ပြီး ပြင်ထားရပါတယ်။ ကန်ရဲ့ အရွယ်အစားက အဆောက်မီးသက်စနစ်အတွက် 2 နာရီစာ ရေသိုလှောင်နိုင်ရပါမယ်။

အဲဒီတော့ ပြန်ချုပ်ကြည့်မယ်ဆိုရင် sprinkler system ဟာ sprinkler tank  ကနေ စတင်ပါတယ်။ ဒီ sprinkler tank ဟာ အဆောက်အဦးတစ်ခုလုံးမှာ ရှိတဲ့မီးသက်စနစ်တွေရဲ့ ၂ နာရီစာ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရပါမယ်။  sprinkler tank ကနေ ရေတွေကို  sprinkler control valve room ထဲကို ပို့ဖို့  pump room တွေ pumpတွေ လိုပါတယ်။  sprinkler control valve room တွေဟာ မီးသက်သမားတွေ အလွယ်တကူ အသုံးပြုနိုင်ဖို့အတွက် မြေညီထပ်မှာပဲ ရှိရပါမယ်။  sprinkler tank ကနေ sprinkler valve room မှာ ရှိတဲ့  sprinkler main pipe တွေအားလုံးအတွက် ပိုက်တစ်ခုတည်း ဆင်းလာတာဖြစ်ပါတယ်။ main pipe တွေမှာ flow switch. Flow sensor. Pressure gauge flow meter  အဲဒီကနေ  brunch pipe တွေဆီခွဲ။ နောက်တစ်ဆင့်မှာ sprinkler point တွေဆီရောက်။ ဒီလိုတွေ့ရမှာဖြစ်ပါတယ်။

1.(b) Sprinkler (dry system)
ပုံမှန်အပူချိန် ၅ ဒီဂရီ စင်တီဂရိတ်နဲ့အောက် အေးတဲ့ဒေသတွေမှာတော့ wet system ကသုံးလို့မဖြစ်ပါဘူး။ ပိုက်ထဲကရေတွေ အကုန်ခဲကုန်တော့မှာဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ dry system ကိုသုံးရပါတယ်။ အကုန်အတူတူပါပဲ။ ကွာတာ ၁ ခုပဲရှိပါတယ်။ ပိုက်ထဲမှာ ရေမရှိဘဲ လေပဲဖြည့်ထားတာဖြစ်ပါတယ်။ ထိပ်ဖူး sprinkler head မှာရှိတဲ့ bulb လေး အပူကြောင့်ကွဲတာနဲ့ အထဲမှာဖြည့်ထားတဲ့ လေဖိအားလျော့ကျသွားပြီး ပန့်ကို အလုပ်လုပ်စေဖို့ fire alarm system ကို အချက်ပေးမှာဖြစ်ပါတယ်။ ပိုက်ထဲကလေတွေလျော့သွားမှ ရေက၀င်လာလို့ရမှာဖြစ်လို့ မီးငြိမ်းသတ်ရာမှာ wet system ထက် နှောင့်နှေးမှုတွေရှိပါတယ်။ နောက်တစ်ခုက  ပိုက်ထဲမှာ လေတွေ ရေတွေနဲ့ ဆက်စပ်နေရတဲ့အတွက် သံချေးတက်ပြီး ပိုက်ပေါက်တာတွေ ပိုအတွေ့ရများပြီး ပြုပြင်ထိန်းသိမ်းခလည်း ပိုကုန်ကျတက်ပါတယ်။

1.(c) Sprinkler (deluge system)
Deluge system ဆိုတာကတော့ dry system လို့ ပြောလဲ ရပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က မတော်တဆမှုတစ်ခုခုကြောင့် sprinkler head မှာ ရှိတဲ့ bulb လေးကွဲပြီး ရေတွေကျလို့ မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ မရှိစေချင်လို့ ဖြစ်ပါတယ်။ မီးမြန်မြန်ကူးစက်လောင်ကျွမ်းနိုင်တဲ့ နေရာအဆောက်အဦးမျိုးတွေမှာလည်း သုံးပါတယ်။  သူ့ကိုသုံးမယ်ဆိုရင်တော့ smoke detector, heat detector လိုမျိုးတွေနဲ့ တွဲသုံးရပါတယ်။ အဲဒီ smoke deterctor (မီးခိုးငွေ့ အာရုံခံကိရိယာ), heat detector (အပူအာရုံခံကိရိယာ) တွေကနေ မီးခိုးတို့ အပူတို့ကို အာရုံခံပြီး fire alarm အချက်ပေးတာကို ရရှိတဲ့အခါမှာ ပန့်ကိုအလုပ်လုပ်စေပြီး ရေကို မောင်းတင်ပေးတာဖြစ်ပါတယ်။

ဒီအာရုံခံကိရိယာတွေကို သုံးထားတာဖြစ်လို့ ဒီစနစ်မှာသုံးတဲ့ sprinkler တွေရဲ့ head  ထိပ်ဖူးမှာ bulb လေးတွေမရှိတော့ ပါဘူး။ ပန့်ကမောင်းတာနဲ့ ရေတန်းကျပြီး မီးငြိမ်းသတ်ပေးမှာဖြစ်ပါတယ်။ sprinkler head တွေမှာ bulb လေးတွေမရှိတဲ့အတွက် ပန့်ကမောင်းပြီးဆိုတာနဲ့ sprinkler head တွေအားလုံးကနေ ရေတွေပန်းထွက်လာမှာဖြစ်ပါတယ်။ ဆိုလိုတာက လောင်တဲ့နေရာရော မလောင်တဲ့နေရာရော အကုန်တပြိုင်နက် ရေတွေကျနေမှာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း များသောအားဖြင့် smoke detector, heat detector တွေအများကြီးတက်ဆင်ထားပြီး အနည်းဆုံး ၂ ခုလောက်ဆီက အချက်ပေးမှသာ ပန့်ကို မောင်းတင်ခိုင်းတက်ပါတယ်။ တစ်ခုတည်းဆိုရင် မသေချာမှာစိုးလို့ပါ။

Sprinkler head for deluge syst