Saturday 16 August 2014

Building Management System (BMS) (3)

BMS for Fire Protection System

Fire Protection system အတွက် BMS points တွေမှာတော့ သိပ်အများကြီး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဂိုကတည်းက စောင့်ကြည့်နေတဲ့ Main Alarm Panel တို့လိုတွေ ရှိနေပြီးသားဖြစ်လို့ပါပဲ။ ဒါပေမယ့် သူက အရေးကြီးဆုံး ဖြစ်တဲ့အတွက် စောင့်ကြည့်ရမယ့် အချက်တွေ ရှိပါတယ်။

Fire Protection System တွေထဲက sprinkler system နဲ့ hosereel system တွေကို BMS နဲ့ စောင့်ကြည့်မှာ ဖြစ်ပါတယ်။





Sprinkler system အတွက်ဆို


  1. Sprinkler water tank ရေပမာဏ အမြင့်/အနိမ့် (high/low level)
  2. Electric Pump Status (run/off)
  3. Electric Pump control panel breaker status (normal/off)
  4. Diesel Pump Status (run/off)
  5. Diesel Pump Common Alarm (Normal/Alarm)
  6. Jockey Pump Status (run/off)
  7. Jockey Pump status (normal/trip)
ဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကိုလည်း SMS နဲ့ သက်ဆိုင်တဲ့သူတွေဆီကို မက်ဆေ့ပို့ပေးနေမှာဖြစ်ပါတယ်။ ဥပမာ sprinkler tank ထဲမှာ ရေနည်းနေရင် ဒါမှမဟုတ် ရေလျှံနေရင် မော်နီတာမှာ alarm warning ပေါ်နေမှာ ဖြစ်သလို SMS လည်းပို့ပေးမှာ ဖြစ်ပါတယ်။ Electric pump လည်ရင်ဖြစ်စေ ပန့်ကို ထိန်းချုပ်တဲ့ control panel မှာ လျှပ်စစ်အ၀င် breaker ကို ပိတ်ထား (off) လိုက်ရင်ဖြစ်စေ alarm မည်ပြီး မက်ဆေ့လည်း ပို့ပေးမှာ ဖြစ်ပါတယ်။ တခြား ပန့်တွေလည်း အလားတူပဲဖြစ်ပါတယ်။


နောက် hosereel system ကိုကြည့်ရင်လည်း အလားတူပဲ
  1. Hosereel Pump 1 status (run/off/trip)
  2. Hosereel Pump 2 status (run/off/trip)
  3. Hosereel Pump control panel breaker status (on/off)

ဒီအချက်တွေအတွက်လည်း sms မက်ဆေ့ပေးပို့ သွားမှာ ဖြစ်ပါတယ်။

1 comment:

  1. 3D Iron Quartz - Titanium Arts
    The ceramic vs titanium 3D Iron Quartz is best titanium flat iron a graphite-forming crystal titanium uses structure which has been used in the production edge titanium of titanium cerakote iron chips and crystal chips. The 3D Iron Quartz is

    ReplyDelete